Author's Profile Photo

SarPhat Author

1/06/2024

ကာရန်နှင့် ကဗျာဖွဲ့လိုပါက

1 min read
Book Review
Poetry
ကာရန်နှင့် ကဗျာဖွဲ့လိုပါက's photo

ဆရာတင်မိုး(​မြန်မာကဗျာဖွဲ့နည်း )

သင်ဟာ ကာရန်တို့ဖြင့် ကဗျာရေးဖွဲ့လိုသည်ဆိုပါက ထိုစာအုပ်ထဲ အကြောင်းအရာ အနည်းငယ်ကို ဖော်ပြလိုပါသည်။


အခြေခံကျောင်းသား၊သို့မဟုတ် စတင်ရေးသားတော့မည်ဆိုပါက သံပေါက်၊သံချပ်၊လေးလုံးစပ်အင်္လကာ၊ဒွေးချိုး အစရှိသည့် လွယ်ကူတဲ့ ကဗျာတွေကို စတင်ရေးဖွဲ့ရပါမည်။

ကာရန် ၆၄ ပါးရှိပါသည်။

နမူနာများ

မာမာ
လာပါ။


စုံမြိုင်တွင်း
ထုံကြိုင်သင်း။

မဲဇာတောင်ခြေ
သဲသာတောင်ခြေ
ပွဲခါညောင်ရေ။

ပေးစရာလည်း ငွေမရှိ
ပြေးစရာလည်း မြေမရှိ။

စကားပုံ၊စကားတို့ကို လေ့ကျင့်မည်ဆိုပါက ပိုမိုလွယ်ကူပါလိမ့်မည်။
ကာရန်လေ့လာရာတွင် အသံလည်းညီ၊အသတ်လည်းညီလျှင် အကောင်းဆုံးဖြစ်ပါသည်။သို့သော် အသက်မတူလည်း၊အသံညီရင် ကဗျာစပ်ဆိုလို့ ရနိုင်ပါသည်။

နမူနာ

ပန်းလိုမွှေးပါစေ၊
စမ်းလိုလည်းအေးပါစေ။
(ပန်းနှင့်စမ်းသည် အသတ်မတူပါ။)

ကဗျာဖွဲဆိုရာတွင် အသံ ၃ မျိုး။

ပကတိသံ၊အောက်မြစ်သံ၊ဝိသဇ္ဇနီသံ စသည်တို့ပဲ ဖြစ်ပါသည်။


ပကတိသံသည် အောက်မြစ်သံနှင့်ဝိသဇ္ဇနီမပါသော ကာရန်(တက်သံ)သို့မဟုတ် ချီသံ

အောက်မြစ်သံသည် အောက်မြစ်ပါသော ကာရန်စု နှင့် အောက်မြစ်မပါသော ကာရန်စုတို့ ရှိပါသည်။အောက်မြစ်သံရွတ်ဖတ်ရသော အ၊အီ၊အု စသည့် ကာရန်ကို (သက်သံ)ဟူ၍ခေါ်ပါသည်။

ဝိသဇ္ဇနီသံသည် ဝစ္စပေါက်ပါသော အသံ၊နိမ့်သံ ဟူ၍ခေါ်သည်။ကသတ်၊စသတ်၊တသတ်၊ပသတ်တို့သည် အောက်မြစ်သံဖြစ်ပါသည်။ကဗျာအင်္လကာ၏ အချသံမို့လို့ (ချသံလို့ခေါ်ပါသည်။

ပါဠိသက်အက္ခရာကို (သက်ထူး)လို့ခေါပါသည်။
ပါဠိသက် အသတ် ၂၆ ပါးရှိပါသည်။

မြန်မာစကားလုံး၌မရှိသည့် အသတ်များမှာ (ဃ၊ဆ၊ဈ၊ဍ၊ဎ၊ဖ၊အ) တို့ပဲဖြစ်ပါသည်။

(သံပေါက်) အသံကို ပေါက်ရောက် ပေါ်လွင်စွာ ဖတ်နိုင်သည့် အင်္လကာတိုအမျိုးအစား ဖြစ်ပါသည်။

သံပေါက်စပ်နည်း - အစလေးလုံး၊အလယ်သုံးလုံး၊အဆုံးငါး၊ခုနစ် ဖြစ်သည်။ထိုအရာကို (၄-၃-၂)လို့ ခေါ်ပါသည်။


နမူနာ ကဗျာအနေနဲ့ ဆရာမငွေတာရီ ကဗျာလေးဖော်ပြလိုပါသည်။


ဖွဲ့နွှဲ့ရေးစီ
ကဗျာသီ
မေ့ဆီ ပေးလိုက်ရာ။
သံချိုစပ်လား
တေးထပ်လား
မေကား မသိပါ။
ဖတ်ကြည့်ပြန်လျှင်
သူ့စာယဥ်
မေ့တွင် မရှင်းပါ။
ချစ်ပါကြောင်းလား
မုန်းကြောင်းလား
မေကား မသိပါ။


ဆရာတင်မိုး၏ ကဗျာစပ်နည်း စာအုပ်ထဲက ထိုမျှလောက်ကိုသာ ဖော်ပြပေးလိုပါသည်။ကျန်သည့် အရာများကို နောက်မှ ပြန်လည် ဖော်ပြပေးလိုပါသည်။


မြန်မာကဗျာဖွဲ့နည်း အမည်ရှိသည့် စာအုပ်ကို ၁၉၈၅၊ဒီဇင်ဘာလမှာ ပထမပုံနှိပ်ခဲ့ပါသည်။အုပ်ရေတစ်သိန်း (၁၀၀၀၀၀)တိတိရိုက်ပြီး ခေတ်အခြေအနေအရ လုံးဝမဖြန့်ချီလိုက်ရဘဲ ဖြစ်ရခြင်းကို လွန်စွာဝမ်းနည်းဖို့ကောင်းပါကြောင်း ဖော်ပြလိုပါသည်။ထိုအကြောင်းကိုလည်း နောက်ကြမှ အသေအချာ ဖော်ပြပေးပါမည်။

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတဲ့အကျင့်ဆိုးမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်