
Kaung Hein Soe - Strategic

Personal Finance လိုပညာတွေဟာ အမြဲ လေ့လာနေဖို့လိုပါတယ်။ စာတစ်အုပ်ဖတ်ပြီး ငါတော့ရပြီလို့ မရနိုင်ပါဘူး။ ခေတ်ကာလ အခြေအနေအရ အနေအထား အယူအဆတွေက အမြဲပြောင်းလဲ နေတာပါပဲ။ 
ဥပမာ စုငွေ စုနိုင်ဖို့ ချွေတာမလား ပိုရှာမလားလို့ မေးတဲ့အခါ ဝင်ငွေထဲက စုငွေကို အရင်ဖယ်ပါ။ ဝင်ငွေရဲ့ ၁၀% ကို စုငွေအဖြစ် ထားပါလို့ လမ်းညွှန်ကြတာ များပါတယ်။ ဒါဟာ ချွေတာမယ်ဆိုတဲ့ ခေါင်း စဉ်အောက်ကပါ။ တစ်နည်း အရင်ခေတ်က အယူအဆပါ။ ရှေးတုန်းက နည်းပညာ မထွန်းကား အင်တာနက် မရှိ အချိတ်အဆက်မကောင်း ၊ အလုပ်ချိန်ကလဲ တစ်ရက်အပြည့်ဆိုတော့ ပိုရှာဖို့ဆိုတာ သိပ်ခက်ပါတယ်။ 
ဒါပေမယ့် ဒီနေ့လို နည်းပညာခေတ်မှာ သာမာန်နေ့တိုင်း social media သုံးရင်ကို ငွေဝင်နေပါပြီ။ ဆိုတော့ ဒီနေ့ ခေတ်ဟာ ချွေတာတာထက် ပိုရှာဖို့က ပိုလွယ်ပါတယ်။ မျက်စိ နားတွေ ဖွင့်ထားဖို့တော့ လိုတာပေါ့။
ဒါကြောင့် အခု ဆို Golden Rule က အနည်းငယ် ပြောင်းစပြုနေပါပြီ။ ဝင်ငွေ ရဲ့ ၁၀% ကိုအရင်စု။ ခြောက်လကို ဝင်ငွေပမာဏ ၁၀% တိုးအောင်လုပ်။ ဒါပါပဲ။ 
ပိုပြီး နည်းနည်း risk ယူရဲရင် ဝင်ငွေ ၁၀% ကိုအရင်ဖယ်စုတဲ့ အဆင့်ကိုကျော် ၊ book value အောက် ကျနေတဲ့ လုပ်ငန်း ရှယ်ယာဝယ် ဆိုတဲ့ investment တိုက်ရိုက်ကိုတောင် သွားနိုင်ပါတယ်။ 
ဒါကြောင့် ခေတ်ပြောင်းရင် အခြေအနေတွေ ပြောင်းတဲ့အတွက် လုပ်ထုံးတွေလည်း လိုသလို လိုက်ပြောင်းဖို့လိုပါတယ်။ မဟုတ်ရင် ကိုယ်ပဲ နောက်ကျနေခဲ့ပါမယ်။
 
Kaung Hein Soe - Strategic
Serial Investor
Keep Reading