Author's Profile Photo

Reviews by Benevolent

14/08/2025

အချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူး

4 mins read
Book Review
General Knowledge
History
အချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူး's photo

အချစ်ကိုကိုးကွယ်သူခဲ့တဲ့ ဘုရင်ရူးတစ်ပါး မြန်မာသမိုင်းစာအုပ်ထဲမှာရှိတယ်။သူကတော့ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် သတ္တမမြောက်ဘုရင် စစ်ကိုင်းမင်း (ဘကြီးတော်ဘုရား) သာဖြစ်တယ်။ဘာလို့ ဘကြီးတော် လို့ခေါ်ကြတာလည်းဆိုရင် ပုဂံမင်းနှင့် မင်းတုန်းမင်းတို့၏ ဘကြီးတော်ဆက်သူဖြစ်ပြီး နောင်အခါတွင် ခေါ်တွင်ခဲ့ခြင်းကြောင့်လို့ ဆိုကြတယ်။
ဘိုးတော် (ဗဒုံမင်း) ၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာသတိုးမင်းစော၏ ပထမ အိမ်ရှေ့မိဖုရားမှ ဖွားမြင်လာတဲ့ သားတော်ကြီး ဖြစ်တယ်။ငယ်နာမည်က မောင်စိန်၊ဘိုးတော်ဘုရားဗဒုံမင်း၏အချစ်ဆုံးမြေးတော်ဆက်သူတစ်ယောက်။စစ်ကိုင်းမင်းဧ။်ဖခမည်းတော်ကရခိုင်ကိုအောင်နိုင်ခဲ့သူ၊မဟာမုနိဘုရားကြီးကိုအမရပူရအရောက်ပင့်ဆောင်ခဲ့သူအိမ်ရှေ့စံရွှေတောင်မင်းဖြစ်လာတယ်။

ရွှေတောင်မင်းကထီးနန်းမရခင်နတ်ရွာစံသွားတော့အိမ်ရှေ့စံအဖြစ်မြေးတော်စစ်ကိုင်းမင်းသားကိုထားပါတယ်။
အချစ်ဆုံးမြေးဖြစ်လို့ထီးနန်းသာမကသူသဘောတူတဲ့ဆင်ဖြူမယ်နဲ့စုလျားရစ်ပတ်လက်ထပ်စေခဲ့ပါတယ်။
ဆင်ဖြူမယ်ကရွှေတောင်မင်းရဲ့ညီတော်ရင်း
ပြည်မင်းသားရဲ့သမီးတော်ဖြစ်တယ်။မိဖုရားခေါင်နေရာကိုထိပ်တန်းဆွေတော်မျိုးတော်တွေထဲက
ရွေးချယ်တာဖြစ်တယ်။ဆင်ဖြူမယ်ကစင်္ကြာမင်းသားလေး၏မယ်တော်ဖြစ်ပြီးမီးတွင်းမှာပင်နတ်ရွာစံရှာတယ်။ဒါကြောင့်ဘိုးတော်ဘုရားက မက္ခရာမင်းသား၏
သမီးတော်ပန်းတောင်းမင်းသမီးကိုရွေးချယ်ပြန်တယ်။
စစ်ကိုင်းမင်းနန်းတက်တော့ပန်းတောင်းမင်းသမီးကို
လစ်လျူရှုပြီးငယ်ချစ်ဖြစ်တဲ့သာမန်အရပ်သူမယ်နုကို
တောင်ညာစံဒေဝီအဖြစ်မိဘုရားခေါင်တင်မြှောက်ခဲ့တယ်။

မယ်နုဆိုတာ ရေဦးမြို့၊ ဖလံခုံရွာမှာ မွေးဖွားခဲ့တဲ့ ကျေးတောသူတစ်ယောက်၊ အရွယ်မရောက်ခင် မိဘနှစ်ပါးဆုံးတယ်၊ ဦးလေးဖြစ်သူ ဦးကွန်နဲ့ မယ်ရှမ်းတို့က ကျွေးမွေးထားရတယ်။ ဓားပြများသောင်းကျန်းတာကြောင့် အင်းဝမြို့သို့ တတ်ရောက်လာခဲ့တယ်။အဲ့အချိန်မှာ မယ်နုက ငါးစိမ်းသည်အဖြစ်နှင့် ငါးပုစွန်များကို ခေါင်းရွက်ပြီး မြို့တွင်းမြို့ပြင် လှည့်လည်ရောင်းချ ရသူသာဖြစ်တယ်။မယ်နု အသက် ၇နှစ်အရွယ် မြစ်ဆိပ်သို့ ကလေးအဖော်များနှင့် ရေကစားရန် ထဘီချွတ်ပြီး ကမ်းပေါ်တင်ထားခဲ့မိတယ်၊ထဘီကို စွန်ကချီပြီး နန်းတော်ပေါ်ကို ပျံသန်းလာတဲ့အချိန် နန်း‌တော်အစောင့်ကိုမြင်ပြီး ကြောက်လန့်ကာ လွတ်ချခဲ့တယ်။မင်း၏ဘုန်းကံ ညံ့ရာရောက်သည်ကို ဘယ်သူမှသတိမထားမိခဲ့ကြ။ တစ်‌နေ့ စစ်ကိုင်းမင်းသားက မှန်ပြောင်းတော်နဲ့ ရှုစားတော်မူတဲ့အခါ မယ်နုက ခေါင်းပေါ်ရှိဗန်းထဲ ငါးကို ငှက်ထိုးသဖြင့် ဗန်းကခေါင်းပေါ်မှ မြေပေါ်သို့ မှောက်ကျသွားတယ်။အဲ့အခါ ငါးများကို ကောက်ယူနေတာကို စစ်ကိုင်းမင်းသားမြင်သွားတယ်၊ အဲ့အချိန်မယ်နုအသက် ၁၃ နှစ်အရွယ်မျှသာရှိ‌သေးတယ်လို့ဆိုတယ်။ဒါပေမယ့်လည်း နန်းတော်ကို အပျိုတော်အဖြစ်နှင့် အခစားဝင်ခဲ့ရတယ်။

ဘိုးတော်ဘုရားနတ်ရွာ(နတ်ပြည်)မစံမီအချိန်အခါက အတွင်းသေနာပတိဖြစ်တဲ့ သီရီမဟာ နန္ဒသင်္ကြန်ဘွဲ့ ခံအမတ်ကြီးကို "ငါမရှိနောက် ဖန်နန်းရှင်ကို အရိပ်အရာခံ ထီးနန်းစည်းစိမ်ကို တင်မြှောက်လိုက်ပါဘိ၊ ပန်းတောင်းကို တောင်ညာတင်ပါစေ၊ စကြာကို ရင်ခွင်ပိုက်ပါစေ၊ သရက်ကို အစေ့မယှက်ပါစေနှင့် ဟု မိန့်ကြားခဲ့တယ်။ဒါပေမယ့် ဖန်နန်းရှင် ဘကြီးတော်(စစ်ကိုင်းမင်း)က မင်းအဖြစ်တင်မြှောက်ခံရပြီးချိန်တွင် ပန်းတောင်းမင်းသမီးကို တောင်ညာမိဖုရားအဖြစ်တင်မြှောက်ခြင်း လက်မခံခဲ့၊ အမတ်ကြီးက "ကြက်မှာအရိုး၊ လူမှာအမျိုး "ဟု ဆိုကာ မင်းမျိုးမင်းနွယ် စစ်မှသာ မိဖုရားကြီးမြှောက်ထိုက်ကြောင်း လျှောက်တင်တယ်။ထိုအခါ မယ်နုက "ကြက်မှာ အမြစ်၊ လူမှာအချစ်" ဆိုကာ ကြားဖြတ်ပြောတယ်။ ဘကြီးတော်က သဘောကျလက်ခံကာ မယ်နုကို ဖုရားကြီးတင်မြှောက်ခဲ့တယ်။မယ်နု မပျော်ရတဲ့အကြောင်းထပ်ပေါ်လာပြန်တယ်။အဲ့ဒါက သရက်မင်းသား (ခေါ် )သာယာဝတီမင်းသားအား အိမ်ရှေ့စံပေးတာကို မနာလိုခဲ့ဘူး။ဒါကြောင့် မယ်နု၏အစ်ကို မောင်အို ကို ထီးနန်းဆက်ခံခွင့်ရရန် ကြံစည်ခဲ့ပြန်တယ်။အချစ်ဆုံးမိဖုရား၏မောင်တော်ဖြစ်တာကြောင့် မောင်အိုကိုထိပ်တန်းမင်းသားကြီးအဖြစ်ချီးမြှောက်ထားတယ်။
သူကလည်းထီးနန်းကိုချိန်ရွယ်တော့တယ်။ မောင်အိုက နန်းတွင်းရေး၊ တိုင်ရေးပြည်ရေးကိစ္စများကို တန်ခိုးဩဇာကြီးမားအောင် လျှို့ဝှက်ကြံစည်ခြင်း လုပ်ရပ်များကြောင့် အင်္ဂလိပ်နှင့် မြန်မာ ပထမစစ်ဖြစ်ပွားခဲ့တယ်။ မယ်နုက မိမိ၏အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်ထားတဲ့ ပန်းတောင်းမင်းသမီးအား သ

တောရိုင်းမြေသုံးနှစ်သုံးမိုးမိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။Ernest Hemingway ဘဝဟာသများဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ မိတ်ဆွေမှရန်သူဖြစ်သွားခြင်းပင်လယ်ဝံပုလွေအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးThe Gentleman in the Parlour

Unlock to read this premium article with 100 points.