Default Profile Photo

SarPhat User

7/06/2024

'ယောင်'တာလား၊ 'ရောင်'တာလား *****

1 min read
Book Review
Education
General Knowledge
'ယောင်'တာလား၊ 'ရောင်'တာလား
*****'s photo


'လက်ယောင်လိုက်'တာလား၊ 'လက်ရောင်လိုက်' တာလား။

အချို့အသုံးတွေက အသံထွက် ဆင်တူတဲ့အခါ ဟိုလို ရေးရနိုးနိုး၊ ဒီလို ရေးရနိုးနိုး ဒွိဟ ဖြစ်တတ်ပါတယ်။

'ယောင်' ဆိုတာ အယောင်ယောင်အမှားမှား ပြုမူ ပြောဆိုတတ်တာမျိုးကို ဆိုလိုပြီး 'ရောင်' ဆိုတာက အနာရောဂါကြောင့် အသားအရေ ပွဖောင်းတာမျိုးကို ဆိုလိုတာပါ။

'ရောင်' အဓိပ္ပာယ်သဘောက အသားအရေကို လက်နဲ့ ထိကိုင်တို့ဆိတ်လိုက်လို့ အသားအရေ ပွဖောင်းလာတာမျိုးကို ဆိုလိုတာပါ။ ပါးပေါ်က ဝက်ခြံကို လက်နဲ့ ညှစ်လိုက်တော့ လက်ဆိပ်တက်ပြီး ပါးကြီး ဖူးရောင်လာတာမျိုး။ အပင်ပေါ်က အသီးတွေကို လက်နဲ့ ထိမိကိုင်မိညှစ်မိလိုက်လို့ အဲဒီအသီး ပုပ်သွားနာသွားတာမျိုးမှာလဲ သုံးပါတယ်။ ဒီတော့ 'လက်ရောင်လိုက်' ဆိုပြီး 'ရောင်'နဲ့ သုံးမှ ဆိုလိုရင်း အဓိပ္ပာယ် ပေါ်လွင်မှာ ဖြစ်ပါတယ်။

'လက်ယောင်လိုက်' ဆိုပြီး 'ယောင်'နဲ့ တွဲမယ် ဆိုရင်တော့ လက်က အယောင်ယောင်အမှားမှား လိုက်လာတယ် ဆိုတဲ့အဓိပ္ပာယ်သဘောမျိုး ဖြစ်နေမှာမို့ ဆိုလိုချင်တဲ့ အဓိပ္ပာယ် မထွက်ဘူး ဆိုတာ သတိမူနိုင်ပါတယ်။

အေးကျော်မင်း

ကိုးကား ။ ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။

အကျိုးရှိတယ်ဆိုရင် တခြားမိတ်ဆွေတွေလဲ ဖတ်ရှုနိုင်ဖို့ Share သွားပေးပါအုံးနော်။?

အကျို
#ရေးမယ်ထရိန်နင်
#အသုံးအနှုန်းအလွဲ

(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)

မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။

?Telegram channel
https://t.me/yaymaltraining

?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5

?Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q

?Viber Channel
https://invite.viber.com/?g2=AQA6ciOWEhWMNlL7oX%2B%2Bh8GhiWmVgfetedr8mYgu%2B2FaeHFryD7Q6iib9uL3ZaAA

Keep Reading

အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါမေတ္တာမဏ္ဍိုင်အင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း