Author's Profile Photo

Kaung Hein Soe - Strategic

24/10/2025

ထိရောက်တဲ့ ခေါင်းဆောင်မှု

1 min read
Personal Development
Leadership
ထိရောက်တဲ့ ခေါင်းဆောင်မှု 's photo

စီးပွားရေးနဲ့ စီမံခန့်ခွဲမှုနယ်ပယ်မှာ အထူးတလည် လေ့လာရတဲ့ ပညာရပ်တစ်ခုကတော့ ခေါင်းဆောင်မှု ပညာရပ်ဖြစ်ပါတယ်။ Management ဆိုတာဟာ ချမှတ်ထားတဲ့ ပန်းတိုင်တွေရဖို့ ကိုယ့်မှာရှိတဲ့ Resources တွေကိုထိရောက်စွာ သုံးပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ မိမိတစ်ဦးနဲ့ လုပ်ဆောင်လို့မရဘဲ လူအများနဲ့ အတူ ပူးတွဲကာ လုပ်ရတာပါပဲ။ ဒီအတွက် သတ်မှတ်ထားတဲ့ အလုပ်တွေကို သတ်မှတ်ပေးထားတဲ့ လူတွေက လုပ်တတ်အောင် လုပ်ချင်အောင် ထိရောက်စွာ လုပ်အောင် ခေါင်းဆောင်တဲ့ လူမှာ တာဝန်တွေ ရှိလာပါတော့တယ်။
.
တကယ်တော့ ခေါင်းဆောင်မှုပညာ ဆိုတာ ဘာသာရပ်တစ်ခုတည်းကို သီးသန့်လေ့လာလို့ ရတာမဟုတ်ဘဲ သက်ဆိုင်ရာပညာရပ်နဲ့ Skills တွေကို စုပေါင်း အသုံးချခြင်းကနေသာ ခေါင်းဆောင်ကောင်း ဆိုတာ ဖြစ်လာ တာပါပဲ။ ဥပမာ management ပညာရပ်လိုပါပဲ။ စီမံခန့်ခွဲမှု ကောင်းကောင်း လုပ်နိုင်ဖို့ Human Resource, Financial, နည်းပညာ၊ Administration ၊ Operation စတာတွေ အားလုံးကို တတ်ကျွမ်းနားလည်ထားဖို့ လိုအပ်ပြန်ပါတယ်။ ခေါင်းဆောင်မှု နဲ့ ပတ်သတ်ပြီး ဘယ်လို ပြုမူရမယ် ဘယ်လို စိတ်ထားရမယ် စတာတွေကတော့ ပညာရှင် အများအပြားက မျှဝေထားပြီး ဖြစ်ပါတယ်။ ဒီအတွက် ဒီနေ့မှာတော့ လူတွေ သိပ် သတိမမူမိကြတဲ့ ကျွန်တော့် အတွေ့အကြုံအရ ထိရောက်တဲ့ ခေါင်းဆောင်မှု သို့မဟုတ် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ဖို့ အတွက် အဓိက လိုအပ်တဲ့ Competency, ပညာရပ် နဲ့ Skills တွေကို မျှဝေပေးချင်ပါတယ်။
.
.
(1) Influencing skill
.
ခေါင်းဆောင်တစ်ဦး အနေနဲ့ အခြားသူများကို လွှမ်းမိုးနိုင်ဖို့က အဓိက လိုအပ်ပါတယ်။ လူအများက ကိုယ့်နောက်ကို ယုံကြည်လေးစားမှုနဲ့ လိုက်ပါလာမှသာ အလုပ်ကိစ္စတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် Position Power, Personal Power တွေကို ဘယ်လိုတည် ဆောက်မလဲ၊ လူတွေကို ဘယ်လို influence လုပ်မလဲ၊ ကိုယ့်ဖက်ပါအောင် ဘယ်လိုစည်းရုံး persuasion လုပ်မလဲ စတဲ့ ပညာရပ်တွေ တတ်ကျွမ်းအောင် လေ့လာဖို့ လိုအပ်ပါတယ်။
.
.
(2) Motivating Others Skill
.
ချမှတ်ထားတဲ့ ပန်းတိုင်တွေကိုရဖို့ လုပ်ရမယ့် အလုပ်တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း သတ်မှတ်ထားတဲ့ သူတွေက သတ်မှတ် စံနှုန်းတွေ အတိုင်းပြီးစီးဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်ဆောင်ရမယ့် အလုပ်တွေကို စွမ်းဆောင်ရည် အပြည့်နဲ့ ပြီးစီးဖို့ ၊ လက်အောင်ငယ်သားတွေ စိတ်အား တက်ကြွပြီး လုပ်ချင်ကိုင်ချင်စိတ် တိုးတက်နေအောင်၊ စိတ်ဓာတ်မကျအောင် ခေါင်းဆောင်က Motivation ပေး နိုင်ဖို့လိုပါတယ်။ ဒီအတွက် Intrinsic, Extrinsic Motivation နည်းလမ်းတွေ ဘယ်လိုသုံးမယ်၊ စိတ်ပိုင်း ရုပ်ပိုင်း အားပေးမှုတွေ ဘယ်လိုလုပ်ဆောင်မယ့် စတာတွေ တတ်ကျွမ်းဖို့ လိုပြန်ပါတယ်။
.
.
(3) Negotiation
.
ညှိုနှိုင်းဆွေးနွေးခြင်း ပညာရပ်ဟာ ခေါင်းဆောင်တစ်ဦးအတွက် သိပ်ကိုလိုအပ်ပါတယ်။ Negotiation ဆိုတာကတော့ အကောင်းဆုံး အပေးအယူရအောင် အကောင်းဆုံး နည်းလမ်းကိုသုံးပြီး လုပ်ဆောင်ခြင်း ပါပဲ။ ခေါင်းဆောင်ဟာ လုပ်ငန်းအောင်မြင်ဖို့ ပြင်ပ partner တွေ၊ ပြိုင်ဖက်တွေ ၊ Stakeholders တွေ အပြင် လက်အောက် ငယ်သားတစ်ဦးစီနဲ့ပါ ညိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။
.
.
(4) Conflict Management
.
လူအများနဲ့ လုပ်ဆောင်ရတဲ့ လုပ်ငန်းခွင်တိုင်းမှာ အုပ်စုလေးတွေ ကွဲပြီး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပွတ်တိုက်မှုတွေ conflict တွေ ဖြစ်ပေါ် တတ်တာ သဘာဝပဲဖြစ်ပါတယ်။ ဒီလို အုပ်စု နှစ်ဖွဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါ ဘယ်အဖွဲ့မှ မတရားဘူးလို့ မခံစားရအောင်၊ ရှုံးနိမ့်သွားတယ်လို့ မခံစားရအောင် စတာတွေ အပြင် အနာဂတ် သူတို့နှစ်ဖွဲ့ ရဲ့ Relation ပြတ်တောက်မသွားအောင်ပါ ခေါင်းဆောင်က Conflict Management ပြုလုပ် ရင်ကြားစေ့နိုင်ဖို့ လိုအပ်ပါတယ်။
.
.
(5) Development
.
ခေါင်းဆောင် တစ်ဦးအနေနဲ့ သူ့လို အလားတူခေါင်းဆောင်တွေ၊ သူ့နေရာကို အစားထိုးနိုင်မယ့်. Second person တွေ မွေးထုတ်ဖို့လိုသလို၊ လုပ်ငန်းမကျွမ်းကျင်သူတွေကိုလည်း ကျွမ်းကျင်လာအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒီအတွက် လက်အောက်ငယ်သားများကို တိုးတက်လာစေနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်ဆိုတာကိုလည်း နားလည်ဖို့လိုပါတယ်။
.
.
(6) Strategic Leadership
.
ကျွန်တော် ဝန်ထမ်း ဘဝက လုပ်ငန်းဦးဆောင်သူ CEO ကိုလေးစား ရတဲ့အချက်တွေထဲမှာ သူဟာ ရှေ့ကို ကြိုမြင်ပြီး ပြင်ဆင်ထားနိုင်တတ်တဲ့အချက်ဖြစ်ပါတယ်။ ရေရှည်ကို ကြည့်ပြီးဘာတွေ ဖြစ်လာမယ် ဒါတွေကို ဘယ်လိုပြင်ဆင်ထားမယ် ဆိုတာကို မဟာဗျူဟာ ကျကျဆောင်ရွက် ထားတတ်လေ့ရှိပါတယ်။ ဒီအတွက် ရေတို အမြင်မှာ လက်အောက်ငယ်သားတွေက ဆုံးဖြတ်ချက်တွေကို သဘောမပေါက်ကြပေမယ့် အချိန် တစ်ခုရောက်တာနဲ့ ဒါကြောင့် ဒီလို လုပ်ခဲ့တာကိုး ဆိုတာကို ထင်ထင်ရှားရှား သိသွားကြတာ ခေါင်ဆောင်မှုကို ပိုလေးစား ယုံကြည် သွားတတ်ကြပါတယ်။
.
.
(7) Change Management
.
လုပ်ငန်းခွင်တိုင်းမှာ အပြောင်းအလဲတွေဟာ ပြင်ပ အခြေအနေတွေ အရသော်လည်းကောင်း လုပ်ငန်းလိုအပ်ချက် အရသော်လည်းကောင်း ပြုလုပ်ရလေ့ရှိပါတယ်။ အပြောင်းအလဲ တစ်ခုဖြစ်တိုင်းမှာ တည်ငြိမ်နေတဲ့ အခြေအနေလေး လှုပ်ခတ်သွားတဲ့အတွက် လူအများစုက သဘောကျလေ့ မရှိတတ်ပါဘူး ဒီအခါမှာ ပြင်းထန်ရင်ပြင်းထန်သလို ခုခံမှုတွေ ပွတ်တိုက် ဆန့်ကျင်မှုတွေ ဖြစ်လာရတာပါပဲ။ ခေါင်းဆောင်တစ်ဦးအနေနဲ့က ဒီ change တစ်ခုခုကို ဘယ်လို အညင်သာဆုံး ဖြစ်အောင် ကိုင်တွယ်မလဲ ဆိုတာ သိပ်ကို အရေးကြီးပြန်ပါတယ်။
.
.
( Learning Agility
.
ခေါင်းဆောင် တစ်ယောက်ရဲ့ အပြုအမူ စိတ်နေသဘောထားဟာ လက်အောက် ငယ်သား အားလုံးကို လွှမ်းမိုးမှုရှိလေ့ရှိပါတယ်။ ဒါကြောင့် တက်ကြွတဲ့ အဖွဲ့၊ နွေးထွေးတဲ့အဖွဲ့၊ စည်းကမ်းရှိတာ၊ အပြစ်ပုံချတာ စတဲ့ culture တွေဟာ leader တွေရဲ့ခေါင်းဆောင်မှုပုံစံပေါ်မူတည်ပြီး အဖွဲ့မှာ ဖြစ်ပေါ် လာလေ့ရှိပါတယ်။ ဒါ့အပြင် ခေါင်းဆောင်တွေက အသစ်အသစ်လေ့လာမှုတွေ မရှိတော့ဘဲ နည်းလမ်းအသစ်တွေ ဗျူဟာ အသစ်တွေကို ခေတ်စနစ်နဲ့ လိုက်လျောအောင် မလုပ်ဆောင်နိုင်တော့ဘူး။ တစ်နည်းအားဖြင့် Learning Agility မရှိတော့ဘူးဆိုရင် အဖွဲ့အစည်းတစ်ခုလုံးကလည်း ခေတ်နောက်ကျ ကျန်နေခဲ့ပြီး ဆုတ်ယုတ်လာမှာ ပါပဲ။
.
.
ဒါလေးတွေ ကတော့ အခြား မျှဝေမှုတွေမှာ တွေ့ရလေ့မရှိတဲ့ ခေါင်းဆောင်မှုအတွက် လိုအပ်နိုင်မယ့် skillတွေ ကို ကျွန်တော့် အတွေ့အကြုံတွေအရ မျှဝေခဲ့တာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းများ ဖြစ် ကြပါစေဗျား။
.
.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
.
.
Kaung Hein Soe - Strategic
Business Consultant

Keep Reading

ထိရောက်တဲ့ ခေါင်းဆောင်မှု စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။တန်ရာတန်ကြေးနိယာမမရိုးတရိုးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။