Hnin
If you don't like something, Change it.
If you can't change,change your attitude. Don't complain.
စာသားလေးက facebookကနေတွေ့လိုက်တာပါ။
သေချာလေးတွေးကြည့်ပြီးဖတ်ရင် လူ့ဘဝမှာ တကယ့်ကို အသုံးဝင်မဲ့ စာစုလေးတစ်ခုပါ။ကျွန်မတို့တွေက အသက်ရှင်နေသရွှေ့ လူအမျိုးမျိုး၊စိတ်အထွေထွေ လူတွေနှင့်ကြုံတွေ့နေကြအုန်းမှာဘဲ။ကိုယ်နှင့် စိတ်တူကိုယ်တူ အပေါင်းအဖော်တွေရှိနိုင်သိလို၊အလုပ်ကြောင့်သာ စကားပြောနေရတာ စိတ်ထဲမှာ သဘောမကျမိတဲ့သူတွေလည်း ရှိကြမှာဘဲ။
ကိုယ်မကြိုက်တာတွေ့ရင် အဲဒါကိုပြောင်းလဲလိုက်ပါ။ကိုယ်ကမပြောင်းလဲနိုင်ရင် ကိုယ့်ရဲ့စိတ်နေသဘောထားကိုပြောင်းလဲလိုက်ပါ။ညီးညူမနေပါနှင့်။
ဘယ်သူ့ ဘယ်သူကိုမှ ကျွန်မတို့ပြောင်းလဲပေးလို့မရပါဘူး။သူတို့မှာလည်း သူတို့ခံယူချက်၊သူတို့ရှင်သန်မှုနှင့်သူပါဘဲ။ကျွန်မအရင်ကဆို လူတွေကို ငါ့ကြောင့်ပြောင်းလဲသွားမယ်လို့ထင်ခဲ့မိတယ်။ငါပြောလိုက်ရင် ပြောင်းလဲသွားမှာဘဲပေါ့။ဒါပေမဲ့လေ ကိုယ်ကသာပြောလွန်းလို့ ပါးစပ်က အမြှပ်တွေထွက်မယ် တစ်ဖက်လူရဲ့ မူရင်းပုံစံက မပြောင်းလဲပါဘူး။
ကျွန်မတို့လူတွေမှာ တွေးမိတတ်ကြတဲ့အတွေးလေးမှားလေးတစ်ခုရှိတယ်။
သူကငါ့ကိုချစ်တာဘဲ ငါပြောလိုက်ရင်ဘာမဆိုဖြစ်မှာဘဲ။ အဲဒိဟာကလေ တစ်ခါတစ်လေ၊တစ်ချို့လူတွေအတွက်ကတော့မှန်ချင်မှန်လိမ့်မယ်။ကျွန်မအတွက်ကတော့ 90%လောက်ကမှားနေပါတယ်။ကျွန်မတို့ အသက်အရွယ်တစ်ခုရောက်လာကြရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်၊ကိုယ်လမ်းကိုယ်လျှောက်၊ကိုယ့်သမိုင်းကိုယ်ရေးနေကြတာပါ။
ကျွန်မတို့ရဲ့ အချိန်တွေဟာ ကျွန်မတို့အတွက် တောင်မလုံလောက်တာ ဘာကြောင့်သူများကိုပြုပြင်ပေးနေကြမှာလဲ။သူတစ်ပါးကို ကူညီပါ အဲဒါကိုပြောနေတာမဟုတ်ပါဘူးနော။ တစ်ဖက်လူရဲ့ ခံယူချက်တွေ မှားနေသည်ဖြစ်စေ၊မှန်နေသည် ဖြစ်စေ ကျွန်မတို့ပြောင်းလဲပိုင်ခွင့်မရှိပါဘူး။ ကိုယ်မကြိုက်တာတွေ့ရင် တစ်ဖက်လူကိုမပြောဘဲ၊ကိုယ့်ရဲ့ အတွေးကိုသာပြောင်းလိုက်ပါ။
Hnin(20.6.24)10:10Pm
Keep Reading