N’MO

Changeable Changes!
ချစ်သူက - “ဒါမလုပ်နဲ့ မကြိုက်ဘူးနော်”ဆိုလို့ မကြိုက်တာတွေကို စွန့်လွတ်ပြီး ကိုယ့်ဘဝကိုပြောင်းလဲလိုက်တယ်။ ချစ်သူ သဘောကျ ပိုချစ်လာအောင်ပေါ့။
တကယ်တမ်းကျ ကိုယ်ပြောင်းလဲပြီး မကြာဘူး၊ သူ(မ)ဖက်ကလည်း ပြောင်းလဲသွားတာပဲ။
အချစ်ဆိုတာ အလိုကျလာပြီးရင် ပြောင်းလဲလာဖို့ နီးလာတာပဲ။ ဘယ်ဖက်ကိုပြောင်းလဲမလဲဆိုတာကတော့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲ။
ကိုယ်တိုင်ကပြောင်းလဲခြင်းနိယာမကို သဘောမပေါက်ရင် သို့မဟုတ် လက်မခံနိုင်ရင် တဖက်သားကိုပြောင်းလဲဖို့ မကြိုးစားစေချင်ဘူး။
တကယ့်နားလည်တဲ့သူဟာ ပြောင်းလဲနိုင်ဖို့ မပြောဘူး။
ကိုယ်တိုင်က လိုချင်တဲ့အပြောင်းအလဲအတိုင်းကို လက်တွေ့လျှောက်ပြတယ်။ ဒါက ဘယ်တော့မှ မပြောင်းလဲနိုင်သောပြောင်းလဲခြင်းပဲ။
ပြောင်းလဲနိုင်သောပြောင်းလဲခြင်းတွေဟာ အစစ်အမှန်မဟုတ်သေးဘူး။
ကိုယ့်အတွေးနဲ့ကိုယ်ဆက်ချဲ့တွေးလို့ရပါတယ်။
အန်မိုဝ်
Keep Reading