Author's Profile Photo

Reviews by Benevolent

15/08/2025

မိတ်ဆွေမှရန်သူဖြစ်သွားခြင်း

2 mins read
Book Review
General Knowledge
History
မိတ်ဆွေမှရန်သူဖြစ်သွားခြင်း's photo

၁၉၄၀ ပြည့်လွန်နှစ်များ၊ နာဇီတို့ကပါရီကိုကျူးကျော်အချိန်တွင်အယ်လ်ဘတ်ကမူး (Albert Camus)နှင့်ယန်ပေါလ်ဆာ့တ် (Jean-Paul Sartre)တို့က ပါရီမြို့တွင် ပထမဆုံးတွေ့ဆုံခဲ့ကြတယ်။နာဇီတို့ ဖိနှိပ်မှုကို တူညီစွာဆန့်ကျင်ကာ တရားမျှတမှု၊ လွတ်လပ်စွာတွေးခေါ်မှုနှင့်စစ်မှန်တဲ့ဘဝ (authentic living) တို့အတွက် အတူတကွ ရပ်တည်ခဲ့ကြတယ်။အစောပိုင်း မိတ်သဟာယ ကာလလို့ပြောရမယ်။၁၉၄၀ ပြည့်လွန်နှစ်များအတွင်းအယ်လ်ဘတ်ကမူ့း(Albert Camus)နှင့် ယန်ပေါလ်ဆာ့တ် (Jean-Paul Sartre)တို့က ပြင်သစ်တွင် အတူတကွ လက်တွဲလုပ်ကိုင်ခဲ့တဲ့ မိတ်ဆွေများနှင့် ပညာရှင်မဟာမိတ်များဖြစ်ကြတယ်။။ စာပေ၊ ဖြစ်တည်မှုဝါဒ (existentialism)၊ နှင့် နာဇီဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အတူပါဝင်ခဲ့ကြတယ်လို့ဆိုရမယ်။ ကမူး၏ The Stranger/The Outsiderစာအုပ်ကို (၁၉၄၂) ထုတ်ဝေခဲ့ပြီ ယန်ပေါဆာ့တ်၏ Being and Nothingness စာအုပ်ကို (၁၉၄၃) တိို့တွင် ထုတ်ဝေခဲ့တယ်။ ထိုခေတ်ကာလ၏ အရေးပါတဲ့ အတွေးအခေါ်လက်ရာများအဖြစ် ထင်ရှားကျော်ကြားခဲ့တယ် ပြောရမယ်။ခေတ်၏ အတွေးအမြင်များကိုလည်း လွှမ်းမိုးခဲ့တယ်။

၁၉၅၀ ပြည့်လွန်နှစ်များတွင် ကမူးနှင့် ဆာ့တ် တို့၏ ဆက်ဆံရေး ပြင်းထန်စွာ ပြိုကွဲခဲ့တယ်။အချင်းချင်းအငြင်းပွားမှု၏ အရင်းခံက ဘာလဲဆိုရင်အကြမ်းဖက်မှုနှင့် တော်လှန်ရေး အကြောင်းရင်းကြောင့်လို့ပြောရမယ်။
ကမူးကလူသားအခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို အလေးထားပြီး အကြမ်းဖက်မှုအား လုံးဝဆန့်ကျင်တဲ့သဘောကိုသာဆောင်တယ်။အေးချမ်းတဲ့ ဆိုရှယ်လစ်စနစ် (peaceful socialism) ကို သာလိုလားခဲ့တယ်၊ ဒါပေမယ့် ဆိုဗီယက်ယူနီယံကို‌တော့ အာဏာရှင်ဆန်မှုလို့ဝေဖန်ခဲ့တယ်။ဆိုဗီယက်ယူနီယံနှင့် စတာလင်ဝါဒ ကိုကမူးက အာဏာရှင်စနစ် ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့တယ်။

ဆာ့တ် ကတော့ မာ့က်စ်ဝါဒ (Marxism) ကို ထောက်ခံကာ တော်လှန်ရေးတွင် အကြမ်းဖက်မှုများ၊ သ/တ်ဖြတ်မှုများ တစ်ခါတစ်ရံ မဖြစ်မနေလိုအပ်တယ်လို့ ယူဆခဲ့တယ်။ဆာ့တ်က အစောပိုင်းကာလ ဆိုဗီယက်ကွန်မြူနစ်ပါတီ၏ မူဝါဒများကို ယာယီထောက်ခံမှုပေးခဲ့ပြီး၊နောက်ပိုင်းမှာတော့ အနောက်တိုင်း အရင်းရှင်စနစ်၏ ပြဿနာများကိုသာ အလေးပေးခဲ့တယ်ပြောရမယ်။
ဆာ့တ်က ကိုလိုနီစနစ်ပပျောက်ရေး (decolonization) နှင့် ကွန်မြူနစ်စိတ်ဓာတ်အတွက်အကြမ်းဖက်နည်းလမ်းများလိုအပ်ရင်သုံးရမယ်လို့ ဆိုတယ်။အယ်လ်ဂျီးရီးယားစစ်ပွဲ ကို ပမာပြု ပြောလေ့ရှိတယ်။ဆာ့တ် လက်ခံထားတဲ့ မာ့က်စ်ဝါဒနှင့်လွတ်လပ်မှု ဆိုတာ မာ့က်စ်ဝါဒအား လူမှုတရားမျှတမှုအတွက် လမ်းကြောင်းတစ်ခုအဖြစ် ယုံကြည်ခဲ့တယ်။သမိုင်းဆိုတာ လွတ်လပ်မှုကို ကန့်သတ်တဲ့ ချုပ်နှောင်

Victor Hugo ဘဝအမောပြေ𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚နိဂုံး၏အဓိပ္ပါယ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်တကယ်မရှိသောနှစ်များမိတ်ဆွေမှရန်သူဖြစ်သွားခြင်းကမူး၏ကိုးကွယ်ရာဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအစောဆုံးပေါ်ခဲ့တဲ့မြန်မာအမျိုးသမီးစာရေးဆရာ..ကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)

Unlock to read this premium article with 100 points.