Par Te
?လူငယ်များသို့ ဆိုကတည်းက လူငယ်တွေအကို အဓိကဦးတည်သလို လူငယ်တွေနဲ့ လူကြီးတွေဟာ မတူကြဘူးဆိုတဲ့အကြောင်းတွေရေးသားထားတယ်။
?ယနေ့ လူကြီးတွေဟာ ယခင်က လူငယ်တွေပါပဲ။ ဒါပေမဲ့ လူကြီးတွေဟာ ယခုလက်ရှိအခြေအနေကနေ ယိုင်လဲမသွားအောင် ထိန်းနေကြပြီး
လူငယ်တွေကျတော့ အစဉ်ဆက်မပျက် တိုးတက်အောင် ကြိုးစားနေကြတဲ့ သူတွေဖြစ်တယ်။
?နောက်တခါ အချို့လူကြီးတွေဟာ ကြီးလေချဉ်လေဖြစ်တတ်ပြီး အသက်ကြီးလာတာမဟုတ်ဘဲ အိုလာခြင်းဖြစ်တယ်လို့ စာရေးဆရာက ရေးထားပါတယ်။
?လူ့လောကမှာ ငွေပေးလို့ရတဲ့အရာတွေများစွာရှိပါတယ်။ ဒါပေမဲ့ ငွေက ကုန်နိုင်တဲ့အရာဖြစ်ပြီး မေတ္တာတရားက မကုန်ခမ်းနိုင်တဲ့ အရာဖြစ်တယ်။ ကိုယ့်အပေါ်မှာ မေတ္တာစိတ်အခံဓာတ်တွေရှိနေရင် ကိုယ့်အပေါ်ကို မေတ္တာတွေပြန်ပြီးတုံ့ပြန်လာမယ်။
ဒီမေတ္တာစိတ်ကြာင့် အခြားသူတွေကို အပြစ်မြင်တတ်တဲ့ စိတ်တွေလျော့နည်းလာပါလိမ့်မယ်။
?တစ်စုံတစ်ယောက်ကို မုန်းတီးနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ရှံးအောင် လုပ်တာနဲ့တူတယ်လို့ဆိုပါတယ်။ ဒါကြောင့် မေတ္တာစိတ်ကြီးအောင် ထားဖို့ လိုပါတယ်။
မေတ္တာစိတ် အားကြီးလာတာနဲ့အမျှ စိတ်ဓာတ်ခွန်အားတွေ တိုးတက်လာတယ်၊ သတ္တိတွေပိုရှိလာမယ်၊ အမျက်အငြိုး အမုန်းတရားတွေ ဖယ်ရှားလာနိုင်မယ်။
?လူတိုင်း မလုပ်ဆောင်နိုင်တဲ့ ခွင့်လွှတ်ခြင်းက မိမိကိုယ်ကိုယ် ချုပ်နှောင်ထားတဲ့ နှောင်ကြိုးတွေကို ဖြတ်တောက်ပေးနိုင်တယ်။ ခွင့်လွတ်လိုက်ခြင်းဟာ ပျော့ညံ့နေခြင်းကြောင့် မဟုတ်ပါဘူး မေတ္တာထားနိုင်တဲ့သူဖြစ်နေလို့ပါ။
?အသိဉာဏ် ဖွံဖြိုးတဲ့ လူငယ်တွေ ပေါ်ထွန်းလာစေချင်တယ်ဆိုရင် လွတ်လပ်စွာ စဉ်းစားတတ်အောင် လေ့ကျင့်ပေးရမယ်။ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာဖော်ထုတ်ခွင့် ပေးဖို့လိုအပ်တယ်လို့ ပြောပါတယ်။
?နိုင်ငံတနိုင်ငံ တိုးတက်ဖို့အတွက် ပညာရေးအပေါ်မှာ အခြေခံပြီး ဒီပညာဆိုတာကလည်း မှန်ကန်စွာ စဉ်းစားတတ်ခြင်းကနေ ဖြစ်ပေါ်လာတယ်။
ဒါကြောင့် လူငယ်များ အသိဉာဏ်ဖွံဖြို့ရေးကို မဖြစ်မနေ လုပ်ဆောင်ရပါမယ်လို့ပြောပါတယ်။
?အခွင့်အလမ်းကို လိုချင်တဲ့ လူငယ်တွေဟာ ဝင်လာတဲ့ အခွင့်အလမ်းတွေက်ို အမိအရဖမ်းချင်တယ်ဆိုရင် မျက်လုံး၊ နား၊ နှလုံး၊ ခေါင်း စိတ် တွေကို အမြဲဖွင့်ထားဖို့လိုအပ်ပါတယ်။
လတ်ဆတ်တဲ့ လေရှုသွင်းဖို့အတွက်နဲ့ လင်းလက်တဲ့ နေရောင်ခြည်ကို ရချင်တယ်ဆိုရင် ပြတင်းပေါက် ဖွင့်ထားဖို့တော့ လိုတယ်
ဆိုတဲ့ အကြောင့်နဲ့ လူငယ်တွေမှတ်သားသင့်တာလေးတွေများစွာကို ဆရာကြီးက သူ့အတွေ့အကြုံတွေနဲ့ ရေးသားဖော်ပြထားပါတယ်။
? လူငယ်တွေကို အထင်ကြီးချင်တဲ့ လူကြီးတွေရှိတယ်ဆိုတာကိုလည်း ဖော်ပြထားပါသေးတယ်။
?အချို့လူကြီးတွေဟာ သက်ကြီးလာလေ လူလည်းကြီးကြတယ်။ ဒီနေ့လူငယ်တွေကရော သက်ကြီးလာလေ အိုလာလေ၊ လူတွေအတွက် ကြီးလေချဉ်လေဖြစ်တဲ့ သံပုရာသီး အဖြစ်ခံကြမလာ …??
? “လူငယ်များသို့” စာအုပ်ကိုဖတ်ပြီး မိမိကိုယ်တိုင် ပိုမှတ်မိလာစေဖို့ Book review ပုံစံ ရေးသားထားတာဖြစ်လို့ ရေးသာချက်တွေမှာ အမှားအယွင်းများရှိခဲ့ရင် ဒီစာေရးသူ ကျွန်မ အမှားသားဖြစ်ပါတယ်။
Wisdom House မှာ ဝယ်ယူထားတာကြာပြီးဖြစ်တဲ့စာအုပ်တွေ ခုမှ ပြန်ဖတ်ဖြစ်...?
ဦးတင်ဦး(ကျူရှင်)
တန်ဖိုး -၃၀၀၀/-
စာမျက်နှာ -၁၉၆
#bookreview
#ဦးတင်ဦး(ကျူရှင်)
#parte
#PT_BR009 2/06/2024 ??
Keep Reading