Author's Profile Photo

Thar Htoo-Be Unique

23/06/2024

2021အထိကျွန်တော်သေချာမသိသေးတဲ့သော့ချက်တစ်ချက်

2 mins read
Personal Development
Education
General Knowledge

၂၀၂၁ ခုနှစ်မတိုင်ခင်ထိကျွန်တော်ဒီအချက်ကိုမသိရှိခဲ့သေးဘူး...ကာရံထားခံရတဲ့ အသိုက်အ၀န်း၊ မိတ်ဆွေတွေကြောင့်လဲပါတယ်...

ဒီအရာကို မသိလို့ ဘာမှ အလုပ်မဖြစ်နေခဲ့ဘူး...၊ တနည်းအားဖြင့် ပိတ်ဆို့နေခဲ့တဲ့သကာလ...၊
တစ်ခုခုဆိုရင် နိုင်ငံရေးကြောင့်၊ စီးပွားရေးကြောင့်၊ ရာသီဥတုကြောင့်စတဲ့ အပြင်ကဖြစ်ပျက်တာတွေက ကိုယ့်အပေါ် လာဖြစ်နေတာလို့ မှတ်ယူတယ်...၊

ဖြစ်ပြန်ပြီးလား...၊ လာပြန်ပြီးလား...၊ သူ့ကြောင့်ငါ့ဘ၀ဒီလိုဖြစ်ရတယ်...၊ ငါကံဆိုးလိုက်တာ...၊ ဘယ်တော့များကံကောင်းပါ့တော့မလဲ?

ဖြစ်ပေါ်လာတဲ့ အရာမှန်သမျှ ဟာ သူတို့ကြောင့်ပဲ ဖြစ်နေတာ...၊ ကိုယ်ကခံရတဲ့သူဘက်က...၊ ဘေးကလူတွေကလည်း ဒီလိုတွေပဲ ဆိုတော့ ဟုတ်လှချည်လား...၊ ကိုယ်ကပဲမှန်နေတာ...၊ သူတို့လဲ ဒီလိုပဲမြင်နေတာ...၊

ဒါပေမဲ့...၂၀၂၁ သြဂုတ်လောက်ကနေကျွန်တော်တစ်ယောက် ဆရာမိုးရှင်း ဆီကနေ ကြားသိခဲ့ရတဲ့ Clubhouse အသံချင်းချိတ်ဆက်တဲ့ ပလပ်ဖောင်းပေါ် ကိုရောက်သွားပြီးကတည်း ဘေးက ကျွန်တော်ကြားခဲ့ရတဲ့ စကားမျိုးတွေ မဟုတ်နေဘူး...၊ တကယ့်ကိုယ့်အတွက်ရှာနေတဲ့ မရှင်းနေတဲ့ အဖြေလိုချင်နေတဲ့အရာတွေ...၊

တစ်ခုခုတော့တစ်ခုခုပဲ၊ ကိုယ့်နားမှာပြောနေဆိုနေတဲ့သူတွေက သာမန်မဟုတ်ပဲ နယ်ပယ်တစ်ခုကလာတဲ့ ဆရာသမားတွေပါလား...ဆိုပြီး သဘောပေါက်သွားခဲ့တယ်။

တကယ်လည်းကျွန်တော်သူတို့ကို သေချာမသိဘဲ သူတို့နဲ့ဖက်လဲတကင်း မေးခွန်းတွေမေးတယ်၊ ပြောတယ်၊ ဆိုတယ်၊ စကား၀ိုင်းတွေမှာပါ၀င်တယ်...၊ နောက်တော့အပြင်မှာ ကြားသိရတာက သူတို့က

အောင်မြင်နေကြတဲ့ ပရော်ဖက်ရှင်နယ်တွေ...၊ It was just wow to me!ဒီလူတွေထဲမှာတွေ့ရတဲ့ထူးခြားချက်က သူတို့က ဘ၀ကိုအချိန်တစ်ခုဖြတ်သန်းပြီး ခဲ့ကြပြီးပြီး၊ အဖြူအမည်းတွေကို အတော်လေးသိထားပြီး၊ ကိုယ်ပိုင် လုပ်ငန်းတွေ
လည်ပတ်နေကြပြီး စတဲ့ တိုးတက်မှုတွေကိုဖန်တီးနေနိုင်တဲ့ လူတွေပေါ့လွယ်အောင်ပြောရရင်၊

တူညီတဲ့အချက်တွေက သူတို့ဟာ အတိတ်ဆိုးတွေ၊ အဖြစ်အပျက်ဆိုးတွေကို ကျော်ဖြတ်ခဲ့ကြဖူးပြီး
အတွေ့အကြုံရင့်နေကြပြီး၊ မှောင်မည်းနေတဲ့ တူးမြောင်းရဲ့အလွန်အလင်းတန်းတွေရှိရာကိုရောက်သွားကြပြီး...။ ဘ၀မှာဖြစ်ပျက်လာတဲ့အခြေအနေတွေကြား ရင်ကော့နေနိုင်နေပြီး

ဒီ့နောက်ကွယ်မှာတော့ တစ်ခုခုတော့ရှိရမယ်လို့ကျွန်တော်တွေးခဲ့တယ်...။

ဘာများဖြစ်မလဲ...?

ဟမ်း....

စိတ်၀င်စားဖွယ်ကောင်းတဲ့တစ်ခုခုဖြစ်မလား...?
ဒီလိုနဲ့ ကျွန်တော်ရှာဖွေတွေ့ရှိခဲ့လိုက်တာကတော့...တကယ်တော့သူတို့ဟာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုအပြစ်မတင်တော့ပဲ သူတို့ရဲ့တာ၀န်ကို သူတို့စယူလိုက်ကြတာပါပဲ....။

သူတို့လုပ်နိုင်တဲ့အရာတွေကု သူတို့လုပ်နေပြီး၊ သူတို့မထိန်းချုပ်နိုင်တဲ့အရာပေါ်မှာအပြစ်မတင်နေတောဘဲ လုပ်စရာရှိတာလုပ်နေပြီး...။

Amazing!!

ကျွန်တော်ရှာဖွေနေခဲ့တဲ့အဖြေတွေတွေ့ပြီး...!
တကယ်ပါ...။ ကျွန်တော့်ရဲ့ယခင် ကာရံထားခဲ့တဲ့ ပတ်၀န်းကျင်က ကျွန်တော်သွားချင်တဲ့နေရာတွေကို မပံ့ပိုးနိုင်ပါလားဆိုတာတွေ့ပြီး...၊ အခုတော့တကယ် ကိုယ်ကာရံချင်တဲ့ လူတွေ၊ အသိုင်းအ၀ိုင်းတွေရပြီး...၊

၀မ်းသာခဲ့တယ်၊ ပျော်ခဲ့တယ်၊ နောက်ဆုံးတစ်ချို့သော သူတို့နဲ့ လက်တွဲနိုင်ခဲ့တယ်၊ သူတို့ဆီက လေ့လာသင်ယူခဲ့တယ်...၊ သူတို့လမ်းပြတာတွေကို မှတ်သားခဲ့တယ်၊သူတို့ လျှောက်လှမ်းနေတာကို စံနမူနာယူခဲ့တယ်၊

'ငါပြောင်းလဲမှုလုပ်ရတော့မယ် ဆိုတဲ့အသိကြီးရသွားပြီး' 'ငါ့ရဲ့တာ၀န်ကိုငါစတင်ယူရတော့မယ်ပါလားဆိုတာကိုသဘောပေါက်သွားပြီး' တကယ်ပါ...၊ ၂၀၂၁ မတိုင်ခင်ကျွန်တော်နဲ့ ထိုနှစ်အလွန်ကျွန်တော်နဲ့ အတော်လေးကွာသွားတာကိုတွေ့ခဲ့ပြီး...။ ကျွန်တော်ဘာမဆိုလုပ်မယ် (လုပ်သင့်တာတွေ)...၊ချမယ်...၊ သင်ယူမယ်...၊ တွက်ချက် စွန့်စားမှုယူမယ်၊ အသက်ရှင်နေသရွေ့နောင်တမရအောင်လုပ်မယ်၊ စတဲ့မိမိရဲ့တာ၀န်တွေကိုစတင်ယူပြီး ၂၀၂၁နောက်ပိုင်းကနေ ခရီးနှင်ခဲ့တာ အခု ၂၀၂၄ အထိတိုင်ပါပဲ....။ ဒါဟာတပတ်၊ တလ၊ တနှစ်နဲ့ မပြီးဘဲ

နေ့စဥ်မှန်မှန် တစ်နေ့တာကိုအကောင်းဆုံးဖြတ်သန်းနေဖို့လိုပါတယ်...။ ဒီဖြစ်ရပ်လေးကိုကျွန်တော်ပြန်စဥ်းစားမိရာကနေ အခုလိုအကျိုးရှိစေမယ်လို့ ယုံကြည်တဲ့အတွက်

ပြန်လည်မျှ ေ၀ပေးရခြင်းဖြစ်တယ်...။ တကယ်မို တီတွေရအောင်ရေးပြတာမဟုတ်ဘဲ အမှန်တကယ် အရာတွေ ကို သင်ခန်းစာရစေဖို့ ပြောပြရခြင်းသာဖြစ်တယ်...။ အရာတွေကိုမပြောင်းလဲဘဲ မိမိကိုယ်ကိုယ်စတင်ပြောင်းလဲပြီးအောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်နိုင်မှာအသေအချာပါပဲ။

နှေးတာမြန်တာ ထက် မှန်မှန်နဲ့လုပ်သွားကြည့်ပါ...။

(အထက်ပါစာစုတိုအား အပတ်စဥ်တင်ဆက်သည့် စာစောင်မှကူးယူဖော်ပြထားပါတယ်။ အပတ်စဥ်စနေနေ့တိုင်း ဘ၀တွက်တာ မှတ်သားစရာလေးတွေကို အခမဲ့ရယူဖို့ အောက်ပါလင့်ခ်တွင် subscribe လုပ်ထားနိုင်ပါပြီးဗျာ) https://tharhtoobeunique.ck.page/647621db40

@top fans
Thar Htoo-Be Unique
B'UNIQ-Coaching

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးCambridge English Examအချိန်ဆွဲတဲ့အကျင့်ဆိုးအချိန်ဆွဲတာကိုကုစားမယ် အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း