Author's Profile Photo

SarPhat Author

1/06/2024

ကျွန်တော်လူငယ်တွေဖတ်စေချင်တယ့်စာအူပ်(၅)အုပ်

1 min read
Book Review
Education
General Knowledge
ကျွန်တော်လူငယ်တွေဖတ်စေချင်တယ့်စာအူပ်(၅)အုပ်'s photo



ကျွန်တော်တို့လူငယ်တွေကငယ်ငယ်ကတည်းက စာအုပ်တွေဖတ်ဖို့အပြောခံရသလိူ
စာဖတ်ခြင်းဟာလည်းလူသားတွေကိုအကျိုးပြုကြောင်း လူကြီးတွေဆီက
ကြားသိခဲ့ပြီးသားဖြစ်မာပါ
ဒါပေမယ့် ဘယ်စာအူပ်ကဖတ်လို့ကောင်းတယ်
ဘယ်ဟာကဗဟုသုတရတယ်
ဘယ်ဟာကစိတ်ကြည်နူးရတယ်လို့
ရည်ညွှန်းပြောနေမာမဟုတ်ပါဘူး
ဒါကြောင့် ဒီနေ့မှာတော့
ကျွန်တော်ကိုယ်တိုင်ဖတ်ပြီးသားတွေထဲက
လူငယ်တွေနဲ့အသင့်တော်ဆုံးစာအူပ်၂၀ကိုဖော်ပြပေးချင်ပါတယ်

(1) စာရေးဆရာရဲ့ဗန်းမော်သိန်းဖေရဲ့
အိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗဒ်တက္ကသိူလ်သို့

ဒီစာအုပ်ဟာ ဘာသာပြန်စာအုပ်တစ်အုပ်
ဖြစ်ရပ်မှန်ကိုအသေးစိတ်ချေမှုန်းထားသောစာအုပ်တစ်အုပ်ဖြစ်ပါတယ်
အကြောင်းအရာအကျဥ်းချုပ်မှာ
မူးယစ်ဆေးစွဲနေကြတဲ့ မိဘတွေကြောင့် ကျောင်းမှန်မှန်မတက်ဘဲ လမ်းပေါ်မှာ လေလွင့်လျှောက်သွားနေတဲ့ ကောင်မလေး လစ်ဇ်မာရီ ရဲ့ အိုးမဲ့အိမ်မဲ့ဘ၀ကနေ ဟားဗတ်တက္ကသိုလ်ကြီးမှာ တက်ရောက်ပညာသင်ခွင့်ရအောင် ကြိုးစားလုပ်ယူခဲ့တဲ့ သူ့အကြောင်းဖြစ်ရပ်မှန်ကိုရေးပြထားပါတယ်
လူငယ်များစိတ်ညစ်တယ့်အခါတိုင်း စိတ်ဓါတ်ကျတိုင်းဖတ်သင့်တယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်

(2)စာရေးဆရာရဲ့ဗန်းမော်သိန်းဖေရဲ့
အသေးအဖွဲလေးတွေနဲ့စိတ်ညစ်မနေနဲ့

ဒီစာအူပ်ဟာဘာသာပြန်စာအုပ်တစ်အုပ်
လူတွေကို မျက်စိဖွင့်ပေးလိုက်တဲ့ စာအုပ်ပါ
လူအများတွေးသလို လိုက်ပြီးတွေးနေဖို့ မဟုတ်ပါဘူး။
မိမိကိုယ်ပိုင်အတွေးအမြင်တွေနဲ့ရှိဖို့လိုပါတယ်
စာအုပ်ရည်ရွယ်ချက်က စာဖတ်သူတွေ ပျော်ရွှင်မှုရအောင်၊ စိတ်ချမ်းသာမှုရအောင်၊ စိတ်ဖိစီးမှု လျော့ကျအောင်၊ ဘယ်လိုလုပ်ရမယ် ဘယ်လိုအဆင်ပြေအောင်နေရမလဲစတာတွေ ဖြေရှင်းပေးမယ့်စာအုပ်တစ်အုပ်ဘဲဖြစ်ပါတယ်


(၃)စာရေးဆရာအရှင်စန္ဒိမာ(ရွှေဂန္ထဝင်)ရဲ့
မိမိကိုယ်ကိုပြုပြင်ခြင်း

ဒီစာအုပ်မှာ ယခုရရှိနေတဲ့ ရလဒ်အခြေအနေထက် ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ရရှိပိုင်ဆိုင်ချင်သူများအတွက် ပြုပြင်ပြောင်းလဲသင့်တာ သော နည်းလမ်းကောင်းတွေအကောင်းဘက်ကို ပြုပြင်ပြောင်းလဲ တည်ဆောက်တဲ့အခါမှာ တစ်ထောင့်တစ်နေရာကနေ ဘဝတစ်ခုအတွက် လိုအပ်နေတဲ့ စိတ်ဓာတ်ခွန်အားတွေ တိုးတက်အောင်မြင်တဲ့ ဘ၀ကိုပိုင်ဆိုင်ဖို့ မိမိကိုယ်ကိုပြုပြင်ရမယ့် ပြုပြင် ပြောင်းလဲနေထိုင်သင့်တဲ့ အချက်တွေကို လေ့လာဖတ်ရှုဖို့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်

(၄) စာရေးဆရာသားထွေရဲ့
positive vibes

ဒီစာအုပ်​လေးထဲမှာ ဘဝ​အခက်အခဲ​တွေကို ဖြတ်သန်းတဲ့အခါ ထားသင့်တဲ့ စိတ်​နေစိတ်ထား​တွေ ၊ အပြုအမူ​တွေနဲ့ … ကိုယ့်​ဘေးမှာ အ​​ကောင်းမြင်စိတ်နည်းပါးသူ​တွေနဲ့ကြုံ​တွေတဲ့အခါ လုပ်​ဆောင်သင့်တဲ့ အရာ​လေး​တွေကိုပါ ​ဖော်ပြ​ပေးထားသောစာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်


(၅) စာရေးဆရာကောင်းစံသာ(ရေကြည်)ရဲ့
လူငယ်တွေဖတ်ဖို့

ဒီစာအုပ်ဟာ နာမည်လေးအတိုင်း လူငယ်တွေအတွက် အဓိကရည်ရွယ်ထားတဲ့စာအုပ်လေးဖြစ်ပါတယ်

လူငယ်တွေဟာ အိပ်မက်တွေကိုယ်စီရှိကြပေမဲ့ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ဖို့ရာအတွက်တော့ ဆန္ဒပြင်းပြမှုမရှိပဲ အားနည်းကျပါတယ်…

အိပ်မက်တွေကို ကိုယ်စီအကောင်အထည်ဖော်ကျရာမှာ မေတ္တာတရား၊ ကိုယ်ချင်းစာတရား၊ သည်းခံခွင့်လွှတ်မှုတို့ရဲ့ အရေးပါပုံနဲ့ ငယ်ရွယ်ချိန်မှာ ဘဝတိုးတက်အောင် မြင်အောင် တတ်မြောက်ထားတဲ့ပညာရပ်တွေကို ရရှိ​နေသည့် ငယ်ရွယ်ချိန်မှာ အကောင်းမွန်ဆုံး အချိန်နဲ့တပြေး ညီ အကျိုးရှိစွာ အသုံးချသင့်ကြောင်း အဓိကရေးသားထားကြောင့် ဖတ်ကြည့်သင့်သည့် စာအုပ်ကောင်းတစ်အုပ်လို့ မြင်မိပါတယ်။

ဒီစာအုပ်လေးထဲမှာ ရည်မှန်းထားတဲ့ပန်းတိုင်ကို ကိုယ်စီလျှောက်လှမ်းနိုင်ဖို့အတွက် သာဓက၊ အတုယူစရာများနဲ့ ​မြင်သာအောင် ရေးသားထားလို့ ရည်မှန်းချက်ရှိပြီး လက်တွေ့လုပ်ဆောင်မှုအားနည်းနေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေမဲ့ စာအုပ်လေးဖြစ်ပါတယ်။

Eric 1/6/2024 19:10PM

https://t.me/KnowledgeHeavenByEric

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ