Author's Profile Photo

SarPhat Author

2/06/2024

သင်အတွက်အကျိုးကျေးဇူးနဲ့ဗဟုသုတတွေ ရစေမယ့် စာပေဟောပြောသူ စာရေးဆရာ၊ဆရာမတွေ အချို့လေးကို ညွှန်းပေးချင်ပါတယ်။

2 mins read
Book Review
General Knowledge
သင်အတွက်အကျိုးကျေးဇူးနဲ့ဗဟုသုတတွေ ရစေမယ့် စာပေဟောပြောသူ စာရေးဆရာ၊ဆရာမတွေ အချို့လေးကို ညွှန်းပေးချင်ပါတယ်။'s photo



သင်တို့ စာပေဟောပြောပွဲတွေနားထောင်ချင်တယ် ဆိုရင် ကျွန်ုပ်ညွှန်းပေးချင်တဲ့ စာရေးဆရာ၊ဆရာမတွေ အချို့ရှိပါတယ်။ထိုအထဲမှ သင်စိတ်ကြိုက် နားထောင်ချင်တဲ့ ဆရာတွေ၊ဆရာမတွေကို နားထောင်လို့ရပါတယ်။


ဆရာမဂျူး

ဆရာမဂျူးရဲ့ စာပေဟောပြောပွဲတွေဟာ အမျိုးသမီးတွေ အတွက်အတော်လေး ခွန်အားဖြစ်စေတဲ့အရာတွေ၊ပတ်ဝန်းကျင်ကောင်းဖို့အတွက်တွေ ပြောလေ့ပြောထရှိပါတယ်။နောက်ပြီးတော့ ဆရာမက စာဖတ်နည်းလေးတွေပြောပြလေ့ရှိတယ်။ဘယ်လိုမျိုးလဲဆိုတော့ စာဖတ်တဲ့အခါမှာ ဘယ်လိုဘယ်ပုံမျိုးနဲ့ ဖတ်ရမယ်၊ဘယ်လိုတွေ လုပ်ရင်ပိုအကျိုးရှိတယ်ဆိုတာလည်း ပြောပြပါတယ်။နောက်ပြီး ဆရာမကြိုက်နှစ်သက်ပြီး အဓိပ္ပါယ်ပြည့်စုံတဲ့ ကဗျာတွေကို ရွတ်ဖတ်လေ့ရှိတယ်။နောက်ပြီး ကြိုက်နှစ်သက်တဲ့ စာရေးဆရာ၊ဆရာမတွေကိုလည်း ဖော်ပြလေ့ရှိတယ်။ပြီးတော့ ပုံပြင်လေးတွေ၊ဆရာမဖတ်ဖူးတဲ့ ဝတ္ထုအကြောင်းလေးတွေကို ပြောပြတာ လေ့ရှိတယ်။ဆရာမက အချစ်အကြောင်းတွေ အရေးများတာကြောင့် ဟော​ပြောရင်လည်း အချစ်အကြောင်းအနည်းငယ် မဆိုသလောက်ပါလေ့ရှိပါတယ်။
ဆရာမရဲ့ အသံအေးအေး ယဥ်ယဥ်လေးကြောင့် နားထောင်ရတာ ပိုပြီးအနှစ်သာရ ရစေပါတယ်။ကျွန်ုပ်ဆရာမရဲ့ စာပေဟောပြောပွဲ အများစုကို နားထောင်ဖူးပါတယ်။ဒါကြောင့် ကောင်းတဲ့အကြောင်းကို ညွှန်းပေးရခြင်းဖြစ်တယ်။

ဆရာမ ခင်ခင်ထူး

ဆရာမဟာ အညာဒေသမှာ မွေးတဲ့ အတွက်ကြောင့် ဆရာမပြောရင် အညာဓလေ့လေးတွေပြောလေ့ရှိပါတယ်။ရေးတဲ့စာအုပ်တွေဟာလည်း အညာဒေသစာအုပ်လးတွေ များပါတယ်။ဒါပေမဲ့ ဆရာမစယပေဟောပြောပွဲတွေက နားထောင်လိုက် ရယ်လိုက်နဲ့ အလွန်အနှစ်သာရ ရှိပါတယ်။ဆရာမက ပွင့်ပွင့်လင်းလင်းလေးလည်းပြော၊ရယ်စရာလည်း ထည့်ပြောလေ့ရှိတယ်။ပြီတော့ ကျွန်ုပ်တို့မသိသေးတဲ့ ဆရာမတို့ရဲ့ အညာဒေသရဲ့အဖြစ်အပျက်လေးတွေ၊အတွေ့အကြုံလေးတွေကို ပြောပြတာ ရယ်စရာလည်းရှိသလို ဝမ်းနည်းစရာလည်း ရှိပါတယ်။


ဆရာချစ်ဦးညို


ဆရာဟာ ရာဇဝင်စာအုပ်တွေ အရေးများပါတယ်။ဆ​ရာ့ဟောပြောပွဲတွေဆိုရင် အဆိုလေးတွေ ပါလေ့ရှိတယ်။ဆရာပြောတာလေးက တစ်မျိုးတစ်ဖုံ ကောင်းပါတယ်။ခုနောက်ပိုင်း ဆရာဟောပြောတာလေးတွေက အလွန်အကျိုးရှိလှပြီး သီချင်းဆိုတာလည်း မပါတော့ဘူးဆိုတာ ကျွန်ုပ်နားထောင်ဖူးတဲ့ဟာတွေကို အခြေခံပြီး ပြောပြလိုပါတယ်။အသိဉာဏ်အသစ်တွေလည်း အတော်လေး ရရှိနိုင်ပါတယ်။အရင်ယခင်နှစ်များက ဟောပြောခဲ့ပုံက တစ်မျိုး ကောင်းပြီးတော့ အခုနှစ်တွေ ပြောတာကလည်း တစ်မျိုးကောင်းလှပါတယ်။ကျွန်ုပ်အထင်ပြောရရင် အသက်အရွယ် ကြီးရင့်လာတာကြောင့် စကားပြောပုံကွာခြား ရခြင်းဖြစ်မယ် ထင်ပါတယ်။ကောင်းလည်းကောင်းပြီးး ဗဟုသုတလည်းအတော်ရပါစေ။ရှေးဟောင်းနော်ကဖြစ်လည်းညပြာလေ့ရှိပါတယ်။


ဆရာအောင်သင်း


ဆရာအောင်သင်းဆိုတာနဲ့ လူငယ်တွေကို အသိဉာဏ်တွေ ထွန်းလင်း လမ်းညွှန်ပေးတဲ့ ဆရာဆိုတာ အားလုံးသိမှာပါ။ဟုတ်ပါတယ် ဆရာဟာ လူငယ်တွေကို ဘာလိုနေထိုင်ရမယ်၊ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြံဉာဏ်တွေကို ပေးလေ့ရှိတယ်။နောက်ပြိီး ဆရာသရက်ထောင်ဖောက်ပြေးတုန်းက ဟာတွေလည်း ပြောပြလေ့ရှိတယ်။ပြီးတော့ မြန်မာစကားဆိုပြီး ကျွန်ုပ်တို့ပြောဆိုလာခဲ့တဲ့ စကားလုံးအချို့တွေကို ပြန်ပြီးဆရာက မေးလေ့ရှိတယ်။ဟုတ်တယ် အဲ့စကားလုံးတွေရဲ့ အဓီပ္ပါယ်ကို ကျွန်ုပ်တို့ မတွေးမိကြဘဲ ဒီအတိုင်းပြောလေ့ရှိတယ်။အဲ့အခါဆရာက ထိုစကားလုံးရဲ့ အဓိပ္ပါယ် ဘယ်လိုဘယ်ပုံဆိုတာကို ရှင်းပြလေ့ရှိတယ်။ပြီးတော့ ဆရာဟောပြောပုံက လွတ်လပ်တယ်၊ပေါ့ပါးတယ်၊ရင်းရင်းနှိီနှီးနဲ့ "မင်းတို့''ဆိုပြီး ပြောလေ့ရှိတယ်။ပြီးတော့ ဆရာက သူ့ဘဝကြုံတွေ့ခဲ့ရပုံတွေ ထောင်ကျခဲ့တာတွေ ပြောပြတာ အလွန်သင်ခန်းစာလည်းရတယ်၊အတွေးအခေါ်တွေလည်းရတယ်။ဒါကြောင့် ဆရာ့ဟောပြောပွဲတွေကို နားထောင်စေချင်ပါတယ်။



ဆရာကောင်းသန့်


ဆရာဟောပြောတာတွေက အသိဉာဏ်တွေ ထိုးဖောက်တွေးခေါ်နိုင်ဖို့ကို ပြောလေ့ရှိတယ်။ပြီးတော့ စိီးပွားရေးနယ်ပယ်မှာလည်း ဆရာ့ဟောပြောပွဲတွေက အကျိုးလည်းရှိနိုင်ပါတယ်။ပြီတော့ ပြောတဲ့ဟာလေးတွေက အတွေ့အကြုံပိုင်းမှာဖြစ်ခဲ့တာတွေ၊စာအုပ်ထဲကအရာတွေတို့ပြော့လေ့ရှိတယ်။သိတဲ့အတိုင်းပါပဲ ဆရာက ခွန်အားဖြစ်စေတဲ့ စာတွေရေးတယ်ဆိုတာကိုလေ။ဆရာဟောပြောပွဲတွေက အသုံးချစရာအလွန်ကောင်းတဲ့အရာတွေလည်း ဖြစ်တယ်။



အခုဖော်ပြပေးထားတဲ့ စာရေးဆရာမ၊ဆရာတွေရဲ့ ဟောပြောပွဲလေးတွေနာထောင်ဖို့တိုက်တွန်းတာပါ။ဒီထက်ပိုပြီး တခြားစာရေးဆရာမ၊ဆရာတွေလည်း ဖော်ပြဖို့ရှိသေးပါတယ်။အခုဆရာ၊ဆရာမ၅ယောက်ကိုပဲ အလျင်ဖော်ပြထားတာပါ။တခြား စာရေးဆရာတွေ မ​ကောင်းလို့ မဖော်ပြတာ မဟုတ်ပါဘူး။စာဖတ်သူလေးတို့ မျက်စိညောင်းသွားမှာဆိုးလို့ပါ။

အခုကျွန်ုပ်ဖော်ပြသွာတဲ့ ဟောပြောပွဲတွေအကြောင်းမှာ ဖြည်စွက်ပြောစရာများ ကျန်ခဲ့ပါက အနူးအညွတ်တောင်းပန်ပါတယ်။ဘယ်ဆရာကြတော့ ဘယ်ပုံကို များများစားစားဖော်ပြပြီးတော့ ဘယ်ဆရာမကြတော့ အနည်းငယ်ပဲ ဖော်ပြထားတယ်လို့ သင်တို့မြင်တယ်ဆိုရင် ကျွန်ုပ်ရဲ့မသိနားလည်တဲ့ အပြစ်ပဲဖြစ်ပါတယ်။ဒါကြောင့် တစ်ယောက်ချင်းစီကို ဖော်ပြရာမှ တစ်ယောက်အလှည့်ကြတော့ ဖော်ပြတာ နည်းသွားတယ်ဆိုရင် စာရေးဆရာတွေ မကောင်းလို့ မဟုတ်ပါဘူး။ကျွန်ုပ်ဖော်ပြတာ မကောင်းခြင်းပဲ ဖြစ်ပါတယ်။


နောက်ထပ်လည်း ဖော်ပြပေးမယ့် စာရေးဆရာ၊ဆရာမတွေ ကျန်ပါသေးတယ်။ဒီလောက်ပဲ ဖော်ပြထားလိုပါတယ်။


Keep Reading

𝙂𝙚𝙤𝙧𝙜𝙚 𝙊𝙧𝙬𝙚𝙡𝙡 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣မပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေတိမ်နဲ့ချည်တဲ့ကြိုး-ဂျူး🏔️မိစ္ဆာကျွန်း𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚အဆိပ်လူဟူသည် ကျွန်း တစ်ကျွန်းပမာ အထီးတည်း မဟုတ်ပါ။ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) Two Sistersစာဖတ်ပါ