KAUNG SAN
၃နှစ်စာ vision board လုပ်ချင်တယ်ဆိုရင် အရင်ဆုံး နောက်၃နှစ်မှာ ကိုယ်ဘယ်လိုလူဖြစ်နေရမယ်ဆိုတာကို မြင်ယောင်ကြည့်ဖို့လိုတယ်။
⚫️
Gymဆော့တဲ့ လူတစ်ယောက်အနေနဲ့ဆိုရင်
နောက်၃နှစ်မှာ ပေါင်ချိန်ဘယ်လောက် ဖြစ်နေရမယ် ဆိုတာကို End ဆိုတဲ့အကွက်မှာ ချရေးထားရမှာဖြစ်တယ်
ဥပမာ-“နောက် ၃နှစ်မှာ ပေါင်၃၀ တက်ရမယ်”
⚫️
၃နှစ်စာကို တွေးပြီးမှ အဲ့ဒီ့ရလဒ်ကိုရဖို့ နောက်၁နှစ်မှာ ရလဒ်ဘယ်လောက် ရှိနေဖို့လိုတယ်ဆိုတာ တွက်နိုင်မှာဖြစ်တယ်
( နောက်၃နှစ်မှာ ပေါင် ၃၀တက်ချင်တယ်ဆို ၁နှစ်မှာ ၁၀ပေါင်လောက် တက်သင့်တယ်လို့ အကြမ်းဖျဉ်းပြောနိုင်သလိုမျိုးပေါ့)
English စာလုပ်မယ်ဆိုလည်း နောက် ၃နှစ်မှာ level 3ဆင့် တက်ချင်ရင် ၁နှစ်မှာ level 1ခုတက်ရမယ် လို့ သတ်မှတ်ရမှာဖြစ်ပါတယ်
ဥပမာ- “နောက် ၁နှစ်မှာ ၁၀ပေါင် တက်ရမယ်”
⚫️
ဒါဆို ၁လအတွက် လည်း ဒီလိုပဲ
တစ်နှစ်မှာ ၁၀ပေါင်တက်ချင်တဲ့လူအတွက်
တစ်လမှာ ၁ပေါင်လောက်တော့ တက်သင့်တယ်မဟုတ်လား။
စာလုပ်မယ်ဆိုလည်း တစ်နှစ်အတွက် လေ့လာစရာသင်ခန်းစာ အခု၁၂၀ရှိရင် တစ်လမှာ ၁၀ခုလောက်တော့ ပြီးကိုပြီးရမယ်လေ။
ဥပမာ- “ဒီတစ်လမှာ ၁ပေါင်တက်အောင်လုပ်မယ်”
⚫️
အရှေ့က ၃ခုနဲ့ မတူတဲ့ ပိုအရေးကြီးတဲ့အပိုင်း ရောက်ပါပြီ။
တစ်ပတ်စာအတွက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးရမှာတွေက ကိုယ် နောက်၃နှစ်မှာဖြစ်ချင်တဲ့ပုံစံကိုရောက်အောင် နေ့စဉ် ဘယ်လိုအလုပ်တွေ လုပ်သွားမယ် ဆိုတာမျိုး ဖြစ်ပါတယ်။
အရင်လို ပေါင်၃၀တက်ရမယ် ၁၀ပေါင်တက်ရမယ် ၁ပေါင်တက်ရမယ် မဟုတ်တော့ပဲ
နောက်တစ်လနေရင် ၁ပေါင် တက်ဖို့အတွက် ဒီအပတ် ဘယ်လို လေ့ကျင့်ခန်းတွေလုပ်မယ် ဘာတွေစားမယ် ဆိုတာကို ချရေးရမှာ ဖြစ်ပါတယ်။
စာလုပ်တဲ့သူတွေလည်း နောက်တစ်လမှာ ငါ ဒီသင်ခန်းစာကို ပြီးမြောက်ဖို့အတွက် စာကိုဘယ်အချိန်တွေမှာ တစ်နေ့ ဘယ်နှစ်နာရီ လုပ်မယ် ဘယ်စာတွေကိုလုပ်မယ် ဆိုတာမျိုး ရေးချရမှာ ဖြစ်ပါတယ်။
ဥပမာ- “တစ်လနေရင် တစ်ပေါင် တက်ဖို့ တစ်ပတ်မှာ ဘာတွေစားမယ် gymဘယ်နှစ်နာရီဆော့မယ် အိပ်ချိန်ဘယ်လောက်အိပ်မယ် “
အကျဉ်းချုပ်ပြောရရင်
၃နှစ်စာကိုအရင်စဉ်းစား
သူ့ကိုမူတည်ပြီး ၁နှစ်စာနဲ့ ၁လစာ ပန်းတိုင်တွေ ထွက်လာလိမ့်မယ်
အဲ့ပန်းတိုင်တွေရောက်ဖို့ တစ်ပတ်ချင်းစီမှာ ဘာတွေလုပ်မယ်ဆိုတာကို ပလန်လုပ်ရမှာဖြစ်ပါတယ်။
မနေ့ကထက် တိုးတက်တဲ့ နည်းစနစ်တွေကို ပိုင်ဆိုင်ရပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း။
(လွန်ခဲ့တဲ့ ၃နှစ်လောက်က englishစာသင်တန်းတစ်ခုမှာ သိခဲ့ရတဲ့ knowledge လေးကို နားလည်သလို ဝေမျှပေးခြင်းဖြစ်ပါတယ်)
Keep Reading