Author's Profile Photo

Nicolette

7/06/2024

သုတစာပေ - Nonfiction

1 min read
Book Review
Art
18 Again
သုတစာပေ - Nonfiction's photo

စိတ်ကူးယဉ်မဟုတ်သောစာပေများလို့ အင်္ဂလိပ်တွေက သုတစာပေကို ခေါ်ကြပါတယ်။


သုတစာပေတွေရဲ့ ရည်ရွယ်ချက်က ပညာရပ်တစ်ခုခုအကြောင်း သတင်းပါးဖို့ပါ။


ကဗျာဆန်တာ၊ စိတ်ကူးယဉ်တာ၊ ဇာတ်ကွက် အလှည့်အပြောင်း၊ စိတ်ခံစားချက် ဒါတွေ လုံးဝမပါဘဲ ပညာရပ်တစ်ခုခုကို တိုက်ရိုက်ရေးသားထားတာမျိုးကို သုတစာပေလို့ သတ်မှတ်ပါတယ်။


စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုက နေ့စဉ်မှတ်တမ်းလို့ခေါ်တဲ့ ဒိုင်ယာရီတွေနဲ့


သမိုင်းကြောင်းတွေ၊ ဘဝဖြစ်ရပ်မှန်စာအုပ်တွေကိုပါ သုတစာပေထဲထည့်တာပါ။


ဒါကြောင့် သုတစာပေက မှန်ကန်တဲ့ ဖြစ်ရပ်တွေကို အခြေခံထားသော စာအုပ်များလို့ ဆိုနိုင်ပါတယ်။


စိတ်ကူးယဉ်ပြီးရေးထားတာမဟုတ်တဲ့ တိကျတဲ့အချက်အလက်တွေပေါ့။


သုတစာပေအမျိုးအစားတွေထဲမှာ


History - သမိုင်းကြောင်း

Philosophy - အတွေးအခေါ်

Religion and Spirituality - ဘာသာရေးနှင့် ဝိညာဉ်ရေးရာ

Science - သိပ္ပံပညာ

Politics - နိုင်ငံရေး

Essay - စာစီစာကုံး (ကိုယ်ပိုင် အတွေ့အကြုံဝတ္ထု၊ ဆောင်းပါးတိုများ)

Self-Help - ကိုယ်ရည်သွေးတိုးတက်မှု

Business and Economics - စီးပွားရေးဆိုင်ရာ

Health and Wellness - ကျန်းမာရေးဆိုင်ရာ

Crafts and Hobbies - လက်မှုပညာ

Travel Guides - ခရီးသွားလမ်းညွှန်

Cookbooks - အချက်အပြုတ်

Parenting and Family - မိသားစုလမ်းညွှန်

Children’s Nonfiction - ကလေးများအတွက် သုတ (သိပ္ပံဘယ်ကစ စာအုပ်လို ကာတွန်းပုံလေးတွေနဲ့ ကလေးတွေအတွက် ဗဟုသုတ မိတ်ဆက်စာအုပ်များ)

Educational Guides - ပညာရေးလမ်းညွှန်

Textbooks - ကျောင်းသုံးစာအုပ်များ

Language Books - ဘာသာစကား စာအုပ်များ

Career guides - အလုပ်အကိုင်အတွက် လမ်းညွှန်စာအုပ်များ

Humor - ဟာသ (စိတ်ကူးယဉ်မဟုတ်သော ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ)

Arts Books - အနုပညာစာအုပ်များ (ပန်းချီကား စုစည်းမှု၊ ဓာတ်ပုံစုစည်းမှု စာအုပ်များ)

Memoirs and autobiographies - ကိုယ်တိုင်ရေးမှတ်တမ်းများ

Biographies - ကျော်ကြားသူတို့ရဲ့ မှတ်တမ်းများ

Autobiographies ဟာ ကျော်ကြားသူကိုယ်တိုင်ရေးတဲ့ မှတ်တမ်းဖြစ်ပြီး Biographies ကတော့ ကျော်ကြားသူတစ်ယောက်ယောက် အကြောင်းကို စာရေးဆရာက ပြန်ရေးထားတာဖြစ်ပါတယ်။



Travel Literature - ခရီးသွားစာပေ (လမ်းညွှန်မဟုတ်ဘဲ ခရီးစဉ်မှာ ကြုံတွေ့ခဲ့ရတာများကို ရေးသားထားသော စာအုပ်)

Journalism - သတင်းစာ၊ ဂျာနယ် တို့ပါဝင်ပါတယ်။


သုတစာပေတွေဟာ သတင်းအချက်အလက်နဲ့ သင်ယူမှုများအတွက် အထောက်အကူများစွာပြုပြီး ဦးနှောက်ဖွံဖြိုးမှုအတွက် အရေးပါတဲ့ စာပေမများဖြစ်ပါတယ်။


သုတစာပေ ရေးသားမယ့် စာရေးသူတွေဟာလဲ မိမိရဲ့ အချက်အလက်တွေ တိကျမှန်ကန်မှုရှိစေဖို့ အရေးကြီးပါတယ်။


Nicolette မှ ရေးသားပါသည် ?


⛔ ပြန်ကူးတင်ခွင့်မပြုပါ ⛔


ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?

Keep Reading

Victor Hugo ဘဝအမောပြေရေကန်သာကြာတိုင်းအေးအတ္တတကောင်ကြွက်အမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးအမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအတ္တမာန အမွေအနှစ်လား လံကြုပ်လား အပိုင်းလေးဖိုမ ပညာပေး သင်ကြားရေး𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚