စာအုပ်

ကျွန်တော်တို့ကို တခါတလေ လူတွေက သူတို့စော်ကားချင်တဲ့ ရိုင်းဆိုင်းတဲ့စကားတွေနဲ့ ပြောဆိုဆက်ဆံ ခံလိုက်ရတဲ့ အချိန်အခါတွေ ရှိတတ်ကြတယ်။
ကျွန်တော် တို့ က ကိုယ်ချစ်တဲ့ အရာကို ကာကွယ်နိုင်ဖို့ အင်အားမရှိကြသေးတဲ့ အခြေအနေတွေ မှာဆိုရင် အဲလို့ မျိုး လူတွေက ကျွန်တော် တို့လို့လူငယ်တွေကို သူတို့ ဆက်ဆံချင်သလို ဆက်ဆံပြီး၊ပြောချင်တာပြောလိုက်ကြတယ်။
သင်အဲလိုတွေပြောခံ နှိမ်ခံ ရတယ်ဆို ဂုဏ်ယူလိုက်ပါ။သင် ဟာ သင်ဘဝအတွက် အောင်မြင်တိုးတက်ဖို့ အလားအလာရှိလို့ ပတ်ဝန်းကျင်က သင်ကို မနာလိုဖြစ်နေကြတာပါ။
အသက်ငယ်သေးလို့ လူငယ်တွေကိုနေရာမပေးချင်တဲ့ လူကြီးတွေရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်က မနာလိုတာပါ။လူငယ်တွေကို နေရာပေးလိုက်ရင် လုပ်ပိုင်ခွင့်ပေးလိုက်ရင် သူတို့ထက်ရှေ့ကိုပိုရောက်သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် အဲလိုလူတွေရဲ့ အငုံ့စိတ်လိုဘဲ ပြောရမလား။
အဲလိုလူတွေက ဘဝမှာ တခုခု ကို ရဖို့ ဘဝအာမခံချက် မသေချာတဲ့ လူတွေများပါတယ်။
ကျွန်တော် တို့ လူငယ်တွေရဲ့အနာဂတ်ကို ဘယ်သူမှခန့်မှန်းလို့ မရပါဘူး။
ပတ်ဝန်းကျင်မှာအမြဲနှိမ်ခံနေရတဲ့ လူ တစ်ယောက် က ဘယ်သူမှ မထင်မှတ်ထားတဲ့ သူကိုယ်သူအတွက် အောင်မြင်သွား ရင် လူတွေက သင်ကို ပြောကြလိမ့်မယ်။သူတို့ လမ်းကြောင်း ဖောက်ပေးလို့ ၊သူတို့ ထောက်ပံ့ပေးလို့ ၊ သူတို့ ရပ်ကွက် ကလေ ကျွန်မ ရဲ့ တူလေး၊ မြေးလေး မိုလို့ ဆိုပြီး ပြောကြလိမ့်မယ်။
သင် ကောင်းစားရင် သူတို့ ကြောင့်
သင် မကောင်းစားရင် သင့်ကြောင့်
သူတို့ပြောတဲ့ အတိုင်း သင်လိုက်မလုပ်လို့။
လူငယ်တွေဟာသိပ်ကို အင်အားကြီးလွန်းတယ်။
ဘာဖြစ်မယ်မှန်းဘယ်သူမှ မသိကြဘူး။
အဲလို လူမျိုးတွေ သင့် ပတ်ဝန်းကျင်မှာ ရှိရင် သူတို့ရဲ့ မကောင်းတဲ့ အတွေးတွေ သင်စီ ဓါတ်မကူးပါစေနဲ့။
အဲလို လူမျိုး လည်း မဖြစ်ပါစေနဲ့။မဖြစ်အောင် စာများများ ဖတ်ပါ။
မကောင်းပြောတာတွေ နားမထောင်ဘဲ သင်ကတော့ ကိုယ်လုပ်စရာရှိတာ ကိုယ် ဘဝ တိုးတက်ဖို့ လုပ်မြဲလုပ်နေပါ။
သောက် ပတ်ဝန်းကျင်
သောက် လူကြီးဆိုတာတွေကို မေ့လိုက်ပြီ
ကိုယ်အကြောင်းကိုယ်သိအောင် လုပ်ပြီး ဘယ်သူဘယ်သူကိုမှ အရေးမပါရင်အရာပေးမနေပါနဲ့။
သင်ပြောချင်တာရှိရင် ပွင့်ပွင့်လင်းလင်း မကျေနပ်တဲ့ အကြောင်းကို တည့်ရင်ဆိုင်ပြီး ပြောလိုက်ပါ။ရန်ဖြစ်ဖို့ ပြောတာ မဟုတ်ပါဘူး။
ကိုယ်ကြိုက်ရင် ကြိုက်တယ်။မကြိုက်ရင် မကြိုက်ဘူး။ အေးဆေးတည်ငြိမ်တဲ့ စကားဝိုင်းကို ဖန်တီးကြည့်ပါ။
လူတွေနဲ့ ပတ်သတ်ပြီး ငါဒီလိုပြောလိုက်ရင် ငါကိုဘယ်လိုများ ထင်နေမလဲ။
အဲလိုအကြောင်းတွေ တွေးမနေပါနဲ့။သင်လိုချင်တာကို ယဥ်ယဥ်ကျေးကျေး တောင်းဆိုပါ။
ယဥ်ယဥ်ကျေးကျေး ပြောဆိုတာကို လက်မခံဘူးဆို ထထိုးလိုက်ပါ။ဟဲဟဲ တကယ်မလုပ်နဲ့နော်။
လက်မခံဘူး ။ သူဘက်က ကိုယ်ကို ရိုင်းဆိုင်းပြီးအထိနာအောင် စကားလုံးတွေ သုံးနေပြီဆို သူဘာဆက်ပြောမလဲ စောင့်ကြည့်နေပါ။တချို့သူတွေက စကားအရမ်းပြောတတ်တာ။
ကိုယ်အားနည်းချက်ကို ဖိချေပြီး စကားပြောတတ်တယ်။ကိုယ်အမှားလေးတစ်ခု မလုပ်လိုက်နဲ့ အဲ့အရာကိုဘဲ နင်းပြီး သူအနိုင်ရအောင် ပြောတယ်။သူက သင်ကို မျက်ရည်နဲ့ မျက်ခွက် ဖြစ်အောင်ပြောပြီး သင်ထိခိုက်သွားတာဘဲလိုချင်တာကိုး။
အဲလိုမျိုး ကြုံရပြီဆို သင်အတတ်နိုင်ဆုံး စကားမပြောမိအောင်နေပါ။
ကိုယ်ထက် စကားပြောတတ်ပြီး ရန်ဖြစ်တတ်တဲ့ လူနဲ့ ရန်ဖြစ်ရင် သူနဲ့ အနိုင်ပိုင်ပြီး စကားမ ပြောပါနဲ့။
ကိုယ်ဒေါသ ကိုယ်ထိန်းချုပ်ပြီး စောင့်ကြည့်နေပါ။
ကိုယ်ရဲ့ စိတ်အစဥ်ကို တခြားလူကြောင့်အညစ်နွမ်း မခံပါစေနဲ့။
တခြားလူအကြောင်းတွေ ခေါင်းထဲမထည့်ပါနဲ့။
သင့်ရဲ့အားနည်းချက်ကို ဖိချေ ပြီးပြောနေတဲ့ လူက သင့်အကြောင်း ကောင်းကောင်းမသိတဲ့လူတွေပါ။
သူတို့ အနိုင်ရမယ်ထင်နေတာ သူတို့မြင်တဲ့ အားနည်းချက် သင် ကိုနိုင်စရာ ဒါဘဲ ရှိတာဆိုတော့ ..
အားနည်းချက်တွေကို ဖိနင်းတိုင်းကြေသွားမဲ့ ထဲမှာ သင်မပါပါဘူး။
သင်က သင်ထင်တာထက်ကို အများကြီးသန်မာတဲ့လူပါ။
ကိုယ်ကို မတိုးတက်အောင် ထိုးချမဲ့လူတွေလိုက်မမှီနိုင်အောင် တိုးတက် ပြလိုက်ပါ။
သင်က တက်လမ်းတွေ အများကြီး ရှိတဲ့လူ ပါ။
အချိန်တန်ရင် သင်ကိုထိုးချခဲ့တဲ့ လူတွေက သူတို့နေရာ သူတို့ သိသွားပါလိမ့်မယ်။
ကိုယ့် တိုးတက်နိုင်ရေးအတွက်လုပ်စရာတွေလုပ်ကြပါ။
လူတွေ ကသူတို့ဒဏ်ရာတွေ ကို သူတို့မသိအောင်ဖုံးကွယ်ဖို့ ကြိုးစားရင်း တခြားတိုးတက်အောင်မြင်ဖို့ အလားအလာရှိတဲ့ လူတွေကို ဝေဖန်အပြစ်တင်နေ ကြတာပါ။သူတို့ ဒီလို မဖြစ်ရကောင်းလားဆိုပြီး တိုးတက်အောင်မြင်တဲ့ လူတွေ တိုက်ခိုက်နေကြတာအငုံ့ စိတ်တွေ...
ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်နေပါ။
ကျွန်တော် ရဲ့ ချစ်စရာကောင်းသောစာဖတ်သူတို့လည်း မကောင်းတဲ့သူတွေနဲ့ ကင်းဝေးပြီး။ဘဝ တိုးတက်ရေးအတွက် လူကောင်းများနဲ့ တွေ့ဆုံပြီး အောင်မြင်နိုင်ကြပါစေ။
ကောင်းမွန်တဲ့ စိတ်အစဥ်ကိုပိုင်ဆိုင်နိုင်ပါစေ။ ကောင်းမွန့်တဲ့နေ့ရက်ကိုပိုင်ဆိုင်နိုင်ပါစေ ။
စာဖတ်သူများကို အစဥ်လေးစားလျှက် စာအုပ်...
Keep Reading