Author's Profile Photo

သင်္ကေတ

22/06/2024

တကယ်ပြီးသွားမှာလား? Really End?

2 mins read
Personal Development
General Knowledge
18 Again
တကယ်ပြီးသွားမှာလား? Really End?'s photo

ကျွန်မ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ ကျွန်မ မကြိုက်တဲ့ စကားသုံးလေးခွန်းရှိတယ်။ ကိုယ်တိုင်ကိစ္စတစ်ခုခုကို အဆင်မပြေတဲ့အခါ ပြောလေ့ရှိကြတယ်။ ဥပမာ- စိတ်ညစ်လိုက်တာ၊ဘာလဲမသိဘူး၊ သေချင်တယ်၊ သေပြီ စသဖြင့်ပါ၊ အဲ့တာတွေက ကိုယ့်အတွက် တကယ် မကောင်းစေတဲ့ စကားလုံးတွေပါ။

အဲ့ထဲကမှ ကျွန်မ စကားလုံးတစ်လုံးကို ထုတ်ပြီး အကျယ်ချဲ့ပြောချင်ပါတယ်။

  • သေချင်တယ် ဆိုတဲ့ စကားပါ၊ ထပ်ပြီး သူ့နောက်ကနေ ငါသေသွားရင် အကုန်အေးချမ်းသွားမှာလို့ ပြောကြတာပါ၊ ငါသေသွားရင် ဘာမှမသိတော့ဘူး၊ အကုန်ပြီးသွားပြီလို့ ထင်တတ်ကြတယ်။

အဲ့တာကို စိတ်အဆင်မပြေခင်၊ ဒေါသထွက်နေတဲ့ချိန်ပြောကြတယ်၊

  • တကယ်လို့ ကိုယ့်စိတ်အဆင်ပြန်ပြေတဲ့အချိန် အဲ့စကားလေးကို ပြန်စဉ်းစားစေချင်တယ်။


"ငါတကယ်ပဲ သေရင် အရာအားလုံးပြီးသွားမှာလား" ဆိုပြီး ကိုယ့်ဟာကိုယ် မေးခွန်းပြန်မေးကြည့်ပါ။
ကိုယ့်ဟာကိုယ်ဖြေနိုင်ပြီဆို အဲ့စကားကို ဘာပဲဖြစ်လာဖြစ်လာ သုံးတော့မဟုတ်ပါဘူး။✌?

?.တကယ်တော့ ကျွန်မတို့ သေသွားရင် အရာအားလုံးကမပြီးသွားပါဘူး၊ နောက်ဘဝဆိုတာ ထပ်ရှိပါသေးတယ်၊ ကိုယ်အခုဘဝမှာ ဖြစ်ခဲ့တာပဲဖြစ်ဖြစ်၊ ကြုံရတာပဲဖြစ်ဖြစ် အဆင်မပြေတာတွေက အခုဘဝသေသွားတုန်းအခိုက်အတန့်မှာပဲ ပြီးသွားမှာပါ။နောက်ဘဝရောက်ပြီး လူပြန်မဖြစ်ဘဲ တခြားဘုံဘဝတွေရောက်ရင် ဒုက္ခဆိုတဲ့အရာက ပြန်တွေ့နေရမှာပဲ၊ သံသရာကမပြီးဘဲ လည်နေမှာပါ။ နောက်ဘဝရှိတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါလိမ့်မယ်။

? သေတယ်ဆိုတာ ကိုယ့်ဘဝကို အရှုံးပေးလိုက်တာပါ၊ မသေဘဲကျန်ရစ်နေနိုင်သူမှ အောင်နိုင်သူပါ၊ ဂိမ်းတွေထဲမှာ ကစားသလိုပါပဲ။ ဂိမ်းပြိုင်ပွဲတွေ ကစားကြတယ်၊ ကစားတဲ့အခါ ပြိုင်ပွဲဝင်တွေအချင်းချင်း ယှဉ်ပြိုင်ကျရတယ် အဲ့မှာ နောက်ဆုံးကျန်ခဲ့တဲ့သူက နိုင်တာပဲ၊ အခုဒါက ကျွန်မတို့ ဘဝကစားပွဲ။ဘဝကစားပွဲမှာတော့ ဘယ်သူနဲ့မှမပြိုင်ပါနဲ့၊ ကိုယ့်ဟာကိုယ်ပဲပြိုင်ပါ၊ ကိုယ်ဒီနေ့ရှင်သန်နေနိုင်ရင် ကိုယ့်တွက် အမြတ်ပဲ၊ ကိုယ်ရှင်သန်နေနိုင်တဲ့ရက်မှာမှ ကိုယ့်တွက် အကျိုးရှိတာ၊ ပညာ၊ဥစ္စာ၊ကုသိုလ် တစ်ခုခုရလိုက်ရင် ပိုမြတ်ပါတယ်၊ တကယ်လို့ ကိုယ်က အဲ့လိုမဟုတ်ဘဲ အဆင်မပြေစရာကြုံလာတိုင်း ကိုယ့်ဟာကိုယ် သေချင်တယ်ပဲ ပြောနေတယ်ဆိုရင် ကိုယ်ရှုံးပါပြီ။

စာရေးဆရာခက်ဇော် ရေးသားထားတဲ့ The Guys of Rangoon 1930 စာအုပ်ထဲမှာ ဇာတ်ကောင် ဂန္ဓာမာသောင်းရီ ပြောတဲ့ စကားတစ်ခွန်းရှိတယ်။ ဘာလဲဆိုတော့
"သေရဲတယ်ဆိုတာ အပြောသာလွယ်တာ၊ သေပြီးရင် ရှုံးသွားတာကွ၊ မသေအောင်နေမှ နိုင်တာ မင်းသိလား...."
ဆိုပြီး ပြောထားတာပါပါတယ်။ သေမယ်လို့ ပါးစပ်ကနေ လွယ်လွယ်လေးပြောလိုက်ကြတာပါ။ တကယ့်လက်တွေ့ သေဆို၊ သေဖို့ကို ကြောက်နေကြတဲ့လူတွေ အများကြီးပါ။ တကယ်ကိုယ့်ဟာကိုယ်သတ်သေသွားတဲ့လူတွေကတော့ တကယ်ဘဝကြီးကို အရှုံးပေးသွားတာပါ။

ကျွန်မတို့ အခုလူ့ဘဝသို့ ရနေတဲ့အချိန်အတိုင်းအတာခဏလေးမှာ ဘာပဲဖြစ်လာဖြစ်လာ ရင်ဆိုင်နေနိုင်အောင် ကြိုးစားရပါမယ်၊

  • ကိုယ့်ကိုယ်ကိုယ်ခွန်းအားတွေပြန်ပေးနိုင်အောင် စာပေဗဟုသုတတွေဖတ်ရပါမယ်။
  • စာပေစုတွေနေလည်း ကိုယ်အဆင်မပြေတဲ့ချိန်မှာ အားဖြစ်စေနိုင်ပါတယ်၊
  • ကိုယ့်ရဲ့ သူငယ်ချင်းတွေဆီကလည်း အားပေးမှု ရနိုင်ပါတယ်၊
  • အဓိက အကောင်းဆုံး အဖော်မှာ သူငယ်ချင်း လူအချင်းချင်းထက် စာအုပ်တွေ ပဲဖြစ်ပါတယ်။


ကျွန်မ အဆင်မပြေတဲ့အခါ တွေးတဲ့ အတွေးလေးများကို ဖော်ပြပေးလိုက်ပါတယ်။
  • အဆင်ပြေစရာတွေက ကိုယ်တစ်ယောက်ထဲ ကြုံနေရတာမဟုတ်ပါဘူး၊ လူတိုင်း မတူညီတဲ့အဆင်မပြေစရာတွေကို ကြုံနေရတာပါ။


ကိုယ့်အတွေးတွေက အရေးကြီးပါတယ်၊

  • အကောင်းဘက်ကို များများတွေးပါ၊ ဆိုးတာတွေပြီးရင် ကောင်းတာတွေလာမှာပါ၊ တကယ်လို့ ဆိုးတာတွေပဲ ထပ်ကြုံရရင်လည်း ဒီထက်ဆိုးတာတွေကို မကြုံရဖို့ အခုဆိုးတာတွေက ကြုံနေရတာလို့ မှတ်ပါ။


နောက်ဆုံး ကိုယ်လုံးဝအဆင်မပြေဖြစ်ပြီး ကိုယ့်ဟာကိုယ်သေချင်နေပြီဆိုရင်

  • ငါအခုအသက်ရှူနေနိုင်သေးတယ်၊
  • ငါအသက်ရှင်နေသေးတယ်၊
  • ငါလုပ်နိုင်တာတွေ အများကြီး ရှိသေးတယ်၊ ဆိုပြီး ကိုယ့်ဟာကိုယ်ပြောပါ။ ကိုယ်အသက်ရှူနေနိုင်သေးတာကို ကျေးဇူးတင်လိုက်ပါ။


ကျွန်မတို့ လူ့ဘဝရရှိနေခြင်းက ကံကောင်းခြင်းတစ်မျိုးပါ။ လူ့ဘဝမှာပဲ ကုသိုလ်ကောင်းမှုတွေ လုပ်နိုင်ပါတယ်။ တခြားဘုံဘဝတွေမှာ မလုပ်နိုင်ပါ၊၊ အခုဘဝမှာပဲ အဆင်မပြေစရာဖြစ်နေသမျှတွေကို လုပ်ဆောင်နိုင်ပါ။

ဒါကြောင့် လူ့ဘဝမှာ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးမဟုတ်ရင်တောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရင်ဆိုင်သင့်ကြောင်း ရေးသားလိုက်တော့သည်။

စာဖတ်သူများအား ထာဝစဉ်လေးစား လျှက်.....

23 June Sunday 2024
5:45 AM(@Ag)

Keep Reading

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၅)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးPersonal Finance Levelsအဆန့်အဖျက်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အမြဲလေ့လာထားပါ