Leo(Nann)❤️
မင်းဘာအလုပ်လုပ်သလဲ?
စာရေးဆရာလား?
ပန်းချီဆရာလား?
အဆိုတော်လား?
လူတိုင်းကဝါသနာလည်းမတူနိုင်သလို
အလုပ်အကိုင်တွေလည်းမတူကြပါဘူး။
မင်းလုပ်နေတဲ့အလုပ်က
မင်းရဲ့ဝါသနာနဲ့ကိုက်ညီရဲ့လား။
မင်းတကယ်လုပ်ချင်တဲ့အရာရောဟုတ်ရဲ့လား။
တစ်ခါတစ်ရံမှာတို့တတွေက
ကိုယ့်ဝါသနာနဲ့ ကိုယ်လက်ရှိေရွးချယ်ထားတဲ့လမ်းကြောင်းတွေလွဲနေတတ်ပါတယ်။
အဆင်မပြေဘူးလားဆိုတော့လည်း
ပြေသင့်သလောက်တော့ပြေပါတယ်။
ဆိုးဆိုးရွားရွားကြီးတော့မဟုတ်ပေမဲ့
ကိုယ့်လုပ်နေတဲ့အသက်မွေးဝမ်းကြောင်းကိုစိတ်ပါဝင်စားမှုမရှိတဲ့အခါ
လုပ်ငန်းကမတိုးတက်နိုင်တော့ပါဘူး။
"ငါ့ဝါသနာလေးကိုသာလုပ်လိုက်ရရင်"ဆိုတဲ့
အတွေးက အမြဲရစ်ဝဲနေတတ်ပါတယ်။
လူ၁၀၀မှာအယောက်၅၀ကျော်လောက်က
အဲ့ဒီလွဲမှားမှုမျိုးတွေကိုဆုပ်ကိုင်ထားကြပါတယ်။
ဒီCaseကပြသနာတော့သိပ်မရှိပေမဲ့ ဝါသနာနဲ့အလုပ်အကိုင်ထပ်တူကျသူတွေလောက်တော့ အကျိုးမများနိုင်ပါဘူး။
ဒါကြောင့်ကျွန်ုပ်တို့ဟာ ငယ်စဥ်ထဲက
ကိုယ့်စိတ်ကြိုက်ဝါသနာတစ်ရပ်ရပ်နဲ့
စပ်လျဉ်းပြီး ခိုင်မာတဲ့goalတစ်ခုချမှတ်ထားရပါမယ်။
နောင်တတွေတသီကြီးနဲ့ ဘဝကိုရှေ့ဆက်ရတာလုံးဝပျော်စရာမကောင်းပါဘူး။
အစကောင်းမှအနှောင်းသေချာဆိုသလိုဘဲ
အစဦးကတည်းက မိမိရဲ့အနာဂတ်လမ်းကြောင်းအတွက်
သေချာစဉ်းစားပြီးမှ အသက်မွေးတာ
အကောင်းဆုံးပါဘဲ။
ကိုယ်ဝါသနာပါတာလဲလုပ်ရမယ်
ကိုယ့်ဘဝလည်းအဆင်ချောပြီးလှပမယ်ဆိုရင် အဲ့လူအတွက်တော့နိဗ္ဗာန်ပါဘဲ။
ကိုယ်မလုပ်ချင်တဲ့အရာကို မချစ်သော်လည်းအောင့်ကာနမ်းမနေပါနဲ့။
ဝါသနာနဲ့တွန်းအားပေးခံရမှုလွန်ဆွဲခဲ့ရတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုကျွနု်ပ်မျှဝေပေးလိုက်ပါတယ်။(နာမည်များပြောင်း၍ရေးသားထားသည်။)
တစ်ခါကမောင်မြဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။စာကြိုးစားပြီးမိဘစကားကိုတသွေမတိမ်းနားထောင်တယ်။စာလည်းတော်ပြီး လူတိုင်းကအားကျရတယ်။စာဖတ်ခြင်းကိုအလွန်ခုန်မင်တဲ့သူလည်းဖြစ်ပြီးအားနေတဲ့အခါမှာစာတိုလေးတွေလည်းရေးသားလေ့ရှိတယ်။
ဆယ်တန်းမှာ မိဘတွေက သိပ္ပံဘာသာတွဲကိုယူခိုင်းကြတယ်။ဆရာ၊ဆရာမတွေကလည်းသူ့အပေါ်မှာသိပ်ကိုုမျှော်မှန်းထားကြတာပေါ့။သူကလည်းမိဘတွေကျေနပ်အောင် ဇီဝဗေဒဘာသာတွဲကိုယူပြီး ဆယ်တန်းဖြေလိုက်တယ်။(သိပ်တော့သဘောကျဟန်မတူ)
အဲ့ဒီအထိပြသနာမရှိသေးဘူး။အောင်စာရင်းထွက်လာတဲ့အခါ ၆ဘာသာဂုဏ်ထူးနဲ့ သူ့နာမည်ထိပ်ဆုံးက။
ဘယ်ကစပြီး ဒုက္ခရောက်သလဲဆိုရင်
တက္ကသိုလ်တက်ရမဲ့အချိန်ပေါ့။
မောင်မြက ဆေး အမှတ်မီတော့ မိဘတွေက
ဆေးတက္ကသိုလ်ပို့ချင်ကြတယ်။
သူဝါသနာပါတာကစာရေးတာဆိုတော့
သူကငြင်းတယ်။ဒါနဲ့ သူ့မိခင်ကြီးဒေါ်ဒေါလှကချူသံပါအောင်ငိုပါလေရော။ဘယ်လိုမှငြင်းမရတဲ့အဆုံး
သူကဘဲအလျှေ့ာပေးလိုက်ရတယ်။ဆေးတက္ကသိုလ်ပထမနှစ်တက်ရပြီး
သူ့စိတ်ဝေဒနာကတဖြေးဖြေးစိုးမိုးလာတယ်။"ငါသာစာရေးနေရရင်ဘယ်လောက်ကောင်းလိုက်မလဲ"ဆိုတဲ့အတွေးကြီးဝင်လာပါလေရော။စာလဲမကျက်နိုင်၊အစားအသောက်လည်းမမှန်၊အရုပ်ကြိုးပျက်ဖြစ်ပြီး၂နှစ်ဆက်တိုက်စာမေးပွဲကျတယ်။မောင်မြအဖေဦးမောင်ငွေက
ငါ့သားဘယ်လိုဖြစ်တာလဲဆိုပြီးနှစ်ကိုယ်ခြားမေးတယ်။အဲ့တော့မှ မောင်မြကသူဝါသနာပါတာကိုဘဲလုပ်ချင်တဲ့အကြောင်းပြောလာတာပေါ့။အဲ့ဒါနဲ့ဖခင်ကြီးက ၃နှစ်အချိန်ပေးမယ်
မင်းဝါသနာအတိုင်းဆက်လျှောက် မအောင်မြင်ရင် သူ့အဆိုးမဆိုနဲ့ဆိုပြီး
အခွင့်အရေးပေးလိုက်တယ်။အဲ့ကျမှမောင်မြက ပျော်ရွှင်လာပြီးဝါသနာပါရာလုပ်တယ်။၂နှစ်ကျော်ကျော်လောက်နဲ့ သူရေးတဲ့စာအုပ်တွေပေါ်ပြူလာဖြစ်လာတယ်။လူကြိုက်များပြီးနာမည်ကြီးလာတယ်။
ဒီတော့မှမောင်မြရဲ့မိဘနှစ်ပါးကဝါသနာပါ ရာကိုလုပ်ခွင့်ပြုပေးရမယ့်အကြောင်းသဘောပေါက်တယ်။သူတို့သာမချုပ်ချယ်ခဲ့ရင်အစောကတည်းက
သူတို့သားလေးအောင်မြင်ခဲ့မှာဆိုပြီး
မျက်ရည်လည်လာကြတယ်။
ဒီဇာတ်လမ်းမှာလိုဘဲ
မိဘတွေအနေနဲ့လည်းသားသမီးဝါသနာပါရာကိုလက်ခံသင့်တယ်လို့ပြောချင်ပါတယ်။
စာဖတ်သူတို့လည်း မိမိဝါသနာပါရာကိုရွေးချယ်ကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။
အားလုံးကိုအစဥ်လေးစားလျှက်.......
#Leo
(7.6.2024)
#Sarphat
#knowledge
Keep Reading