SarPhat Author

မြန်မာနိုင်ငံသည်အာရှတိုက်အရှေ့
အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည်။
အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း
၂၆၁၂၂၈ ကျယ်ဝန်းပြီး
ကမ္ဘာပေါ်တွင် ၄၀နိုင်ငံမြောက်အကြီးဆူံးနိုင်ငံဖြစ်ပါတယ်။ အရှေ့တောင်အာရှတွင်တော့ဒုတ်ိယ အကြီးဆူံးနိုင်ငံဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အရှေ့တောင်အာရှတွင်ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပါလျက် ဘာကြောင့်မတိုးတက်ရတာလဲ ။
ဘာတွေများလိုအပ်ချက်ရှိနေလို့မတိုးတက်သလဲသိရှိအောင်
စာကိုအဆုံးထိဖတ်ပေးကြပါခင်ဗျာ။
(၁) စာဖတ်နည်းကြခြင်း
မြန်မာနိုင်ငံမတိုးရတယ့်အကြောင်းတွေ
ထဲကတစ်ချက်ကမြန်မာနိုင်ငံသားတွေ
စာဖတ်တာ အလွန်နည်းကြတယ်
နိုင်ငံရဲ့၃ပုံ၁ပုံမိဘတွေက
ပြင်ပစာဖတ်ဖို့ထက်ကျောင်းစာကို
အသေကျက်မှတ်စေပါတယ်
ထို့ကြောင့်နိုင်ငံရဲ့စာဖတ်နှုန်းကတစ်ဖြေးဖြေးနှုန်းလျော့ကျကာ
နိုင်ငံကိုမတိုးတက်ဘဲလျော့ကျစေပါတယ်
(၂) စစ်တပ်မှအာဏာခဏခဏသိမ်းခြင်း
နိုင်ငံတစ်နိုင်ငံဟာတိုးတက်ဖို့ဆို
ပြည်သူရွေးချယ်တဲ့ ခေါင်းဆောင်ဖြစ်မှတိုးတက်မှာဖြစ်ပေတယ်။
သို့ပေမယ့် ပြည်သူမရွေးချယ်ထားတယ့်
ခေါင်းဆောင် တစ်ယောက်
တက်လာမယ်ဆိုရင်
(သို့မဟုတ်)စစ်တပ်မှအာဏာအဓမ္မတသိမ်းယူခြင်းသည် နိုင်ငံတိုးတက်လာခြင်းထက် နိုင်ငံကိုဆုတ်ယုတ်စေပါတယ်
မြန်မာနိုင်ငံ တွင်
အာဏာသိမ်းမှု၂ကြိမ်ဖြစ်ပွားခဲ့တာကြောင့်
တိုးတက်သင့်သလောက်မတိုးတက်ဘဲဆုတ်ယူတ်ရခြင်းဖြစ်တယ်
(၃) လူငယ်တွေ ဖြစ်ချင် သောဆန္ဒကိုဖြစ်ခွင့်မပေးခြင်း
ရှေးရိုးစွဲလူကြီးမိဘတွေများပြားခြင်း
မြန်မာနိုင်ငံက၃ ပုံ၁ပုံသောလူကြီးမိဘများသည် သူတို့သည်သာအမှန်
သူတို့လုပ်တာအမှန်
သူတို့နဲ့လုပ်တာမတူရင် မှားတယ်လို့ထင်ကြတယ်
လူငယ်တွေနေရာပေးဖို့ဆိုတာထက်
အချို့လူကြီးမိဘများသည် သူတို့ဖြစ်ချင်တာကိုသာဦးစားပေးကြသည်
လူငယ်ကလေးဖြစ်ချင်တာကိုနောက်ထား
သူတို့ဖြစ်ချင်တာအရင်ဖြစ်အောင်လုပ်ခြင်းသည် နိုင်ငံ၏မတိုးတက်ခြင်းအကြောင်းပြချက်ဖြစ်နေခဲ့သည်
သူများနိုင်ငံနဲ့မတူတာကအချို့
မြန်မာလူကြီးမိဘများသည် ကလေး
ဖြစ်ချင်တယ့်ဆန္ဒရည်မှန်းချက်ကို
အားပေးဖို့ထက်သူတို့အတ္တတစ်ခုတည်းရှေ့တန်းတင်ခြင်းဖြစ်ပေသည်။
သူများနိုင်ငံများသည်ကလေးဖြစ်ချင်တယ့်ဆန္ဒကိုအားပေးသောကြောင့်သူတို့နိုင်ငံသည်
တိုးတက်အောင်မြင်လာကာနိုင်ငံဂုဏ်ကိုဆောင်သည်အထိတိုးတက်လာခဲ့သည်။
(၄) စည်းကမ်းမရှိခြင်း
နိုင်ငံတစ်ခုတိုးတက်ဖို့ဆို စည်းကမ်းကအလွန်တရားအရေးကြီးပေသည်။
စည်းကမ်းရှိမှတိုးတက်ပေမည်
မြန်မာနိုင်ငံဟာစည်းကမ်းဆိုင်ရာလိုက်နာခြင်းမရှိဆုံးနိုင်ငံ၁၀နိုင်ငံထဲမာပါဝင်နေခဲ့သည်။
ထို့အချက်သည် ကောင်းမွန်သောအချက်မဟုတ်ပေ။ ထိုအချက်လိုက်နာအောင်တစ်ယောက်မှတစ်ဖွဲ့၊ တစ်ဖွဲ့မှတစ်ရပ်ကွက်
အစရှိသဖြင့်လိုက်နာသင့်ပါတယ်
သို့မဟုတ်ဘဲကြုံရာစားကြုံရာပစ်မယ်
ကြိုက်တယ့်နေရာကွမ်းထွေးမယ်
အစရှိသဖြင့်အဲ့လိုသာဆက်လုပ်မယ်ဆိုရင်နိုင်ငံကမတိုးတက်လာဘဲဆုတ်ယုတ်ပြီးရင်ဆုတ်ယူတ်ပါလိမ့်မယ်
(၅) စိတ်ဓါတ်အောက်တန်းကျခြင်း
မြန်မာနိုင်ငံရှေးအရင်ခေတ်တုန်းကယဥ်ကျေးပျူဟာခဲ့သလောက် ဒီဘက်ခေတ်မှာ
ယဥ်ကျေးတယ်ဆိုတာမရှိသလောက်ကိုရှားပါးနေပါပြီ။ ဒါ့အပြင်
မြန်မာပြည်သူပြည်သားတွေက
တစ်ယောက်ကိူမနာလိုဝန်တိုစိတ်တွေလည်းရှိနေကြပြန်တယ်။ တစ်ယောက်ကတော်ပြီ အောင်မြင်ပြီဆိုနောက်လူကဘယ်လိုကမူဒီတာပွားရမယ်ဆိုတာထက်ဘယ်လိုဝေဖန်ရမလဲ ဆိုတာအရင်တွေးတာမြန်မာနိုင်ငံမာပါ။
ဒီလိုအောက်ကျတယယ့်စိတ်ဓါတ်တွေကြောင့်မြန်မာနိုင်ငံဟာတိုးတက်ဖို့ထက်ဆုတ်ယုတ်ဖို့ကိုဦးတည်နေပါတယ်
အခုဖော်ပြထားတယ့်
မြန်မာနိုင်ငံမတိုးတက်ရတယ့်အကြောင်းရင်း(1)
အကြောင်းအရာ
ဖြစ်ပါတယ်ခင်ဗျအဆုံးထိဖတ်ပေးကြတယ့်စာဖတ်သူတစ်ယောက်စီတိုင်း
အထူးဘဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ
Eric 4/6/2024 12:32 PM
https://t.me/KnowledgeHeavenByEric
Keep Reading