Author's Profile Photo

SarPhat Author

7/06/2024

Notion Application

1 min read
Personal Development
General Knowledge
Entrepreneurship
Notion Application's photo

"ဘဝကို ပြောင်းလဲချင်တယ် တိုးတက်ချင်တယ်ဆိုရင် စာကိုအဆုံးထိဖတ်သွားပေးပါ "

Notion ဆိုတာဘာလဲ?

Notion ဆိုတာ

Note Taking လုပ်ဖို့ပဲဖြစ်ဖြစ်
To do list လုပ်ဖို့ပဲဖြစ်ဖြစ်
Budget Tracking လုပ်ဖို့ပဲဖြစ်ဖြစ်
Habit Tracking လုပ်ဖို့ပဲဖြစ်ဖြစ်
Second Brain တည်ဆောက်ထားချင်တာပဲဖြစ်ဖြစ်
Team အလိုက် Projects တွေကို Management လုပ်ချင်တာပဲဖြစ်ဖြစ် စသဖြင့် နယ်ပယ်မျိုးစုံအတွက်သုံးလို့ရတဲ့ Digital Tool တစ်ခုပဲဖြစ်ပါတယ်

Notion ကို ဘာကြောင့် ကျွန်တော်စသုံးဖြစ်တာလဲ ?
Daily Life မှာ ကျွန်တော် ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာမျိုးကို
သေသေချာချာ လုပ်ဆောင်ချင်လို့ပဲဖြစ်ပါတယ်
ကျွန်တော်ရဲ့မှတ်ဉာဏ်က ကျွန်တော်လုပ်တဲ့လုပ်ဆောင်ချက်တိုင်းကို
လိုက်မမှတ်နိုင်ပါဘူး ဥပမာ စာအုပ်တစ်အုပ်ဖတ်ပြီးတာနဲ့ စာအုပ်ထဲကအကြောင်းအရာ 10% လောက်ကိုသာ ရက်အနည်းငယ်ပဲမှတ်မိမှာဖြစ်ပါတယ် ဒီစာအုပ်ထဲက အကြောင်းအရာတွေကို Learn and Apply လုပ်ဖို့
Note Taking လုပ်ဖို့လိုတယ် ပြီးတော့တစ်နေ့တစ်နေ့ ကျွန်တော်ဘာတွလေ့လာဖြစ်တယ် ဘာတွေလုပ်ဖြစ်တယ်ဆိုတာကို တိတိကျကျ Tracking လုပ်ချင်လို့ပဲဖြစ်ပါတယ်

ဒီလိုလုပ်ရင် ဘာတွေကောင်းလာနိုင်လဲ?
ဘဝကို OS(Operating System)တစ်ခုလို့တွေးကြည့်ပါ
Computer OS တစ်ခုရဲ့ file/task တွေစနစ်တကျလည်ပတ်နေတဲ့အခါ computer ရဲ့လုပ်နိုင်စွမ်း နဲ့ Productivity ဟာ ပိုကောင်းတဲ့ရလဒ်မျိုးဖြစ်မှာပါ
System file တစ်ခုခုပျက်စီးတာနဲ့ စနစ်ကြီးက ကမောက်ကမတွေဖြစ်လာနိုင်ပါတယ်

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလဲ ဒီလိုပဲ အမူအကျင့်အမှားလေးတွေ နေ့စဉ်သေးသေးလေးတွေပြုလုပ်နေရင်းကနေ အချိန်ကြာလာတဲ့အခါ
ကြီးမားတဲ့ result တွေဖြစ်လာတယ်
ကောင်းတဲ့အမူအကျင့်တွေလဲဒီတိုင်းပဲပေါ့

ဥပမာ Atomic Habits စာအုပ်ထဲက ဥပမာမျိုးပေးရရင်
Los Angeles ကနေ New York မြို့ကိုပျံသန်းနေတဲ့လေယာဉ်ပေါ်မှာလို့တွေးကြည့်လိုက်ပါ အဲ့ဒီအချိန်မှာပဲ လေကြောင်းကနေမသိမသာ ပြောင်းလဲမှုတစ်ခုကြောင့် တောင်ဘက်ကို 3.5° တိမ်းစောင်းသွားပါတယ်
သတိမထားမိပဲ ၅ မိနစ်လောက်ပျံပြီးတဲ့နောက်မှာ ဆင်းရမယ့် New York လေဆိပ်ကိုမရောက်ရှိပဲ NY နဲ့ 225 မိုင်ဝေးတဲ့ Washington Dulles ကိုရောက်ရှိသွားမှာပဲဖြစ်တယ်


ဆိုတော့
ကျွန်တော်တို့ရဲ့ ဘဝကို System တစ်ခုနဲ့သတ်မှတ်ပြီးနေတဲ့အခါ
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေတိုးလာမယ်
လုပ်နိုင်စွမ်းတွေပိုကောင်းလာမယ်
ကိုယ်မလုပ်ဖြစ်သေးတဲ့အရာတွေကိုလဲ လုပ်ဖြစ်လာအောင်
Cue တွေ ချမှတ်ပေးလိုက်တာလဲဖြစ်ပါတယ်
အဆုံးထိဖတ်ပေးလို့ "ကျေးဇူးပါ"
မှတ်ချက်။ ။Personal Development နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့
အကြောင်းအရာတွေ နေ့စဉ် ဒီ page မှာတင်ပေးသွားမှာမလို့စောင့်ကြည့်ပေးကြပါဦး
Video Content တွေတင်ဖို့ editing နဲ့ပတ်သက်ပြီး သိပ်အဆင်မပြေသေးတာမလို့ စာလေးတွေဖတ်ပေးကြပါဦး

Notion နဲ့ပတ်သက်ပြီး လေ့လာချင်တာမျိုးရှိတယ်ဆိုရင်
The Lapyae ရဲ့Yt Channel မှာ သွားလေ့လာလို့ရပါတယ်
https://youtu.be/qctsy09bHDE?si=HdncxvndPGgAa2Kl

Keep Reading

ဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ် ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်