Author's Profile Photo

Hein Zaw

26/06/2024

ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾

1 min read
Business
General Knowledge
Finance
ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ
◾'s photo


လူတွေဟာ ဘ၀မှာ ငယ်ငယ်တုန်းက လူကြီးဖြစ်ချင်ခဲ့ကြသလို ကြီးလာတဲ့အခါ ပြန်ငယ်ချင်ကြပြန်တယ်။ ငယ်ငယ်တုန်းက လူကြီးဖြစ်ချင်တာကတော့ လူကြီးဖြစ်ရင် လူကြီးတွေလုပ်တာတွေလုပ်ခွင့်ရမယ်၊ လူကြီးတစ်ယောက်ရဲ့ ပါဝါရှိမယ်၊ မလုပ်ဖူးသေးတာတွေ လုပ်ခွင့်ရမယ်ဆိုတဲ့စိတ်ကြောင့်ပေါ့။ လူကြီးဖြစ်တဲ့အခါ ပြန်ငယ်ချင်တာကတော့ နုပျိုတဲ့ဘ၀ကို ပြန်လိုချင်တာ၊ ကျန်းမာတဲ့ဘ၀ကို ပြန်ရောက်ချင်တာ၊ စိတ်ပူပန်စရာနည်းတဲ့ဘ၀ကို ပြန်ပိုင်ဆိုင်ချင်တာ စသဖြင့်ပေါ့။ အဲဒီထဲမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုနည်းတဲ့ဘ၀ကို ပြန်လိုချင်တာကတော့ ပိုပြီးအဓိကကျတယ်လို့ပြောလို့ရမယ်။

လူဟာ အသက်ကြီးလာလေ လောက်အတွေ့အကြုံ၊ လောကဒဏ်ရိုက်ခတ်မှုဒဏ် ပိုခံလာရတဲ့အတွက် စိတ်ပူစရာ၊ စိတ်ဖိစီးစရာ ပိုများလာတယ်။ ငွေကြေးပြဿနာ၊ မိသားစုပြဿနာ၊ ကျန်းမာရေးပြဿနာ၊ လူမှုရေးပြဿနာ စသဖြင့် ပြဿနာမျိုးစုံရှိနိုင်တယ်။ Steve Maraboli ပြောတဲ့စကားလေးရှိတယ်။ “ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ပိုသန်မာလာပြီး ခံနိုင်ရည်ပိုရှိလာတာ” တဲ့။

ဘ၀က ခံနိုင်ရည် (Resilience) မရှိရင် မလွယ်ဘူး။ လက်ရှိမြန်မာပြည်မှာ လူဖြစ်နေသူတွေ ဒါကို ပိုသ

Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုလူလတ်တန်းစားထောင်ချောက်ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုးချမ်းသာဖို့အတွက် ဘာလိုသလဲ"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။ချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခု

Unlock to read this premium article with 100 points.