SarPhat Author
Grab ကို စတင်တည်ထောင်ခဲ့စဉ်က MyTeksi လို့ ခေါ်ဝေါ်ခဲ့ပါတယ်။
ကဲ..ဒီနေ့မှာတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ထင်သာမြင်သာရှိစေမယ့် Tech Startup အကြောင်းလေးတွေ
မျှဝေရင်း ဒီလို ပတ်ဝန်းကျင်မှာ အသုံးဝင်စေမယ့် Tech Startup တွေပေါ်ထွက်လာခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုမျိုး စိန်ခေါ်တွေရှိမလဲ။ ဒီလို အောင်မြင်တဲ့ Startup တစ်ခုမဖြစ်လာခင်မှာရော ဘယ်လိုမျိုး Startup ခရီးစဉ်ကို ဖြတ်သန်းသွားခဲ့ရလဲဆိုတဲ့ သင်ခန်းစာများကို လေ့လာသွားနိုင်ဖို့ Grab ကို ရွေးချယ်ထားပါတယ်။
Grab က ကျွန်တော်တို့ တစ်နေ့တာမှာ တော်တော်လေးအသုံးဝင်သလို အရင်ကလို Taxi ငှားတဲ့အခါ စျေးညှိရတာတွေလည်း မလိုတော့ဘူး။ လုံခြုံမှုမရှိမှာလည်း စိတ်ပူစရာမလိုဘူး။ တိကျတယ်။ သုံးရလွယ်ကူတယ်။ Taxi Driver အတွက်ရော အသုံးပြုသူအတွက်ပါ အကျိုးရှိစေတယ်ဆိုတာ ငြင်းနိုင်ဖွယ်မရှိပါဘူး။
ဒါဆို ဒီလို Grab ဆိုတဲ့ အိုင်ဒီယာတစ်ခုကို Startup တစ်ခုအဖြစ် ဘယ်လို ပြောင်းလဲခဲ့လဲ။
Grab ဆိုပြီးစတင်မဖြစ်ပေါ်ခင်မှာ Harvard Business School မှာ MBA တတ်နေရင်း Anthony Tan နှင့် Tan Hooi Ling တို့က အမှတ်မထင်ဘဲ ဆုံတွေ့ခဲ့ကြပါတယ်။ (၂) ယောက်လုံးက မလေးရှားနိုင်ငံက ဖြစ်တာမို့ သူတို့ နိုင်ငံမှာ ကြုံတွေ့ရလေ့ရှိတဲ့ Taxi ငှားရမ်းတဲ့အခါ လုံခြုံမှုမရှိတာ၊ အခြားနိုင်ငံခြားသားတွေ လာရောက်လည်ပတ်တဲ့အခါမှာလည်း ဘာသာစကားအခက်အခဲ၊ စျေးညှိရတာ စတဲ့ အခက်အခဲတွေကို မကြာခဏ ကြုံတွေ့ရလေ့ရှိတာမို့ Taxi Booking Service တစ်ခုဖြစ်တဲ့ Grab ကို စတင်ပြီးတော့ အကောင်အထည်ဖော်ခဲ့ပါတယ်။
Grab ဆိုတဲ့ နာမည်မတိုင်ခင်မှာ MyTeksi လို့ခေါ်ဝေါ်ခဲ့ပြီး Business Plan Competition အချို့ယှဉ်ပြိုင်ခဲ့၇ာမှာ US$25,000 အနိုင်ရလိုက်တဲ့အတွက် ပထမဆုံး Startup တစ်ခုအဖြစ် အကော်အထည်ဖော်နိုင်ဖို့ လမ်းစတစ်ခုဖြစ်ခဲ့ပါတယ်။ 2012 ခုနှစ်၊ မလေးရှားမှာ စတင် Launch လုပ်ခဲ့ပေမဲ့ Startup တစ်ခုစတင်ဖွံ့ဖြိုးလာဖို့အတွက် လိုအပ်တဲ့ Infrastructure ပိုင်း၊ Funding ပိုင်း၊ နည်းပညာပိုင်းတွေကြောင့် စိန်ခေါ်မှုတွေ များစွာ ကြုံတွေ့ခဲ့ရပါတယ်။
ဒါကြောင့်မို့ 2013 ခုနှစ်မှတော့ Company Headqueter ကို Singapore ကိုပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် Technology Hub တစ်ခုဖြစ်တဲ့ Singapore နိုင်ငံရဲ့ Ecosystem ဟာ Grab ဆိုတဲ့ Startup တစ်ခုအတွက် Funding ပိုင်း၊ နည်းပညာပိုင်းမှာပါ တိုးတက်ကြီးထွားဖို့ လမ်းစတစ်ခုဖြစ်ခဲ့တယ်ဆိုတာ Podcast တစ်ခုမှာတောင် ပြောကြားခဲ့ပါတယ်။
2016 ခုနှစ်လောက်ရောက်တဲ့အခါမှာ Myteksi ဆိုတဲ့ နာမည်ကနေ Grab ဆိုပြီး Rebranding ပြန်လုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ Grocery, Food delivery, Financial services အစရှိတဲ့ ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့ရင်း 1 Billions Unicorn Startup တစ်ခုဖြစ်လာခဲ့ပါပြီ။
ယခု ၂၀၂၃ ခုနှစ်မှာတော့ Grab Valuation က 12 Billions အထိရှိခဲ့ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြန်မာ အစရှိတဲ့ နိုင်ငံ (၈) နိုင်ငံအထိ တိုးချဲ့နိုင်ခဲ့ပြီး အသုံးပြုသူ 180 Million အထိရှိခဲ့ပြီဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ လေ့လာလို့ရနိုင်တဲ့ အချက် (၃) ချက်ရှိပါတယ်။
(၁) နိုင်ငံတစ်ခုရဲ့ ရေမြေတိုးတက်မှုက Startup တစ်ခုအပေါ်များစွာ သက်ရောက်မှုရှိပါတယ်။
(၂) အလုပ်မဖြစ်တာတွေ ကြုံတွေ့လာရတဲ့အခါ စွန့်လွှတ်ဖို့ မကြောက်ရွံပါနဲ့။
(၃) Innovation ဆိုတာ ရပ်တန့်သွားတာမျိုးမဟုတ်ဘဲ Startup တစ်ခုအတွက် စ၊လယ်၊ဆုံးအထိ တောက်လျှောက်အရေးကြီးတယ်ဆိုတာ သတိရပေးပါ။
ကဲ..အခုဆိုရင်တော့ Grab ရဲ့ အိုင်ဒီယာမှ Startup တစ်ခုအဖြစ် ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းမှတဆင့် ကိုယ်ရဲ့ Startup စတင်ရာ ခရီးစဉ်အတွက် တစ်စုံတစ်ခု လေ့လာလိုက်ရမယ်ထင်ပါတယ်၊ နောက်နေ့တွေမှာ နောက်ထပ်ဆောင်းပါးများနဲ့အတူ ပြန်လာခဲ့ပါ့မယ်ခင်ဗျာ။
Keep Reading