Par Te
အခွင့်အလမ်းကို ဝယ်ပါလို့ပြောတဲ့အခါမှာ အောက်လမ်းနည်းတွေကို အသုံးပြုဖို့နဲ့ အထက်လူကြီးတွေကို ကပ်ဖားပြီး အခွင့်အလမ်းတွေ ရယူသွားဖို့ပြောတာ မဟုတ်ပါဘူး။
အချို့သော အခွင့်အလမ်းတွေဟာ ဝယ်ယူလို့ရပါတယ်။ ဘာကြောင့် ဒီလိုပြောတာလဲဆိုရင် ၂၀၂၃ ခုနှစ်က ကျွန်မ သင်တန်းတစ်ခုကို အများကြီးမစဉ်းစာဘဲ အပ်ဖြစ်ခဲ့တယ်။ အပ်ပြီဆိုတော့လည်း တက်ရတော့မှာပေါ့၊ ဆုံးဖြတ်တဲ့အတိုင်းလုပ်ရတော့မှာပေါ့ဆိုပြီး တက်ခဲ့တယ်။ တက်ရင်းနဲ့ လုပ်စရာတာဝန်တွေရှိလာတော့ လုပ်ရင်းလုပ်ရင်းကနေမှ ဘာတွေလုပ်ရမလဲ ဆိုတဲ့ အခွင့်အလမ်းတွေ မြင်လာရတယ်။ မတက်ဖြစ်ခဲ့ရင် ဘာမှမြင်လာမှာမဟုတ်ဘူး၊ ပုံမှန်အတိုင်းသာ အမြဲရှိနေမယ်။ စိတ်တူကိုယ်တူ သူငယ်ချင်း မိတ်ဆွေတွေ အများကြီးရလာခဲ့တယ်။ ဒါကြောင့် ကျွန်မသာ သင်တန်းမအပ်ဖြစ်ခဲ့ရင်ဆိုတာကို ပြန်တွေးကြည့်လိုက်တိုင်း၊ ငါသင်တန်းကြေးကို နှမျော်ပြီး မုန့်စားလိုက်ရင် ခုချိန် ဘာမှကျန်မှာမဟုတ်တော့ဘူးလို့ တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိတယ်၊ ဘဝ တကွေ့မှာ တွေ့ခွင့်ရတဲ့ မိတ်ဆွေကောင်းတွေကို ကျေးဇူးတင်မိတယ်။
ဒါကြောင့် အချို့သော အခွင့်အလမ်းတွေဟာ သူ့အလိုလိုရောက်လာတာမဟုတ်ဘဲ ဝယ်ယူရပါတယ်၊။ ဝယ်ယူတိုင်း မရတဲ့အရာတွေလည်း ရှိပါတယ်။ ကိုယ့်ဘက်က ပေးနိုင်ရင် ပေးသလောက်ပြန်ရတဲ့ အရာတွေလည်းရှိတာကြောင့် ကိုယ်ဘယ်အရာတွေမှာ ကိုယ့်ရဲ့အချိန်တွေ ငွေတွေ ပေးနေသလဲဆိုတာကို မိမိကိုယ်ကိုယ် ပြန်မေးဖို့လိုပါတယ်။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေပါပြီ...
#parte
11/06/2024 ??
Keep Reading