Author's Profile Photo

Hnin

7/06/2024

ကိုယ့်စေတနာနှင့်မတန်ဘူးထင်တဲ့သူတွေအတွက် အချိန်မကုန်ပါစေနှင့်

1 min read
Personal Development
General Knowledge
ကိုယ့်ရဲ့ သိန်းချီတန်တဲ့စကား၊ ရာချီတန်တဲ့စကားတွေကို တန်ဖိုးမရှိတဲ့သူတွေအတွက် အချိန်အကုန်မခံပါနှင့်

ပါချုပ်ဆရာတော်ဘုန်းဘုန်း ဟောတဲ့စကားလေးတစ်ခွန်းပါရှင့်။

အဲဒါလေးကိုနားထောင်မိတဲ့နေ့ကစပြီး အလိုလိုစကားနည်းလာတယ်။ ဘာလို့လဲဆိုတော့ အရင်ကဆိုလေ''ကိုယ်ပြောလိုက်ရင် သူလည်းပြင်မှာဘဲ၊ ကိုယ်အမြဲပြောနေရင် သူသိလာမှာဘဲ''ဆိုတဲ့အတွေးနှင့် စကားတွေအများကြီးပြောနေမိခဲ့တယ်။ဘာမှမထိရောက်ဖူးဆိုတာ သိသိကြီးနှင့်ဆက်တိုက်ဆက်တိုက် ကြိုးစားနေမိခဲ့တယ်။နောက်ပိုင်း သိလိုက်ရတာက ''တစ်ခြားသူကို ပြုပြင်လို့မရဘူး ဆိုတဲ့ အတွေး''ရလာခဲ့တယ်။

ပါချုပ်ဆရာတော်ရဲ့စကားလေးကြားပြီး ကိုယ့်ကိုယ်ကိုအမြဲပြန်ဆုံးမဖြစ်တယ်။ တစ်ဖက်လူက ကိုယ်အဲလောက်၊ရှင်းပြ၊ပြောပြနေတာတောင် သူ့ဖက်က ဘာမှတုန်လှုပ်မလာခဲ့ရင် ကိုယ့်ကိုယ်ကိုပြန်ပြောလိုက်တယ်''ဟယ်.. နင်ဘာတွေခံစားနေတာလဲ။နင့်ရဲ့ စကားလုံးတွေက တန်ဖိုးကြီးတယ်လေ။အများကြီးမပြောနှင့်။စျေးကျလိမ့်မယ်။''

ကျွန်မတို့တွေက လောကမှာ ကိုယ်လိုချင်တဲ့အိမ်ကို ကိုယ်ကြိုက်တဲ့ပုံစံဆောက်လို့ရတယ်။
ကိုယ်လိုချင်တဲ့ body sizeတွေကို ကိုယ်တိုင်လေ့ကျင့်ခန်းလုပ်ကြီး ပြောင်းလဲလို့ရတယ်။ဒါပေမဲ့ လူတစ်ယောက်ကိုတော့ ကိုယ်လိုချင်တဲ့ပုံစံသွင်းလို့မရပါဘူးရှင့်။


Hnin(7.6.2024)8:10PM

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်