မြသွန်း(တောင်ဒဂုံ)
?ဂျက်ကီချန်းကိုငယ်ငယ်တုန်းက သူမိဘတွေက ဘာလို့ရောင်းစားဖို့လုပ်ခဲ့တာလဲ?
?ကမ္ဘာကျော်မင်းသားကြီးတစ်ဦးဖြစ်သလို၊ ထိပ်တန်းဆုကြီးတွေဖြစ်တဲ့ အော်စကာဆုကိုတောင် သိမ်းပိုက်နိုင်ခဲ့တဲ့ဂျက်ကီချန်းကိုတော့ မကြိုက်တဲ့သူရှားလောက်မယ်ထင်ပါတယ်။
?သူက အခုလိုအောင်မြင်မှုကိုရရှိနိုင်ဖို့အတွက် ဒဏ်ရာပေါင်းများစွာ၊ နာကျင်မှုပေါင်းများစွာနဲ့ ရှုံးနိမ့်မှုပေါင်းများစွာကို ပေးဆပ်ခဲ့ရသူတစ်ယောက်ပါ။ နောက်ပြီး ဂျက်ကီချန်းကို ငယ်စဉ်တုန်းက သူ့မိဘတွေက ရောင်းစားဖို့အထိလုပ်ခဲ့တယ်ဆိုတာကိုရော မိတ်ဆွေတို့သိကြပါသလား?
?ဒီနေ့မှာဆိုရင် ဘာလို့ဂျက်ကီချန်းမိဘတွေက သူ့ကိုရောင်းစားဖို့အထိစဉ်းစားခဲ့ရတာလဲ? ပြီးတော့သူကရော အခုလိုအောင်မြင်နိုင်ဖို့အတွက် ဘယ်လောက်ထိကြိုးစားခဲ့ရသလဲ? စတဲ့အကြောင်းရာတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။
?ဂျက်ကီချန်းကတော့ ဟောင်ကောင်မြို့က ဆင်းရဲတဲ့မိသားစုတစ်စုကနေ မွေးဖွားလာခဲ့တာပဲဖြစ်ပါတယ်။ အခုလိုဆင်းရဲတာကပဲ သူ့မိဘတွေရဲ့အတွေးထဲကို အဆိုးဆုံးအထိတွေးသွားစေပြီးတော့ သူတို့က သူတို့ရဲ့ကလေးကို ဒေါ်လာ(၂၅၀)နဲ့ ဗြိတိန်ဆရာဝန်ဆီရောင်းဖို့အထိ လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီလောက်ထိကို သူတို့မိသားစုလေးက ဆင်းရဲခဲ့ကြတာပါ။
? ဒါ့အပြင် ဂျက်ကီချန်းကလည်း စာဖတ်ခက်ခဲတဲ့ပြဿနာတစ်ခုရှိနေခဲ့ပါတယ်။ ဒီလိုစာမဖတ်တတ်တဲ့ အားနည်းချက်ကြောင့်လည်း ဂျက်ကီချန်းဟာ ကျောင်းမှာအမြဲတမ်းအနှိမ်ခံခဲ့ရပါတယ်။ နောက်ပြီး သူငယ်ငယ်ကတည်းက သူ့မိဘတွေဟာ တိုင်းတစ်ပါးမှာသွားပြီး အလုပ်လုပ်ရတာကြောင့် ဂျက်ကီချန်းက ကိုယ်ခံပညာကျောင်းမှာပဲ တစ်ယောက်တည်းနေခဲ့ရပါတယ်။
? အသက်(၇)နှစ်အရွယ်လေးနဲ့ အခုလိုတစ်ကိုယ်တည်းရုန်းကန်ခဲ့ရတဲ့အပြင် ကိုယ်ခံပညာကျောင်းမှာလည်း အခက်ခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါမယ့်ဂျက်ကီချန်းဟာ ငယ်စဉ်ကတည်းက တက်ကြွသွက်လက်ပြီးတော့ ကြိုးစားချင်စိတ်ရှိတဲ့ကလေးတစ်ယောက်ပါ။ အခုလိုနဲ့ သူ့အသက်(၁၇)နှစ်အရွယ်မှာတော့ စတန့်မင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။
? စတန့်မင်းသားဆိုတဲ့အတိုင်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အခန်းတွေကိုရိုက်ကူးခဲ့ရသလို နာကျင်မှုဒဏ်ကို အလူးအလိမ့်ခံစားဖြတ်သန်းရင်း သူ့ဘဝတစ်လျှောက်လုံးမှာ သေမလိုဖြစ်ခဲ့ရတဲ့အကြိမ်ပေါင်းကလည်း မနည်းမနောပါပဲ။ တစ်ရက်မှာတော့ ဂျက်ကီချန်းက ဘရုစလီရဲ့ရုပ်ရှင်ဗီဒီယိုကားမှာ စတန့်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခွင့်ရရှ်ိခဲ့ပါတယ်။
? အခုလိုကိုယ့်ရဲ့idolနဲ့ တစ်ကားတည်းရိုက်ကူးခွင့်ရခဲ့တာကြောင့် သူက အတော်လေးကိုဝမ်းသာခဲ့ရပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းဘရုစလီသေဆုံးသွားတဲ့နောက်မှာတော့ ဂျက်ကီချန်းက ဘရုစလီရဲ့အိုက်တင်တွေကို အတုခိုးဖို့အထိကြိုးစားခဲ့ပါတယ်။ ဒါမယ့်လည်း သူများကိုလိုက်တုထားတာကြောင့် အောင်မြင်မှုရဖို့နေနေသာသာ ရှုံးပြီးရင်းရှုံးနေခဲ့ပါတယ်။
?ဒါကြောင့်အဲ့ဒီမှာပဲ ဂျက်ကီချန်းက သူများတကာကိုလိုက်တုမနေတော့ဘဲ သူ့ရဲ့ပုံစံအစစ်အမှန်ကိုသာ ပရိတ်သတ်ဆီချပြတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူကျွမ်းကျင်တဲ့ပညာရပ်တွေဖြစ်တဲ့ ဟာသနဲ့ကိုယ်ခံပညာကိုပေါင်းစပ်ပြီး အစစ်အမှန်ကိုချပြတော့မှပဲ "ဂျက်ကီချန်း"ဆိုတဲ့နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားလာတာအခုချိန်ထိပါပဲရှင်။
? နောက်ဆုံး အာရှမင်းသားကြီးဂျက်ကီချန်းက အာရှမှာတင်မကဘဲ ဥရောပအထိပါထိုးဖောက်ပြီး အမြင့်ဆုံးဆုကြီးဖြစ်တဲ့ အော်စကာဆုကိုပါဆွတ်ခူးနိုင်ခဲ့တဲ့အထိ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုလိုစာမဖတ်တတ်တဲ့ကလေးတစ်ယောက်ကနေ ကမ္ဘာကျော်အော်စကာဆုရှင်ကြီးအဖြစ်ကို ရောက်ရှိသွားနိုင်တာက "ကံ"ကောင်းလွန်းအားကြီးနေလို့တော့မဟုတ်ပါဘူး။ ဒါဟာ ကြိုးစားမှုရဲ့ရလဒ်တွေပါပဲရှင်...?
Keep Reading