Reviews by Benevolent
စာဖတ်သူတွေအဖို့ မသေခင် ဖတ်သွားသင့်တဲ့စာအုပ်တွေထဲက စာအုပ်တစ်အုပ်။စာဖတ်သူကို ကမ္ဘာကြီးနှင့် လူ့အဖွဲ့အစည်းကို ခြားနားတဲ့နည်းဖြင့် တွေးတောမိစေမယ်၊အမြင်ကို ထာဝရပြောင်းလဲစေတယ်။ ဂျော့အော်ဝဲ (George Orwell) ရဲ့ ဂန္ထဝင်လက်ရာတစ်ခုဖြစ်သလို ခေတ်ကာလတစ်ခုအပေါ်ဖြတ်သန်းမှုတွေကို အခြေတည်ပြီး ဖြစ်တည်လာတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တယ်။ပြောင်မြောက်ထူးခြားတဲ့ဝတ္ထုတစ်ပုဒ်၊ စိတ်ညစ်စရာ၊ မွန်းကြပ်စရာကောင်းလှတဲ့ ကမ္ဘာကြီးတခုကို ဝတ္ထုတပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ဒီဝတ္ထုကို 1949 မှာ စတင်ထုတ်ဝေခဲ့ပြီး Dystopian ဝတ္ထုအမျိုးအစားလို့မြင်ပါတယ်။ Dystopian ဆိုတာကတော့ စနစ်ဆိုးရဲ့ ဖိနှိပ်မှုအောက်က ဆိုးယုတ်မာမှု၊ မတရားမှု၊ ကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ကူးယဉ်ကမ္ဘာ၊ လူမှုအဖွဲ့အစည်းအကြောင်းကို ရေးဖွဲ့ထားတဲ့ စာပေအမျိုးအစားဖြစ်ပြီး မူရင်းစာရေးသူ ဂျော့အော်ဝဲလ် ရဲ့ကမ္ဘာ့အကောင်းဆုံး စာပေလက်ရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ဘာသာပြန် ပေးသူဆရာသိန်းအုံးကျော်စံက တစ်အုပ်လုံး အသေးစိတ် မချွင်းမချန် ပြန်ပေးထားတယ် ဒါပေမယ့် တချို့စကားလုံးတွေက အဆင့်အရမ်းမြင့် လွန်တယ်လို့ခံစားမိစေတယ်။ဖတ်ရတာ အဆင်ပြေအောင် စာအုပ်နောက်ဆုံးက ဝေါဟာရ ခက်ဆစ်များ ( Glossary)နဲ့ တွဲကြည့်ရင်တော့ ပိုအဆင်ပြေပါတယ်။ ဒီအတိုင်းဆို စကားလုံးအသုံးအနှုန်းတွေက အနည်းငယ် ရှုပ်ထွေးနိုင်တယ်၊ လိမ္မာပါးနပ်တဲ့ နိုင်ငံရေး မက်ဆေ့ချ်တွေအတွက်တင်မကဘဲ စာဖတ်သူတော်တော်များများ မကောက်ယူမိနိုင်တဲ့ အလွန်ကောင်းတဲ့ ဇာတ်ကောင်တွေလည်း ပါပါတယ်။Political Scientific ဆိုတော့ ကိုယ့်ဘာသာအလွယ်နားလည်ယူလို့ရနိုင်တယ် ၊ အရမ်းခက်နေတာတော့ မဟုတ်ပါဘူး။အာဏာရှင်စနစ်ရဲ့ အန္တရာယ်နဲ့ သရုပ်သကန်ကိုဖော်ထုတ်တဲ့ နေရာမှာ ဂျော့အော်ဝဲလ်ရဲ့အပြောင်မြောက်ဆုံး လက်ရာတစ်ခုလို့ သမုတ်ကြတယ်။2002 က ထွက်ခဲ့တဲ့ Equilibrium အက်ရှင်သိပ္ပံရုပ်ရှင်နဲ့ အနည်းငယ် ဆင်ပါတယ်။
ကမ္ဘာကို နှစ်ဆယ်ရာစု အလယ်ပိုင်းတည်းက မဟာအင်အားကြီး သုံးနိုင်ငံဖြင့်သာ ခွဲခြား တည်ဆောက်ထားတယ်။ယူရေးရှား နိုင်ငံ၊ အဏ္ဏဝါနိုင်ငံ ၊ အရှေ့အာရှနိုင်ငံဆိုပြီးတော့ရှိတယ်၊ ထိုအင်အားကြီး သုံးနိုင်ငံအကြားရှိ စစ်စတုဂံ ဒေသနယ်နိမိတ် အချို့နေရာများတွင် နယ်စပ်တိုက်ပွဲများ ငုတ်ချည်ပေါ်ချည် တိုက်ပွဲများ နှစ်ဆယ့်ငါးနှစ်လုံးလုံး တစိုက်မတ်မတ် စစ်ခင်းနေကြတယ်။စစ်ပွဲဆင်နွှဲရခြင်းက စီးပွားရေးထက် လုပ်သားအင်အားကြောင့်လို့ ပြောရမယ်။အင်အားကြီးနိုင်ငံများက လူ့စွမ်းအားနဲ့ စစ်လက်နက်ဖန်တီးမယ်၊ ရရှိလာတဲ့ကျွန်စွမ်းအားနဲ့ နယ်မြေတွေ ပိုသိမ်းမယ်။သုံးနိုင်ငံစလုံးက စစ်ရူးစိတ်မွှန်နေတဲ့ စိတ်ထားနဲ့ လွှမ်းခြုံနေကြတယ်။ စစ်ပွဲတွေ ဂယက်က စားသုံးကုန် တစိုက်မတ်မတ် ပြတ်လပ်ခြင်းနဲ့ ဒုံးလက်နက်များ လူတွေအိမ်၊ လူထူထပ်တဲ့နေရာများ ကျရောက်ပေါက်ကွဲခြင်းတွေကြောင့် အသက်တွေ ဖိတ်စင်သွားကြတယ်၊ ဖမ်းမိထားကြတဲ့ သုံ့ပန်းများကို တုံ့ပြန်နည်းက ပြည်သူရှေ့မှာ အရှင်လတ်လတ် ရေနွေးပူထဲပြုတ်ပစ်ပြခြင်း နဲ့ မြေမြှုပ်ခြင်းတို့ကိုပါ ကျူးလွန်ကြတယ်။
ပင်မဇာတ်ကောင်
"ဝင်စတန်"ဆိုတဲ့ ပါတီဝင်တဦးရဲ့ အမြင်တွေ၊အတွေးတွေကနေတဆင့် ပုံဖော်ထားပါတယ်။စာအုပ်ထဲက ဝင်စတန်(ပင်မဇာတ်ကောင်) ရဲ့လှုပ်ရှားမှုတွေ နဲ့ အခြားကမ္ဘာဆီသို့ ခေါ်ဆောင်သွားကာ မတူညီအရာများ၊ လူများနှင့် မျက်စိရှေ့တွင် ဖြစ်ပျက်နေတဲ့ အခြေအနေများကို သင်မြင်ယောင်ကြည့်နိုင်လာလိမ့်မယ်။
ကလေးသမိုင်းစာအုပ်ကို ကောက်ယူကြည့်မိတော့ မျက်နှာဖုံးက 'အစ်ကိုကြီး' ပုံကိုတွေ့ရတယ်။ဒီဝတ္ထုက "အစ်ကိုကြီး"ဆိုသူ ဦးဆောင်တဲ့ အဏ္ဏဝါနိုင်ငံ တွင် တပါတီအာဏာရှင်နိင်ငံကို အခြေတည်ထားတယ်။ ပါတီဟာ နိုင်ငံသားတွေအပေါ် အဆုံးစွန်သောအာဏာနဲ့ လွှမ်းမိုးထားပြီး အတိတ်၊ဘာသာစကားနဲ့ ပါတီဝင်တွေရဲ့ စိတ်အတွင်းပိုင်းအထိကိုပါ ထိန်းချုပ်ခြင်းဖြင့် ပါတီအဓွန့်ရှည်မှုကို ဆက်လက်တည်တံ့စေတယ်။ပါတီအတွင်း အာဏာဖီဆန်မှု၊ ဆန့်ကျင်လှုပ်ရှားမှု၊သူပုန်ထမှု၊ ပုန်ကန်မှုမျိုးတွေကို ရှောင်လွှဲဖို့ အလွန်အင်မတန် တင်းကြပ်တဲ့ စည်းမျဉ်း၊ဥပဒေတွေ၊ အုပ်ချုပ်လည်ပတ်ပုံ ယန္တရားတွေနဲ့အတူ "အတွေးရဲ"၊ "တယ်လီစက်"၊ "အသံဖမ်းစက်" ဆိုတာတွေကို နေရာတိုင်းတပ်ဆင်ထားပြီး ကိုယ်အမူအရာ၊ စိတ်အပြောင်းအလဲတွေကို စေ့စေ့စပ်စပ် အချိန်မလပ်စောင့်ကြည့်နေကြတယ်။ တခုခုကျူးလွန်မိရင် ပြောနေတုန်းရှိသေး "အငွေ့ပြန်" ပျောက်ပျက်သွားပြီး ဘယ်တုန်းကမှ ဖြစ်တည်မှုမရှိခဲ့သူတယောက် ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ပိုင်အတွေး၊ အမှန်တရားကို ဖိနှိပ်ကာမျှော်လင့်ချက်မရှိတဲ့ ရှင်သန်မှုမျိုးမှာ အကျင့်သာရအောင် လုပ်တယ်၊ မကျေနပ်လို့ ကာလပိုင်းတခုမှာ လှုပ်ရှားမိရင် အတွေးရဲတပ်ဖွဲ့က ဖမ်းတယ် ၊ ဘဝဆုံးမယ်၊ အသားမှုန့် လက်တဆုပ်စာနဲ့ အရိုးအပိုင်းအစတွေဖြစ်သွားအောင် သေလူအဖြစ်စရင်းသွင်းမယ်။ တကယ့်တော့ ပစ္စုန်ပ္ပန်မှာဖြစ်နိုင်တာ ဘာမှမရှိသလို အနာဂတ်ဆိုတာ လည်း သေလူပါပဲ။တွေးခေါ် နိုင်စွမ်းကို ပိတ်ပင်ဖို့အတွက် ဘာသာစကားကိုလည်း ပါတီက ချေဖျက်နေပြီး "အင်္ဂဆို"ဆိုတဲ့ စကားသစ်ဘာသာစကားကို အစားထိုးလာတယ်။ ဦးနှောက်အသိနည်းလာလေလေ၊ ကိုယ့်ရဲ့တသီးပုဂ္ဂလအတွေးတွေနဲ့ ဆန္ဒတွေကို ဖော်ပြနိုင်ဖို့ ဘောင်နယ်နိမိတ်ကျဉ်းလာလေ ဖြစ်တာကြောင့် ပါတီဝင်တွေဟာ စိတ်ထဲကနေတောင် ရာဇဝတ်မှုကို ကျူးလွန်ဖို့ မဖြစ်နိုင်တော့ဘူး။
ပင်မဇာတ်ကောင်
"ဝင်စတန်"ဆိုတဲ့ ပါတီဝင်တဦးရဲ့ အမြင်တွေ၊အတွေးတွေကနေတဆင့် ပုံဖော်ထားပါတယ်။စာအုပ်ထဲက ဝင်စတန်(ပင်မဇာတ်ကောင်) ရဲ့လှုပ်ရှားမှုတွေ နဲ့ အခြားကမ္ဘာဆီသို့ ခေါ်ဆောင်သွားကာ မတူညီအရာများ၊ လူများနှင့် မျက်စိရှေ့တွင် ဖြစ်ပျက်နေတဲ့ အခြေအနေများကို သင်မြင်ယောင်ကြည့်နိုင်လာလိမ့်မယ်။
ကလေးသမိုင်းစာအုပ်ကို ကောက်ယူကြည့်မိတော့ မျက်နှာဖုံးက 'အစ်ကိုကြီး' ပုံကိုတွေ့ရတယ်။ဒီဝတ္ထုက "အစ်ကိုကြီး"ဆိုသူ ဦးဆောင်တဲ့ အဏ္ဏဝါနိုင်ငံ တွင် တပါတီအာဏာရှင်နိင်ငံကို အခြေတည်ထားတယ်။ ပါတီဟာ နိုင်ငံသားတွေအပေါ် အဆုံးစွန်သောအာဏာနဲ့ လွှမ်းမိုးထားပြီး အတိတ်၊ဘာသာစကားနဲ့ ပါတီဝင်တွေရဲ့ စိတ်အတွင်းပိုင်းအထိကိုပါ ထိန်းချုပ်ခြင်းဖြင့် ပါတီအဓွန့်ရှည်မှုကို ဆက်လက်တည်တံ့စေတယ်။ပါတီအတွင်း အာဏာဖီဆန်မှု၊ ဆန့်ကျင်လှုပ်ရှားမှု၊သူပုန်ထမှု၊ ပုန်ကန်မှုမျိုးတွေကို ရှောင်လွှဲဖို့ အလွန်အင်မတန် တင်းကြပ်တဲ့ စည်းမျဉ်း၊ဥပဒေတွေ၊ အုပ်ချုပ်လည်ပတ်ပုံ ယန္တရားတွေနဲ့အတူ "အတွေးရဲ"၊ "တယ်လီစက်"၊ "အသံဖမ်းစက်" ဆိုတာတွေကို နေရာတိုင်းတပ်ဆင်ထားပြီး ကိုယ်အမူအရာ၊ စိတ်အပြောင်းအလဲတွေကို စေ့စေ့စပ်စပ် အချိန်မလပ်စောင့်ကြည့်နေကြတယ်။ တခုခုကျူးလွန်မိရင် ပြောနေတုန်းရှိသေး "အငွေ့ပြန်" ပျောက်ပျက်သွားပြီး ဘယ်တုန်းကမှ ဖြစ်တည်မှုမရှိခဲ့သူတယောက် ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ပိုင်အတွေး၊ အမှန်တရားကို ဖိနှိပ်ကာမျှော်လင့်ချက်မရှိတဲ့ ရှင်သန်မှုမျိုးမှာ အကျင့်သာရအောင် လုပ်တယ်၊ မကျေနပ်လို့ ကာလပိုင်းတခုမှာ လှုပ်ရှားမိရင် အတွေးရဲတပ်ဖွဲ့က ဖမ်းတယ် ၊ ဘဝဆုံးမယ်၊ အသားမှုန့် လက်တဆုပ်စာနဲ့ အရိုးအပိုင်းအစတွေဖြစ်သွားအောင် သေလူအဖြစ်စရင်းသွင်းမယ်။ တကယ့်တော့ ပစ္စုန်ပ္ပန်မှာဖြစ်နိုင်တာ ဘာမှမရှိသလို အနာဂတ်ဆိုတာ လည်း သေလူပါပဲ။တွေးခေါ် နိုင်စွမ်းကို ပိတ်ပင်ဖို့အတွက် ဘာသာစကားကိုလည်း ပါတီက ချေဖျက်နေပြီး "အင်္ဂဆို"ဆိုတဲ့ စကားသစ်ဘာသာစကားကို အစားထိုးလာတယ်။ ဦးနှောက်အသိနည်းလာလေလေ၊ ကိုယ့်ရဲ့တသီးပုဂ္ဂလအတွေးတွေနဲ့ ဆန္ဒတွေကို ဖော်ပြနိုင်ဖို့ ဘောင်နယ်နိမိတ်ကျဉ်းလာလေ ဖြစ်တာကြောင့် ပါတီဝင်တွေဟာ စိတ်ထဲကနေတောင် ရာဇဝတ်မှုကို ကျူးလွန်ဖို့ မဖြစ်နိုင်တော့ဘူး
Unlock to read this premium article with 100 points.