Author's Profile Photo

Thar Htoo-Be Unique

25/06/2024

ဘယ်လောက်ထိ အမြင်ကျယ်ပေးနိုင်မလဲ?

1 min read
Personal Development
Education
General Knowledge

ဘ၀မှာ အရာတွေအပေါ်
တထစ်ချတွေးထားတဲ့အခါ
မိမိထင်ထားသလိုမဖြစ်နေတဲ့အခါ
ပူလောင်မှုတွေက ကိုယ့်ဆီကိုသာ
ကျရောက်လာလေ့ရှိပါတယ်။

ဘယ်အရာမှ ကွင်းလုံးကျွတ်မမှန်နေလို့တထစ်ချ
ယုံကြည်နေတာထက် ဖြစ်နိုင်ခြေဆိုတဲ့
အခန်းငယ်လေး၊ အလားအလာဆိုတဲ့
နေရာလေး ဖယ်ထားသင့်ပါတယ်။

ငယ်စဥ်က ကျောင်းတွေမှာ ဒါဟာအမှန်၊
ဟိုဟာအမှားဆိုတာတွေနဲ့ ယဥ်းပါးခဲ့ရပြီး
ေ၀ဖန်ပိုင်းခြားမှုတွေ၊ ဆွေးနွေးမှုတွေ၊
မလုပ်ခဲ့ရတဲ့အခါ တဖက်သူတွေရဲ့အမြင်၊
အတွေး၊ လုပ်ရပ်တွေအပေါ် ရှုထောင့်မျိုးစုံက
ကြည့်ပေးဖို့ခက်ခဲစေပါတယ်။

နိုင်ငံအပြင်ဘက်ထွက်တာမျိုးမလုပ်သေးနိုင်တောင်
ကိုယ့်နိုင်ငံရဲ့မတူညီတဲ့ဒေသတွေကိုသွားပြီး
လေ့လာဆန်းစစ်ကြည့်တဲ့အခါ ကိုယ်သိထားတာ
ကိုယ်ထင်ထားတာတွေနဲ့ ကင်းကွာနေတာမျိုး
ဖြစ်နေတတ်ပါတယ်။

ဘ၀မှာ ဖြစ်ပျက်နေတဲ့အရာတွေက
ဘယ်သူမှ အစအဆုံးမသိတာကြောင့်
သိသလောက်နဲ့မောင်းနှင်နေ
ကြတာချည်းဖြစ်လို့ အမှားအမှန်တွေအပေါ်
သည်းကြီးမည်းကြီး မတွယ်ဖက်ထားဘဲ
ကိုယ့်အမြင်သူ့အမြင်တွေ တန်းတူရှိနေပါလား
ဆိုတာကို ထည့်သွင်းမြင်နိုင်ပေးပြီး
ဘ၀မှာ မတူတာတွေကို နေ့စဥ်နဲ့အမျှ
လေ့လာသွားဖို့တာ၀န်ရှိပါတယ်။

လူတွေရဲ့ခံယူချက်တွေ၊ ဆုတ်ကိုင်ထားတာတွေ
အပေါ် အပြစ်မမြင်ဘဲ လေ့လာပြီး
မိမိအနေနဲ့ ဘယ်လောက်ထိ
သဘောထားကြီးပေးနိုင်သလဲ
ဆိုတာကိုသာ မေးခွန်းထုတ်သွားကြည့်ပါ....။

@top fans
Thar Htoo-Be Unique
B'UNIQ-Coaching

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း