Author's Profile Photo

သင်္ကေတ

21/06/2024

သက်ရှိဘုရား

1 min read
Personal Development
General Knowledge
18 Again
သက်ရှိဘုရား's photo

ကမ္ဘာပေါ်တွင် ဘာသာတရားအမျိုးမျိုး (ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာ စဖြင့်) ကိုးကွယ်ကြသည်။ ထိုဘာသာတိုင်း၌ ဦးဆောင်လမ်းပြပေးတဲ့ သူများရှိသည်။ သူတို့လမ်းပြပေးမှုအတိုင်းလိုက်လုပ်ကြပြီး သူတို့အား ယုံကြည်ကြသည်။

ကျွန်မတို့ မြန်မာနိုင်ငံတွင် အများစုကိုးကွယ်ကြသည်မှာ ဗုဒ္ဓဘာသာ၊၊ ဗုဒ္ဓဘာသာ၌ မြတ်စွာဘုရားသည်က ပရိနိဗ္ဗာန်စံ သွားခဲ့ပြီ။ သို့ပေမဲ့ မြတ်စွာဘုရား၏ အဆုံးအမ၊ လမ်းညွှန်ချက်များကျန်ရှိနေခဲ့သည်။မြတ်စွာဘုရား၏ အဆုံးအမ၊တရားဒေဿနာတော်များကို ဘုန်းကြီးများက တစ်ဆင့် နာယူမှတ်သားကြရသည်။ အမှန်တကယ်နားထောင်ပြီး လိုက်လုပ်လျှင် ကောင်းကျိုးရလဒ်များကို ခံစားကြရသည်။ ကောင်းကျိုးရလဒ်ရမည်ဆိုတာသိ၍ လိုက်လုပ်ခြင်းရှိသလို လုပ်ရင်းနှင့် ရလာသည်ကို သိ၍ ဆက်လုပ်ကြသည်လည်း ရှိကြသည်။

လူတိုင်း၌ မိဘနှစ်ပါးရှိကြသည်။ ထိုမိဘနှစ်ပါးသည် လက်ရှိဘဝ၌ အသက်ထင်ရှားရှိ၍သော်လည်းကောင်း၊ မရှိ၍သော်လည်းကောင်း၊

  • မိဘများအား ရိုသေလေးစားမှုရှိရမည်၊
  • မိဘများ၏ စကားများကို နားထောင်ရမည်၊
  • မိဘများအား ပြုစုစောင့်ရှောက် လုပ်ကျွေးရမည်။


ကျွန်မကျောင်းတက်သောအခါ ကျောင်း၌ ဆရာတစ်ယောက်ပြောဖူးသောစကားတစ်ခွန်း မှတ်မိတာရှိသည်။ ဆရာ ပြောသည်မှာ "မင်းတို့ ကျောင်းတက်နေတာ မိဘကိုကျေးဇူးဆပ်ရာရောက်တယ်၊ဒါပေမဲ့ ကျောင်းတက်နေရုံနဲ့တော့ ကျေးဇူးဆပ်ရာမရောက်၊ ကိုယ်တိုင် စာသေချာကြိုးစားပြီး မှတ်သားသင့်သည်အရာများကို မှတ်သားသင်ယူရမည်၊အဲ့အခါမှ ကျေးဇူးဆပ်ရာရောက်သည်" ဟု ပြောသည်။

အဘယ်ကြောင့် စာသင်ရုံဖြင့် မိဘကျေးဇူးဆပ်ရာရောက်သနည်း။

မိဘတိုင်းသည် သားသမီးများကို ပညာတတ်၍ထူးချွန်ကြသူများ ဖြစ်စေချင်ကြသည်၊ သားသမီးများ ထူးချွန်အောင်မြင်သွားကြလျှင် မိဘများ ဝမ်းသာပီတိဖြစ်ကြသည်။

တနည်းအားဖြင့် မိဘများကို စိတ်ချမ်းသာအောင်ထားခြင်းသည် ကျေးဇူးဆပ်ခြင်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။


မိဘများအသက်ကြီးလာသောအခါတွင် စကားပြောဖော်လိုအပ်လာတတ်သည်။ ထိုအခါ သားသမီးများသည် မိဘများအား စိတ်မရှည်ဖြစ်တတ်သည်။
ထိုသို့ဖြစ်လာလျှင်လည်း စိတ်ထဲတွင် သတိထား၍ မိဘများအပေါ်၌ ဒေါသမထွက်မိစေရန် ဂရုစိုက်သင့်သည်။ မိဘများအား ကိုယ့်တစ်နေ့တာ၌ အချိန်အနည်းငယ်ပေး၍ ကုန်ဆုံးပေးသင့်သည်။ မိဘများ မရှိတော့လျှင် ကိုယ်‌အချိန်ပေးချင်လျှင်တောင် ပေးခွင့်မရှိတော့ပါ။ တရားတော်များထဲ ကြားဖူးကြလိမ့်မည်၊ ‌အဖေရော အမေရောသည် ဘာကြီးပဲဖြစ်နေဖြစ်နေ မိဘသည် မိဘသာဖြစ်သည်။

  • မိဘများကို အမြဲတစေဂရုတစိုက်ထားရှိသောသူသည် စိတ်ချမ်းသာရစေ၏၊၊
  • လောကဓံပြဿနာအခက်အခဲများကြုံလာသောအခါ၌လည်း အလွယ်တကူဖြေရှင်းဖို့နည်းလမ်း အမြန်ရှာတွေ့စေနိုင်၏၊၊
  • ပြဿနာများသည်လည်း တခြားသူများအတွက် ကြီးမားခက်ခဲနေသော်လည်း ကိုယ့်၌တွင်မူ လွယ်ကူစေ၏။

မိဘများကို ပြုစုစောင့်ရှောက်ခြင်းသည် ကောင်းသောအလုပ်ဖြစ်သဖြင့် မိမိ၌လည်း ကောင်းခြင်းများသာ ရောက်ရှိလာစေသည်။ မိဘသက်ရှိထင်ရှားမရှိသောသူများသည်လည်း မိဘများပြောခဲ့ဖူးသောစကားများကို မိမိ၏ရင်တွင်း၌ မိဘများကို အစဉ်အမြဲသတိရပြီး လိုက်နာသင့်သည်၊၊ကိုယ့်မိဘအတွက် ကောင်းမှုကုသိုလ်အလှူဒါနများ‌လုပ်ပေးသင့်သည်၊၊ ကိုယ်ကောင်းတာလုပ်နေသမျှ မိဘကို ကျေးဇူးဆပ်ရာရောက်စေသည်။ မိမိသည် မိမိ၏ မိဘများကြောင့် ဤလောကထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်မတို့သည် မြတ်စွာဘုရား၏ အဆုံးအမများကို လိုက်နာကျင့်သုံးသင့်သလို ကျွန်မတို့၏ သက်ရှိဘုရားမိဘများ၏စကားကိုလည်း နားထောင်သင့်ပေသည်။
မိဘများအပေါ်သက်ရှိဘုရားလို ရိုသေလေးစားမှုရှိစေပြီး သိတတ်လိမ္မာသောလူများဖြစ်စေရန် ရေးသားလိုက်တော့သည်။

ဤဆောင်းပါးသည် ဆရာမတစ်ယောက်ဆုံးမသောစကားမှ အကြံပေါ်လာ၍ ကိုးကားရေးသားခြင်းဖြစ်သည်။


စာဖတ်သူများအား ထာဝစဉ်လေးစား လျှက်...✍?
June 22 Saturday 2024
5:30 AM (@Ag)

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း