Author's Profile Photo

သစ်တိုင်းမွှေး

6/06/2024

ဆင်ဖြူတော်ရဲ့ကြန်အင် လက္ခဏာ

1 min read
General Knowledge
18 Again

ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာ ဆင်ဖြူတော်ကို ဂုဏ်ယူစရာအဖြစ်မြင်ရတွေ့ရမှာပါ။ဒီအပြင် မြန်မာသမိုင်းမှာလဲ ဆင်ဖြူတော်ကို ရတနာတစ်ပါးအဖြစ်ပင် အမွှမ်းတင်ထားသည်ကိုတွေရမှာမှာပါ။ဆင်ဖြူတော်က ရှားပါးစာရင်းဝင်ဆင်မျိုးဖြစ်ပြီး ဆင်ဖြူတော်အနွယ်ဝင် ဆင်၁၂မျိုးလဲရှိပါတယ်။ဒါဆို ဘယ်လိုဆင်မျိုးအနွယ်တွေကို ဆင်ဖြူတော်လို့ခေါ်ကြတာလဲပေါ့။ဆင်ဖြူတော်ဖြစ် ပြည့်မှီဖို့ကိုအရည်အသွေး ကြန်အင်းလက္ခဏာ၈ရပ်အညီ ရွှေးချက်သတ်မှတ်ကြပါတယ်။ဒီကြန်အင်းလက္ခဏာတွေကြည့်ပြီးမှ ဒီဆင်ဟာ ဆင်ဖြူတော်ဖြစ်ကြောင်းကို သတ်မှတ်ကြတာပါ။ဆိုတော့ ဘယ်လိုအရည်အသွေးကြန်အင်းတွေက ဆင်ထြူတော်နဲ့ညီလဲဆိုတာပြောပြပေးပါမယ်။

၁။ဆင်ဖြူတော်ရဲ့ မျက်ဝန်းက ပုလဲရောင်ရှိရပါမယ်တဲ့။ပုလဲလို ငွေရောင်ဖျော့ဖျော့ မျက်ဝန်းတွေကို ဆိုလိုနေခြင်းပါ။

၂။ခွါက အဖြူရောင်ရှိရပါမယ်ခင်ဗျ။

၃။ဆင်ရဲ့ ကျောကုန်းပုံပန်းသဏ္ဍာန်ဟာ ငှက်ပျောကုန်းပုံစံရှိရပါမယ်။

၄။အမွှေးအရောင်က ကျွဲဖြူလို့မဆင်းသဏ္ဍာန်ရှိရပါမယ်။

၅။ဆင်ဖြူတော်မှာ ဆင်စွယ်ဟာ ကျိုးခြင်းပဲ့ခြင်းမရှိရပဲ အစွယ်စုံရှိရပါမယ်။

၆။အမြှီးသဏ္ဍာန်ကိုလဲ တံခါးလက်ဝါးသဏ္ဍာန်ရှိရမယ်လို့သတ်မှတ်ထားပါတယ်။

၇။နားရွက်အရွယ်အစားကတော့ သာမာန်ဆင်ကလေးတွေထက် ပိုကြီးရပါမယ်။

၈။သာမန်ဆင်များနှင့်မတူဘဲ က္ကန္ဒြေသိက္ခာရှိပြီးတည်ငြိမ်နေရမယ်။

ဒါတွေက ဆင်ဖြူတော် ရဲ့ကြန်အင်းလက္ခာတွေပါပဲခင်ဗျ။သူငယ်ချင်းတို့အနေနဲ့ ဆင်ဖြူတော်ရဲ့ ကြန်အင်းလက္ခဏာတွေလဲ သိပြီးပြီဖြစ်တာကြောင့် တစ်နေရာရာမှာများ ဆင်ဖြူတော်တွေခဲ့ရင် အသိကလေးမျှဝေပေးပါအုံးနော်။

ချစ်သော
သစ်တိုင်းမွှေး

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ငွေမစုတဲ့ သူဌေးများ