Author's Profile Photo

Nicolette

10/06/2024

ရသစာပေ - Fiction

1 min read
Book Review
Art
18 Again
ရသစာပေ - Fiction's photo

Fiction ဖတ်ရင် ဘာဗဟုသုတမှ မရဘူးဆိုတဲ့ တလွဲ အယူအဆမျိုးဟာ လူတချို့မှာ ရှိတတ်ကြပါတယ်။

သူတို့တွေဟာ အလွန်ကောင်းမွန်တဲ့ ရသစာပေတွေနဲ့ မျက်လုံးချင်းမဆုံမိသေးလို့ ဖြစ်နိုင်ပါတယ်။

စိတ်ကူးယဉ် အကြောင်းအရာ၊ အပြင်မှာ တကယ်မရှိဘဲ ဇာတ်လမ်းဖွဲ့ရေးသားထားတဲ့ ရသစာပေတွေကို ကိုယ်ချင်းစာတရားထားတတ်ဖို့ ဖတ်သင့်တယ်လို့ ထင်မြင်ကြပေမယ့်လဲ

ရသစာပေတွေရဲ့ အကျိုးကျေးဇူးက ဒီ့ထက်ပိုပြီး များပြားပါတယ်။

ရသစာပေတွေကို ဖတ်ရင် တီထွင်ဖန်တီးနိုင်မှုစွမ်းအားမြင့်မားလာပါမယ်၊ လူတွေရဲ့ စရိုက်သဘာဝကို ပိုပြီးသိနားလည်လာပါမယ်၊

နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို သိချင်ရင်လဲ ရသစာပေတွေကို ဖတ်တာက ရှင်းရှင်းလင်းလင်းနဲ့ ချဉ်းကပ်နိုင်တဲ့ နည်းလမ်းကောင်းပါပဲ။

မှတ်ဉာဏ်စွမ်းရည်ကို မြင့်မားစေကာ ကောင်းကောင်းအိပ်စက်စေနိုင်ပြီး စိတ်ဖိစီးမှုတွေကိုလဲ လျော့ပါးစေပါတယ်။

ရသစာပေ အမျိုးအစားတွေထဲမှာ

Mystery - လျှို့ဝှက်ဆန်းကြယ်

Romance - အချစ်

Fantasy - စိတ်ကူးယဉ်

Science fiction - သိပ္ပံစိတ်ကူးယဉ်

Thriller - သည်းထိတ်ရင်ဖို

Horror - ခြောက်ခြားဖွယ်ရာ

Young adult - ဆယ်ကျော်သက်များအတွက် ရည်ရွယ်သောဝတ္ထုများ

Myth - ဒဏ္ဍာရီ

Contemporary fiction - ခေတ်ပြိုင်ဝတ္ထု

Historical fiction - သမိုင်းနောက်ခံဝတ္ထု တို့အဓိက ပါဝင်ပြီး တခြား အမျိုးအစားကွဲများလဲ ရှိပါတယ်။

ရသစာပေတွေဟာ အကြောင်းအရာတစ်မျိုး ဉပမာ - Horror ကို အခြေခံပြီး တခြား genre တွေကိုလဲ စုံလင်အောင် ထည့်ရေးလေ့ရှိကြပါတယ်။

ရသစာပေတွေထဲမှာ Fantasy, Science fiction, Young adult အမျိုးအစားတွေဟာ မြန်မာနိုင်ငံမှာ လူကြိုက်နည်းပြီး တွေ့ရနည်းပေမယ့် တိုးတက်ပြီးနိုင်ငံတွေမှာတော့ စိတ်ကူးစိတ်သန်းနဲ့ တီထွင်နိုင်မှု မြင့်မားစေတယ်ဆိုပြီး ရေးတဲ့သူရော ဖတ်တဲ့သူရော များပါတယ်။


ရသစာ‌ပေတွေဟာ သုတစာပေလို အချက်အလက်အတိအကျမလိုအပ်ပေမယ့်လဲ

သတင်းမှားနဲ့ အယူအဆအမှားတွေ ထည့်သွင်းမရေးသားဖို့တော့ သတိပြုရပါမယ်။

Nicolette မှ ရေးသားပါသည် ?

⛔ပြန်ကူးတင်ခွင့်မပြုပါ⛔

ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?

Keep Reading

စာရေးဆရာနတ်နွယ်ဆိုတာThe Fall Of Spartacusအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာညကာရာမာဇော့ညီအစ်ကိုများပီကင်း