Hnin
လူသားတွေဟာ မသေခင်အချိန်တစ်ခုအထိ လူပေါင်းများစွာနှင့်တွေ့ကြုံ၊ပြောဆို၊ဆက်ဆံ နေရအုန်းမှာပါဘဲ။ အသစ်၊အသစ်သော လူတွေနှင့်နေ့စဥ်၊နေ့စဥ်တွေ့ဆုံနေရအုန်းမှာဘဲ။
အောင်မြင်နေတဲ့သူတွေဆီက ဘာလို့အောင်မြင်ခဲ့လဲ?ဘာကြောင့်ဒီလိုအောင်မြင်လာရလဲ?ဆိုတာတွေ စိတ်ဝင်စားကြတာ သဘာဝပါဘဲ။ တစ်ခါတစ်လေကျတော့ ကျွန်မတို့လူတွေက ဟိုး..အပေါ်ကလူတွေကိုဘဲ မြင်နေတတ်ကြတယ်။ကိုယ်နှင့်အတူရှိနေတဲ့ လူတွေကျတော့မေ့နေတတ်ကြတယ်။
ကျွန်မတို့တွေကလေ လုပ်ငန်းခွင်ဖြစ်ဖြစ်၊အိမ်မှာ၊အဆောင်မှာနေကြတာဘဲ ဖြစ်ဖြစ် ဒီလူတွေနှင့်အမြဲတွေ့ဆုံနေရတယ်ဆိုပြီး ငြီးငွေ့မသွားပါနှင့်။သူတို့ဆီမှာ ဘယ်လိုအလေ့အကျင့်လေးတွေရှိတယ်။သူတို့ကဲ့ စိတ်ထားလေးတွေက ဘယ်လိုအမူအကျင့်လေးတွေရှိတယ်။ကောင်းကွက်၊ဆိုးကွက်လေးတွေကို မြင်အောင်ကြည့်ပါ။
တစ်ဖက်လူရဲ့ဆိုးကွက်တွေ့ရင် ဟယ်...ငါလဲအဲလိုဘဲလားဆိုပြီး အမြဲသုံးသပ်ကြည့်ပါ။ကောင်းကွက်တွေ့ရင် ငါလည်း အဲလိုမျိုးလေးလုပ်အုန်းမှပါဆိုပြီး ကိုယ်ကိုယ်တိုင်အမြဲသုံးသပ်နေကြည့်ပါ။
'လူတစ်ယောက်မှာ အမြဲတမ်းကောင်းကွက်ဘဲ ရှိနေမှာမဟုတ်သလို၊ ဆိုးကွက်ဘဲလည်း ရှိမနေပါဘူး။အားလုံးညီတူညီမျှရှိနေတတ်ပါတယ်''။ လူတစ်ယောက်နှင့်ပေါင်းသင်းဆက်ဆံကြတဲ့အခါ ဘက်မျှအောင်ဖြည့်တွေးတတ်ဖို့ဘဲ လိုအပ်တာပါရှင့်။
ဘဝမှာလေ ကိုယ့်ဘဝကို ဒီထက်မကတော်အောင်ကြိုးစားနေကြရင်း ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း မေ့မထားသင့်ပါဘူး။ပြီးတော့ ကိုယ်နှင့်တွေ့ဆုံတဲ့ လူတွေတိုင်းဟာလည်း ကိုယ့်ကို အသိပညာ၊သင်ခန်းစာ တစ်ခုခုတော့အမြဲပေးသွားကြတာပါဘဲ။
Hnin(10.6.2024)2:20PM
photo.pinterest
Keep Reading