Author's Profile Photo

Hein Zaw

25/06/2024

Personal Budget အတွက် 50/30/20 Rule ◾

1 min read
Business
General Knowledge
Finance
Personal Budget အတွက် 50/30/20 Rule 
 ◾'s photo


ကိုယ့်ရဲ့ ဝင်ငွေ၊ ထွက်ငွေ ဘတ်ဂျက်ဆွဲတာနဲ့ပတ်သက်ရင် ဘယ်နှပုံပုံပြီး ဘယ်လောက်ကို သုံး၊ ဘယ်လောက်ကိုစု၊ ဘယ်လောက်ကို လူမှုရေးအသုံးစရိတ်ထားဆိုပြီး အမျိုးမျိုး ပြောကြတယ်။ ဘတ်ဂျက်နဲ့ပတ်သက်ရင် လူပြောများတဲ့နည်းတစ်ခုက 50/30/20 Rule ဖြစ်ပါတယ်။ ဒီ Rule က Elizabeth Warren နဲ့ Amelia Warren Tyagi တို့ ပူးတွဲရေးသားထားတဲ့ “All Your Worth: The Ultimate Lifetime Money Plan” စာအုပ်ထဲက နည်းဖြစ်ပါတယ်။

ဒီ Rule မှာ ကိုယ့်ရဲ့ဝင်ငွေပေါ်မှာအခြေခံပြီး Needs, Wants နဲ့ Financial Goals ဆိုတဲ့ အုပ်စု သုံးခုအတွက် ရာခိုင်နှုန်းခွဲထားတယ်။

50% to Needs (အခြေခံလိုအပ်ချက် - ၅၀ ရာခိုင်နှုန်း)

ကိုယ့်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို အခြေခံလိုအပ်ချက်အတွက်ကို သုံးပါတဲ့။ အခြေခံလိုအပ်ချက်ဆိုရာမှာ နေ့စဉ်အသက်ရှင်သန်ဖို့အတွက်လိုအပ်တဲ့ စားဝတ်နေရေးကုန်ကျစရိတ်ကိုဆိုလိုတာပါ။ ဒီထဲမှာ အိမ်ငှားခ၊ လျှပ်စစ်၊ သွားလာစရိတ်၊ ကလေးစရိတ် စတဲ့ကုန်ကျစရိတ်တွေလည်း အကျုံးဝင်ပါမယ်။

30% to Wants (အလိုအဆန္ဒဖြည့်ဆည်းမှု - ၃၀ ရာခိုင်နှုန်း)

ဒါကတော့ အသက်ရှင်သန်ရပ်တည်ရေးအတွက် တကယ်အခြေခံမကျပေမဲ့ လူတစ်ယောက်အနေနဲ့ လိုချင်တာလေးတွေအတွက်ကုန်ကျစရိတ်ဖြစ်ပါတယ်။ ဥပမာ- ဝါသနာအတွက် အသုံးစရိတ်၊ အပန်းဖြေခရီးထွက်တာ၊ အပြင်ထွက်ပြီးစားသောက်တာ၊ Entertainment အတွက် လစဉ်ကြေး စတဲ့ကုန်ကျစရိတ်တွေ

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု မြေဝယ်မယ်ဆိုလျှင် ဘယ်အချက်တွေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်ရမလဲ ရွှေဆိုတာအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလား ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခု

Unlock to read this premium article with 100 points.