SarPhat Author

စာဖတ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတာ ဆင်ခြေ
မင်းမှာ စာဖတ်ဖို့ကို အချိန်ကလေးနည်းနည်းဝောာ့ ပေးသင့်တယ်လို့ မထင်ဘူးလား။ လူတစ်ယောက်က ကိုယ်လုပ်တဲ့အလုပ်နဲ့ ကိုယ့်ဝါသနာပေါ်မူတည်ပြီး စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ကြရပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မူတည်ပြီး စာဖတ်သူနဲ့၊ စာမဖတ်သူတို့ရဲ့ အပြုအမူ အပြောအဆို၊ အနေအထိုင်တို့က အနည်းငယ် ကွာခြားနေနိုင်ပါတယ်။
လူတစ်ယောက်ကပြောတယ် "ဟေ့ကောင် မင်းတို့ဖတ်နေတဲ့ စာအုပ်တွေလောက်တော့ ငါ့ဘဝက မင်းတို့ကို သနားလိုက်တာလို့ ပြောပြီး ထိုင်တောင်ရယ်နေလိုက်ချင်သေး။ ငါ့အတွက် ဘာစာမှ ဖတ်စရာမလိုဘူး။ အပြင်လောကမှာ ဖြစ်နေတာတွေကိုပဲ စာအုပ်ထဲမှာ ပြန်ရေးထားကြတာကွ။ ဘာစာအုပ်မှ ဖတ်မနေနဲ့"
ဒါပေမဲ့လည်း စာဖတ်တဲ့သူနဲ့ စာမဖတ်တဲ့သူ အသိပညာခြင်း ယှဉ်လို့ရတယ်။ စာဖတ်သူက ဉာဏ်ရည်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း ကွာတယ်။
ငါက စာဖတ်ဖို့ အချိန်မပေးနိုင်ဘူး
ဒီလိုစကားမျိုး သူငယ်ချင်းတွေဆီကနေလည်း ကြားရတယ်။ ဒါဟာ ဆင်ခြေသက်သက်ပါ။ စာဖတ်ဖို့ ဘယ်လိုဆွယ်ဆွယ် မရဘူး။ ဒီတော့ ကျနော် စိတ်ခံစားချက် ပြင်းထန်လာပြီး စာဖတ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေနဲ့ စာဖတ်ဖို့ စိတ်မပါ (တနည်းပြောရရင် ပျင်းနေတဲ့)၊ ဆင်ခြေအမျိုးမျိုးပေးနေတဲ့ သူတွေအတွက် ဒီစာလေးမှာ ပြောပြပါမယ်။
လို့ ပြောပြီးတိုက်တွန်းကြည့်ပါ။ ကျောက်တိုင်များလို နှဲ့ပါများရင် နဲ့လာတာပါပဲ။
ဒါကြောင့် စာဖတ်ပျင်းနေတဲ့ သူတွေကို ဒီလိုမျိုး လုပ်ကြည့်ကြပါလို့ အကြံပြုရင်း.....
ကိုမျိုး ✍️
9.6.2024 (5:00 pm)
Keep Reading