Author's Profile Photo

SarPhat Author

1/06/2024

မောင်ရင်မောင် မမယ်မ

1 min read
Book Review
Culture
History
မောင်ရင်မောင် မမယ်မ's photo

အခု review ပေးချင်တဲ့ စာအုပ်လေးကတော့ ဆရာဂျိန်းစ်လှကျော် ရေးတဲ့ မောင်ရင်မောင် မမယ်မ ဝတ္ထုပဲဖြစ်ပါတယ်။
ထိုဝတ္ထုဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စာရေးဆရာ၊ဆရာမတွေ ဖြစ်ကြတဲ့
ဆရာဇော်ဂျီ
ဆရာ ဦးဖေမောင်တင်
မောင်ထွန်းသူနှင့်မောင်မြင့်ကြွယ်
ဆရာမောင်ထင်နှင့်
လူထုဒေါ်အမာတို့ဟာ ကောင်းကြောင်းတွေ အမွှမ်းတင်စားထားတာမနည်းပါဘူး။
ထိုစာအုပ်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း တစ်ရာကျော်လောက်ရှိပြီလို့ သိရပါတယ်။
ထိုစာအုပ်ရဲ့ စာအရေးအသားဟာဆိုရင် အလွန်ကိုမှ ထူးဆန်းပါတယ်။ဘာကြောင့်ဆို ကျွန်ုပ်ဖတ်နေကြ စာအုပ်မျိုးနဲ့အရေးအသား လုံးဝခြားနားတာပါ။

မောင်ရင်မောင် မမယ်မဝတ္ထု


ဝတ္ထုသည်
ဖြူစင်သော အချစ်ကို ဖော်ပြတယ်။
အဘက်ဘက်က တွေးခေါ် စဥ်းစားတတ်သင့်ကြောင်း
မည်သည့်အချိန် မည်သို့ စဥ်းစားဆင်ခြင် ဆုံးဖြတ်သင့်ကြောင်း
ပညာတစ်ခုကို စိတ်ပါလက်ပါ အစွမ်းကုန်သင်ယူသင့်ကြောင်း
သူတစ်ပါးအပေါ် မကောင်းကြံခြင်းကြောင့် မိမိသာ ပြန်ခံရကြောင်း
ရပ်ရွာပတ်ဝန်းကျင်၌ရှိသူလူအပေါင်းတို့ကတစ်ယောက်ကိုတစ်ယောက် ဖေးမသင့်
ကြောင်း
သတ္တိရှိရှိစဥ်းစားဆုံးဖြတ် လုပ်ဆောင်သင့်​ကြောင်း
အများကောင်းကျိုးကိုလည်း ဆောင်ရွက်သင့်ကြောင်း
နှုတ်လုံသင့်ကြောင်း

အစရှိသည်တို့ကို မှတ်သားလေ့လာမိပါသည်။
နောက်ပြီး ထိုစာအုပ်မှာဆိုရင် ရှေးယခင်ခေတ်ရဲ့ယဥ်ကျေးမှု၊အုပ်ချုပ်မှု၊သွားလာလှုပ်ရှားမှုတွေနဲ့ပြောဆိုနေထိုင်ခြင်းတွေအကြောင်းကို သိရှိနိုင်ပါတယ်။
ထိုဝတ္ထုကို ရေးတဲ့စာရေးဆရာကြီးရဲ့ ကလောင်အစွမ်းထက်မြက်ခြင်းတို့ကြောင့် ဇာတ်လမ်းကို မခန့်မှန်းတတ်အောင်ရေးပြထားပါတယ်။ထိတ်လန့်သင့်တဲ့နေရာ ထိတ်လန့်စေပြီးတော့ စိုးရိမ်သင့်တဲ့နေရာတွေကိုလည်း စိုးရိမ်အောင် ရေးသားထားတဲ့အတွက် လွန်စွာမှ ဖတ်ရကျိုးနပ်ပါတယ်။
ကဲ ထိုဝတ္ထုကို ဖတ်ဖို့ ရှည်ရှည်ဝေးဝေးတွေ မပြောတော့ပါဘူး။ဖတ်သင့်တယ်လို့ပဲ ညွှန်းလိုက်ပရစေ။

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ