Author's Profile Photo

Hnin

4/06/2024

စိတ်ရော၊လူရော ပင်ပန်းနေကြပြီလား

1 min read
Personal Development
General Knowledge
အရာအားလုံးဟာ ရှေ့လျှောက်ကောင်းလာဖို့ဘဲ မျှော်လင့်ခဲ့မိကြတာ၊ဒါပေမဲ့ မျှော်လင့်ထားသလိုဖြစ်မလာဘဲ အရာအားလုံးက ပိုပြီးဆိုးရွားလာတော့ စိတ်ဓာတ်တွေကျနေကြပြီလား။


နားလည်ပါတယ်။ တစ်ချို့ရက်တွေဆို ကိုယ့်မိသားစု၊ ကိုယ်ဆွေမျိုးတွေအကြောင်း သတိရပြီး အိပ်မပျော်တဲ့ညတွေရှိကြမှာပေါ့။ဒါပေမဲ့လေ ကျွန်မတို့တွေဟာ ၂၄နာရီလုံး စိတ်ဓာတ်ကျစရာတွေဘဲတွေးနေမိရင် အသက်ရှင်လျက် သေတဲ့သူလိုဖြစ်နေမှာပေါ့။ဘာတွေဘယ်လိုဘဲ ဖြစ်နေပါစေ
'ငါတို့အသက်ရှင်နေသေးတယ်လေ'၊စိတ်ဓာတ်တွေကျနေလို့မရဘူး။

ဆရာဖြိုးသီဟပြောဖူးတယ်။
'လူတွေကို ကူညီတဲ့နေရာမှာငွေကြေးတစ်ခုဘဲ ကူညီတာမှ ကူညီတာမဟုတ်ဖူးတဲ့။စိတ်ပိုင်းဆိုင်ရာ ကူညီတာလည်း ကူညီပေးတာဘဲတဲ့။'စိတ်ပိုင်းဆိုင်ရာ ကူညီတဲ့နေရာမှာ ကိုယ်ကစိတ်ဓာတ်မာနေမှ တစ်ဖက်လူကို ကူညီပေးလို့ရမှာပေါ့။ ကိုယ်ကဘဲ စိတ်ဓာတ်တွေကျနေရင် တစ်ဖက်လူကိုဘယ်လိုလုပ် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနိုင်မှာလဲ။
(လာပါ အတူတူငိုရအောင်တော့မလုပ်ကြနှင့်နော?)။

ပြောချင်တာကတော့ ဆိုးရွားတဲ့အချိန်တစ်ခုကြုံနေရတာ ကိုယ်တစ်ယောက်ထဲမဟုတ်ဖူးဆိုတဲ့ အသိလေးတစ်ခုနှင့် ကိုယ့်စိတ်ကိုယ်ကို အမြဲအားတင်းထားကြပါ။ငါတို့အားလုံး အချိန်တစ်ခုရောက်ရင် အဆင်ပြေသွားမှာပါ။နေ့တစ်နေ့ကို ကိုယ်ဘယ်လိုအကောင်းဆုံးဖြတ်သန်းရမလဲဆိုတာဘဲ တွေးထား။ဘာအနာဂတ်မှ မတွေးနှင့်။ ဒီနေ့...ဒီတစ်ရက်လေးဘဲ စဥ်းစား။ မနက်ဖြန်ဆိုတာတောင် မစဥ်းစားနှင့်။

Hnin(4.5.2024)10:03PM

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းလက်ရှောင်တတ်တာကမှ အဆင်ပိုပြေသေးတယ် စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအကျင့်ဆိုးသမားတွေကိုရှောင်ပါ စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်လေးဆယ့်သုံး - ချမ်းသာခြင်းအစစ် စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်း