SarPhat Author

(၁)
ည.... ညဆိုမှ တိတ်ဆိတ်နေသည်။ လူတွေ၏ အိပ်မောကျချိန် ဖြစ်သော်လည်း မအိပ်နိုင်သူ တစ်ယောက်ရှိသေးသည်။
မလေးသန့်တစ်ယောက် ဟိုလှိမ့် သည်လှိမ့်နဲ့ အတွေးကလည်းတောင်ရောက် မြောက်ရောက်နှင့်။
နေ့လည်က ကျောင်းတွင် စာပေကလပ်ဖွဲ့စည်းမည်ဟု သမဂ္ဂရုံးခန်း၌ တွေ့ခဲ့သော ကောင်လေးကို ခုထိ အတွေးထဲက ထုတ်မရ။
မလေးသန့်မှာ စာဖတ်ဝါသနာရှိသည်။ မုန့်ဖိုးရသမျှ စာအုပ်၀ယ်ပစ်တာချည်းပင်။ သမဂ္ဂမှ စာပေကလပ်ဖွဲ့စည်းမည်ဟုသတင်းကြားသောကြောင့် သွားကြည့်မည်ဟုဆုံးဖြတ်လိုက်သည်။ အစည်းအဝေးစပြီးမကြာမီ
အုပ်ကြီးဆိုသူမှ တစ်ယောက်ချင်းနာမည် အတန်းမိတ်ဆက်ခိုင်းလေသည်။ "သေဟဲ့နိန္ဒိယ ရေ" တစ်သက်နဲ့ကိုယ် ဒီလိုမလုပ်ဖူးသည့် မိမိမှာအကျပ်ရိုက်သလိုအနေခက်သလိုရှိလာတော့သည်။ မိမိအလှည့်တွင် "ကျွန်မနာ...မည်..က ဖြစ် ဖြစ် ပြီး မြန်မာစာ... စ. တု. တ္ထ. နှစ်. ကဖြစ် ဖြစ်ပါတယ်"အထစ်ထစ်အငေါ့ငေါ့ ပြီးဆုံးသွားလေသည်။
ထိုအချိန်တွင် "ကျွန်တော်နာမည်က ကျော်ဇင်နိုင်ဖြစ်ပြီး ဒုတိယနှစ် စိတ်ပညာကဖြစ်ပါတယ်ခင်ဗျာ" ဆိုသည့်အသံအကြားတွင် မလေးသန့်ကြည့်လိုက်ရာ အသားညိုညို ဆံပင်အနည်းငယ်ကောက်သည့် ကောင်လေး။ သူ့၏ သွက်လက်ချက်ချာဟန်ကို မလေးသန့် သတိထားမိသွားသည်။သူ့အသံလေးသော်လည်းကောင်း အမူအရာသော်လည်းကောင်း ကြားမိ မြင်မိ၍ ရင်ထဲကနေ တဒိတ်ဒိတ်ခုန်လာသည်။
"ဪ အချစ်ဆိုတာဒါလား" ပြန်မေးနေမိတော့သည်။
ဘယ်သူ့ကိုမချစ်နိုင်ဟုကြွေးကြော်ထားလည်း သူ့ကိုေတာ့ခြွင်းချက်ထားရတော့မည်။
အုပ်ကြီးဆိုသူမှ စာပေကလပ်ဖွဲစည်းလျှင် အမှုဆောင်တွေလိုကြောင်း ပြောသော်လည်း မလေးသန့်မှာ စိတ်ပညာေမဂျာမှကောင်လေးဆီသို့ စိတ်ရောက်နေသည်။စိတ်တွေလည်း ထွေပြားလျက် Mailboxကိုပို့ရင်ကောင်းမလား
တည့်တိုးပဲ Facebook accountပဲတောင်းရင်ကောင်းမလား ဝေခွဲမရ ဖြစ်နေတော့သည်။ Facebook searchတွင် ကျော်ဇင်နိုင်နာမည်အား မြန်မာလိုတစ်ဖုံ အင်္ဂလိပ်လိုတစ်ဖုံ ရှာနေတော့သည်။ကျောင်းမှ အိမ်သို့ရောက်သော်လည်း ရှာနေဆဲ။ မတွေ့၍ စိတ်မောကိုယ်မောလာရာ ရေချိုးချပစ်လိုက်သည်။ ကောင်လေးရယ် မတွေ့ရင် mail boxတွင် ရအောင် ရှာမည် ဟုကြုံးဝါးလိုက်သည်။
mail boxသို့ ပို့ရမည့်စာကို ပြင်လိုက်ဖျက်လိုက်နှင့်ပင် 9နာရီထိုးသွားလေသည်။ပို့လိုက်ရင်ကောင်နိုးနိုးနှင့်တွေဝေနေခိုက်ပင် 10နာရီပင်ထိုးချေပြီး။
မထူးတော့ပါဘူး ဆိုကာ ပို့လိုက်လေသည်။
စာ၌ အကြောင်းအရာကား
* သမဂ္ဂ ရုံးခန်းမှာတွေ့ ခဲ့တဲ့ ကျော်ဇင်နိုင် ဆိုတဲ့ကောင်လေးရေ
မြတ်နိုးစွာနဲ့ နိုင် *လို့ခေါ်ပါရစေ။* နိုင်ရေ ဘ၀မှာတစ်ကြိမ်တော့ရင်ခုန်ဖူးကြသူတွေချည်းပါပဲ။ နိုင် နဲ့မှ ပထမဆုံး ရင်ခုန်မိတဲ့ ကိုယ့်ကိုလည်း အံဩလိုမဆုံးပါဘူး။ မနက်ဖြန်မှာ ကမ္ဘာပျက်မယ်ဆို ဒီနေ့မှာတူတူရှိချင်ဆုံးက နိုင်ပါ။
နိုင်ရေ ဒီစာလေးမြင်ရင် လာမန့်ပေးနော် စောင့်နေမယ်။*
အက်မင် လည်း seenမပြသေး မလေးသန့်မှာ ပဋာစာရီမြေလူးသည့်အဖြစ်ပင်ရောက်တော့မည်။ ထို့ကြောင့် ညကြီး မင်းကြီး အတွေးချာချာလည်ရင်း အိပ်ပျော်သွားတော့သည်။
မနက် 6နာရီချိန် နိုးသောအခါ ဖုန်းကိုအရင်ဖွင့်ကြည့်သေးသည်။ Mailbox၌ မိမိ ပို့ထားသော
စာလေးထီးထီးတည်း။ commentမှာလည်း ဒိုင်နိုဆောနဲ့အတူ မျိုးတုံးသွားသင့်သည့် မျိုးစိတ်များလည်းတွေ့ရသည်။"ငါလည်း သွားတယ်လေ ဘာလို့မပါရတာလဲ
"Top fanမရ မချင်းမန့်မည်"
"ဘာလဲ ငါက ရုပ်ချောနေလို့မပါရတာလား" စောစောစီးစီး ကျိန်ဆဲမိချေပြီး။
Commentတစ်ခုတွင် "သားကြီးရေ မင်းဟ" ဆိုပြီး Oxygenဟူသောနာမည်လေးနှင့် ကျက်သရေရှိသော သူ့အကောင့်လေးမြင်ရပြီး။ ထွေ ထွေ ထူးထူးမစဉ်းစားနေတော့ ပြေး addလိုက်သည်။ အင်း ရင်ထဲ အောက်ဆီဂျင်လေး နိုင်
ဟိဟိ။
ထို့နောက် သည် မျက်နှာသစ် ရေမိုးချိုး အ၀တ်အစားလဲပြီး
မနက်စာစားရန် မီးဖိုချောင်သို့ ၀င်လေသည်။ အဆင့်သင့်ထမင်းကြော်ထားသည်ကိုတွေ့ရာ စားတော့သည်။
ထိုကောင်လေးသာ မိမိအား အဖြေပြန်ပေးခဲ့လျှင် တွေးမိရင်း ပြုံးမိသွားလေသည်။
"အံမာ ပြုံးဖြီးဖြီးနဲ့ဟေ့"
သတိထားမိသွားသည့်မေမေ
"အဟီး ကန္တာရထဲမှာ အိုအေစစ်လေးရှာတွေ့သွားလို့ပါမေမေ"
မေမေမှ မျက်စောင်းလှမ်းထိုးကာ
"ဪ ညည်းက ငါနဲ့နေတာ ကန္တာရပေါ့လေ"
မှာ ပြာပြာသလဲသလဲနှင့်ပင်
"မဟုတ်ဘူး မေမေက အိမ်က အိုအေစစ်
ဟိုဒင်းက ကျောင်းကအိုအေစစ် "
မေမေသည် မျက်စောင်းမထိုးနိုင်တော့ချေ။
"တတ်လည်း တတ်နိုင်တဲ့ ညည်း "ဟူ၍သာ ပြောနိုင်တော့သည်။
မနက်စာစားပြီးေနာက် မုန့်ဖိုးမရှိတော့သည်ဖြစ်ရာ မေမေအားကြောင်လေးပမာ ချွဲ၍
"လုပ်ပါမေမေ မုန့်ဖိုးလေး။ ဒီကမ္ဘာမှာမေမေကိုအချစ်ဆုံး"
မေမေမှ ကဗျာတစ်ကြောင်းရွတ်ပြလိုက်သည်။
"မုန့်ဖိုးလိုမှ ချစ်တယ်ပြောတဲ့ ဒီသမီးကို အမေဟာ စိတ်နာသွားခဲ့ပေါ့ "
မေမေမှ ချစ်စဖွယ် စကားနာထိုးပါပြီး။
"သမီးကျောင်းကားလာတော့မယ် ငါးထောင်ပဲပေး"
"ဟိုတစ်လောကပဲ ငါဆီက တစ်သောင်းယူသွားသေးတယ်"
"အဲ့တာ ကျောင်းကဆရာမက အင်စတာဂရမ် ကျကွဲသွားလို့"
" ဪ ဟုတ်လား အိမ်က ဟေတုပစ္စေယော ကျကွဲထားတာတောင် မလဲရသေးဘူးနော် "
"ဟားဟားဟား"ပြိုင်တူရယ်မောလိုက်ကြသည်။
မနက်တိုင်း မိမိတို့ သားအမိသည် ဒီလိုပင် အရွန်းဖောက်လေ့ရှိကြသည်။
မလေးသန့်သည် မနက်တိုင်းကျောင်းကားစီး၍ ကျောင်းသို့သွားရသည်။ ကျောင်းကားမှာ mainကျောင်းဆောင်အောက်တွင်ချပေးလေ့ရှိသည်။ မိမိ အတန်းသည်လည်း mainတွင်ဖြစ်၍ အဆင်ပြေလှသည်။အတန်းတက်ပြီး အတန်းလည်းမပျက်ရဲ။ သူများတွေလို အတန်းဆိုတာကိုပြေးချင်မိသည်။ အတန်းတစ်ချိန်ပျက်မိလျှင်လည်း နေမကောင်းသလိုလို ခေါင်းကိုက်သလိုလို ဖြစ်တတ်သည်။ 9နာရီတွင် အတန်းစသည်။ နေ့လည် 11နာရီ50တွင် နေ့တစ်၀က်ချိန်ပြီး၍ နေ့လည်စာစားရန် ကန်တင်းထိုင်လေသည်။
ထိုအချိန်တွင် မိမိ မှတ်မိနေသောအသံပိုင်ရှင်လေးကိုကြားလိုက်ရသည်။
"အန်တီ လက်ဖက်ထမင်းကြက်ဥကြော်နဲ့"
အသားညိုညို ဆံပင်ကောက်ကောက်ကောင်လေး မိမိ၏အသည်းနှလုံးပိုင်ရှင်လေး။ သူ့သူငယ်ချင်း တစ်ယောက်နှင့်အတူထိုင်သည်ကို တွေ့လိုက်သည်။
သူတို့စကားကို မလေးသန့် တစ်ယောက်နားစွင့်နေမိသည်။
"ဆယ်လီဟေ့ mailboxထဲထိပါလာတယ်"
ခပ်ပျော်ပျော်နေတတ်ဟန်တူပါသည်။
"မင်းဘိုးအေ ဆယ်လီလား mailboxထဲပါလာတိုင်း ဆယ်လီဆို မင်းလည်း ဒိုင်နိုဆောမျိုးစိတ်နဲ့တူတူ တစ်ခါတည်းမျိုးတုံးသွားရမှာ"
ပြောခံရသောသူငယ်ချင်းကမူ စပ်ဖြဲဖြဲနှင့်ပင်
"မင်းကလည်း ဒါလေးစမိတာ မျိုးတော့ မတုံးပါရစေနဲ့
Eမေဂျာက မမချောချောလေးနက် ချစ်ခွင့်ပေးပါဦး"
ကျော်ဇင်နိုင်မှာ ဘာမှမပြောနိုင်တော့။
"ဒါနက် မင်း ဘာမှာဦးမလဲ"
သူငယ်ချင်းမှာ နှာသံလေးဖြင့်
"ဟိုဟိုလေ နိုင့်အချစ်တွေကိုမှာမယ် စိမ်းကားတာတွေမထည့်နဲ့"
"ခွေးကောင်"
မလေးသန့်မှာ သူတို့တွေပြောသည်ကိုကြား၍ သဘောကျနေမိသည်။ နာရီကြည့်မိလိုက်မှာ ၁နာရီထိုးတော့မည်။
အမလေး အတန်းနောက်ကျတော့မယ် ကမန်းကတမ်း
"အန်တီရေ ရှင်းမယ်"ဆိုကာ အတန်းတက်ဖို့သွားလေသည်။
တစ်ပတ်ကြာပြီးနောက် မိမိသွားတက်ခဲ့သော စာပေကလပ်တွင်အမှုဆောင်တွေ ဖွဲစည်းကြောင်းကြေညာလေသည်။ထိုနောက် မန်ဘာတွေလည်းခေါ်ယူကြောင်းသိရသည်။ စာပေအေကြာင်းဆွေးနွေးရန်ဟု သိရသည်။ မလေးသန့်လည်း မန်ဘာ၀င်ရန် ဆုံးဖြတ်လိုက်သည်။ ရက်အနည်းငယ်ကြာသောအခါ
စာဖတ်သူများအသင်းမှ တက္ကသိုလ်ဘုန်းနိုင်အကြောင်း ဆွေးနွေးမည်ဟု သိလိုက်ရသည်။
တက္ကသိုလ် ဘုန်းနိုင်အကြောင်းဆွေးနွေးမည့် အချိန်သည် သောကြာနေ့ မနက်10နာရီ တက္ကသိုလ်စာကြည့်တိုက်တွင်စမည် ဟုကြေညာလေသည်။ မိမိနှစ်တွင် တက္ကသိုလ်ဘုန်းနိုင်၏ "နှင်းငွေတစ်ထောင့် မိုးတစ်မှောင့်"အကြောင်းသင်ရလေသည်။ဖတ်ရသည်မှာစိတ်၀င်စားဖို့လည်းကောင်းသည်။ရောဂါသည်မလေးနှင့် စိတ်ပညာဆရာတို့ တွေ့ခန်း ကြိုက်ခန်း။
သောကြာနေ့တွင် English tuto မရှိသဖြင့် တစ်ခေါက်လောက်သွားရန် ဆုံးဖြတ်လိုက်သည်။
သောကြာနေ့တွင် သည် သွားရန်ဆုံးဖြတ်ထားသော်လည်း မိမိမှာ တစ်ခါမှ မလုပ်ဖူးသည့်တွက် တွေဝေနေသေးသည်။မိမိ၏စိတ်ဒွိဟေကြာင့်စာပေဆွေးနွေးပွဲသို့ နည်းနည်းနောက်ကျမှေရာက်သွားလေသည်။ စာပေဆွေးနွေးပွဲမှာ စတောင် စနေပြီး။ ဆရာ့၏ဖန်များသည် မောင်နှင့် ခိုင်အကြောင်း ငြင်းခုံရသည်အရသာတွေ့သည်ထင်ပါသည်။ခုတွင်လည်း မိန်းကလေးတစ်ယောက်မှ
"ခိုင်သေရတာ မောင့်ကြောင့် မောင်သာ ခိုင်ကို ချစ်ခဲ့ရင် ခိုင်မသေဘူး"ဟု ခိုင့်ဒေါသများသည် သူ့ထံသို့ စီး၀င်နေသည်ဟု အောက်မေ့ရသည်။
ထိုအချိန်တွင် ရဲရဲဝံ့ဝံ့ထရပ်လိုက်သည်က ကျော်ဇင်နိုင်
တည်ငြိမ်စွာနှင့်
"မောင် မချစ်လို့ ခိုင်သေတယ်ဆိုတာ မှားတယ်ဗျ။ စာတွေကြေအောင်ဖတ်ပါဗျ ဘာလို့ဆို မောင်ဟာ ခိုင်ကို ငိုအောင်လုပ်ခဲ့တယ်။ ကာကွယ်မပေးခဲ့မိဘူး။ ငြိမ်းမောင်ကသာသူနားမှာ ရှိနေတာ။ ငြိမ်းမောင်ဟာ ခိုင့်ကိုချစ်တယ်လို့ေမာင့်ကို၀န်ခံထားတယ်။ မောင်မှာ ခိုင်ကို စိတ်ဆင်းရဲအောင်လုပ်ထားတဲ့အတွက် သူ့နဲ့မသင့်တော်ဘူးလို့တွေးလိုက်မိတယ်။ ခိုင်နဲ့သာ ယူဖြစ်ခဲ့ရင်လည်း ခိုင့်ကိုနောက်ပိုင်းမှာ မသိမသာနဲ့အနိုင်ယူမိမှာပဲ ဒါကြောင့် မောင်ဟာလက်လျော့ခဲ့တယ်။ ဒါဟာယောကျာ်လေးတွေ
တော်တော်များကိုတော့ မဆိုလိုပေမဲ့ ကျွန်တာ်မှာအဲ့လိုခံစားချက်ရှိလို့ ပြောပြတာပါ။ကျွန်တော့်အမြင်လေးပါ။" အချက်ကျကျ ပြန်ချေပပြီး
တည်ငြိမ်စွာနဲ့ပြန်ထိုင်လိုက်လေသည်။
မလေးသန့်သည် စိတ်ထဲတွင် "အို နိုင်ရယ် ဘယ်လိုအတိတ်တွေရှိခဲ့လို့လဲ"တွေးမိပြီး စိတ်မကောင်းဖြစ်မိသွားသည်။
ဤသို့နှင့် ဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်။ မလေးသန့်သည် မိမိ ဘယ်လိုလုပ်ပေးရမည်နည်း။ နိုင့်အကြောင်းကိုသာစိတ်ထဲ ခဏခဏေတွးနေမိတော့သည်။ မိမိ ဘာတတ်နိုင်သနည်း။
ဤနည်းတစ်ခုသာ တတ်သည်။mailboxသို့ ဒုတိယမ္မိ
"ကျော်ဇင်နိုင်လို့ လေးနက်စွာပဲခေါ်ပါ့မယ်။ ကျော်ဇင်နိုင်ရေ ဆွေးနွေးပွဲမှာပြောသွားတာတွေက ခံစားချက်တွေရောနေသလိုပဲနော်။ကျွန်မ မှာကိုယ့်ချစ်တဲ့သူရဲ့စကားသံနားထောင်မိရင် ဘယ်လိုမျိုးဆိုတာ ခံစားတတ်တဲ့ ဗိုင်ဘရေးရှင်း(တုန်ခါလှိုင်း)ဆိုတာရှိတယ်။ ကျော်ဇင်နိုင်က အတိတ်မှာပဲ မြှုပ်နှံနေပုံရတယ်။ကျွန်မကတော့အတိတ်မှာ ဆိုးဝါးတဲ့အတိတ်နဲ့မကြုံဖူးသေးဘူး။အဲ့တာေကြာင့်ဖတ်ဖူးတဲ့စာအုပ်ထဲလို ပြောပြကြည့်မယ်
စိတ်ထိခိုက်ခဲ့ရတဲ့အတိတ်တွေဟာ လူပြည်မှာ လူသားတိုင်းဟာ လူလားမြောက်ရင် တစ်ကြိမ် မဟုတ် တစ်ကြိမ် ကြုံရစမြဲပဲတဲ့။
ဘ၀တစ်ကွေ့မှာ အစိုးမရလို့ ဖြစ်ပျက်ခဲ့ပေမယ့် အရာမရောက်ခဲ့တဲ့ အကြောင်းဟာပစ္စုပ္ပန်မှာ ကောင်းကျိုး ဆိုးကျိုးလာမပေးသင့်ဘူးတဲ့။ ခုကျော်ဇင်နိုင်ဘ၀ဟာ ညမှောင်မှောင်လေးနက်တူတယ်။ ကျော်ဇင်နိုင်ဘ၀ကို အလင်းပေးနိုင်ဖို့ လမင်းလေး ဖြစ်ပါရစေ"
ထိုစာကိုမြင်လိုက်ရသော ကျော်ဇင်နိုင်သည် စိတ်ရှုပ်ထွေးသွားသည်။ မည်သူ့နည်း။ မိမိအား ဘာကြောင့်မဲ့အသေးစိတ် သတိထားေနပါသနည်း။မိမိသည် ခဲမှန်ဖူးသော စာသူငယ်ပမာ အချစ်ဆိုစိတ်နာနေတဲ့ လူတစ်ယောက်။အချစ်ကိုစိတ်နာသည်ဟု ပြောလို့မရသေး မိမိသည် မမကို မမေ့နိုင်သေးဟုဆိုရမည်။
"မမ မမ " စိတ်ထဲတွင်တီးတိုးရေရွတ်နေမိတော့သည်။
သူခိုးကြီးညတွင် လူငယ်သဘာ၀အလျောက် လမ်းတွေ လိုက်ပိတ် ဟိုအိမ်သည်အိမ်က လိုက်ခိုးနေစဉ် မမမှ တွေ့သွားပြီး မိမိသူငယ်ချင်းများအားပြန်စေသည်။ မိမိကိုတော့ နေရာတကျပြန်ထားရန် ပြောလေသည်။ဤသိုနှင့် မမအား တစနှင့်တစသံယောဇဉ်တွယ်မိခဲ့လေသည်။ပြင်လို့မရသည့် မိမိအမှား ဖြစ်ခဲ့သည်။
ယခု ဒီတစ်ယောက်လည်း လမင်းဖြစ်ချင်ပါတဲ့။ ရီချင်သလိုလိုဖြစ်လာ၏။ မှန်းစမ်း မိမိ acc friend listဒါမှမဟုတ် friend requestထဲတွင်ရှိနေမည်။ မိမိအကောင့်အား သူငယ်ချင်းတစ်ယောက်မှ Mentionရှင်းထားသည်။ အသေချာဆုံးသည် friend requestထဲတွင်ရှိကိုရှိမည်။ Lay Thant ဆို မိန်းကလေးaccတစ်ခုတွေ့လေသည်။ မိမိထံသို့မိန်းကလေးတော်တော်များများ addလေ့မရှိ။ ထို့ကြောင့်ဒီလိုကောက်ချက်ချလိုက်သည်။သူပဲဖြစ်မည်။
စာဖတ်သူများအသင်းမှ ကဗျာလျှောက်လမ်း ကျင်းပမည်ဟု ကြားမိသည်။ ကဗျာများပို့ပေးနိုင်သည်ဟု သိရသည်။
သည် ကဗျာကို မတောက်တခေါက်လေး ရေးတတ်သည်။ ရသလောက်လေးရေးပို့မည်။ မိမိစာသင်နှစ်ထဲမှ ၀တ္တုထဲက ဇာတ်ကောင်သည် ချစ်ရသူ၏ နာမည်ကိုချရေးပြီးကဗျာစပ်သတဲ့။
မိမိလည်း A4စာရွက်ထဲတွင် ချရေးလိုက်သည်။ "ကျော်ဇင်နိုင်"
အံဩဘနန်းဖွယ်ပင် မိမိတောင်သတိမထားမိလိုက်။ နှလုံးစေခိုင်းရာ လက်မှ ကဗျာတစ်ပုဒ်ရေးပြီးသွားလေပြီး။
အညောင်းပြေ အညာပြေ Facebookသုံးရန်လိုင်းတက်လာသည်။
မိမိအား ကျော်ဇင်နိုင်(oxygen)မှ friend အဖြစ်လက်ခံလိုက်သည်ကိုတွေ့လိုက်ရသည်။
ထိုနောက် Massagerတွင် ကျော်ဇင်နိုင် accမှ
"Hi"ဆိုသောစာလုံးလေးပို့လာသည်။
မလေးသန့်သည် ရင်ဖိုသွားသည်။တစ်ကိုယ်လုံးလည်းထူပူသွားသည်။
စာပြန်ရိုက်ရာတုန်တုန်ယင်ယင်နှင့်
"Hello"
တစ်ဖက်မှ
"ခင်ဗျားလား mail boxဆီ ခဏခဏပို့တာ ဟုတ်လား"
မလေးသန့် ခံစားမိလိုက်သည်။ မိမိ တစ်ခုခုဖြစ်တော့မည် ထင်တယ်။ စာမပြန် ဖြစ်ေတာ့
တစ်ဖက်မှ စာတွေ တရစပ်ကျလာသည်။
"နောက်ဆို ဒီလို မလုပ်ပါနဲ့ဗျာ ကျွန်တော်မှာ သက်ဆိုင်သူရှိတယ်
ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး လာမခန့်မှန်းပါနဲ့ဗျာ
ကျွန်တော်ကြည့်ရတာ ခင်ဗျားလည်း လှပါတယ်။
ကျွန်တော်လို ကောင်မျိုးဆီမှာ ဘ၀ကို လာမမြုပ်နှံပါနဲ့"
မလေးသန့် ဘာမှ မမြင်နိုင်ေတာ့။မျက်ရည်တို့ဝဲတက်လာပြီး လိုင်းမှ ချက်ချင်းဆင်းသွားသည်။
မိမိ ရေးခဲ့သောကဗျာေနာက်ဆုံးတစ်ပိုဒ်အားတီးတိုးရွတ်မိတော့သည်။
နတ်သျှင်နောင်မှာ ဓာတုကလျာ
န၀ဒေးမှာတော့ ရှင်နှောင်း။
မောင်ဖေငယ်မှာ ဒိုင်းခင်ခင်
ကျွန်မ မှာတော့ အောက်ဆီဂျင်။
လိုင်းပေါ်ပြန်တက်ကြည့်သောအခါတွင် မိမိအား Blockခဲ့ပြီး။
ခုတော့ ရှူရှိုက်ခွင့် မရတော့။ အင်း... မရခဲ့သော အောက်ဆီဂျင် ဖြစ်ခဲ့ပြီးကိုး။
ပြီး********************
Keep Reading