စာအုပ်

အောင်မြင်မှုဆို့တဲ့ လှပတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဒါတွေလိုတယ်။
ကျွန်တော် တို့ အားသန်ရာတွေလုပ်ဖို့လိုမယ်။
ကိုယ့်ဝါသနာပါတာတွေ ရှာဖွေဖို့လိုမယ်။
ကိုယ့်အကြောင်း ကိုယ်သိဖို့လိုမယ်။
ကိုယ်မကြိုက်တာတွေကို ငြင်းတတ်ဖို့ လိုမယ်။
ကိုယ့်စိတ်ကို ထိန်းချုပ်တတ်ဖို့လို့မယ်။
အိပ်မပျော်နိုင်တဲ့ ညတွေလိုမယ်။
နာကျင်မှုတွေလိုမယ်။
ကျရှုံးမှုတွေ လိုမယ်။
ချစ်ရတဲ့ လူတွေကိုခွဲခွာ ရမဲ့ အဖြစ်တွေလိုမယ်။
စိတ်ဓါတ်ကျတာတွေလိုမယ်။
တာဝန်ယူမှုတွေလိုမယ်။
မျက်ရည်တွေလိုမယ်။
အဆိုးမြင်မဲ့သူတွေ လို့မယ်။
ရှေးရိုးဆွဲတဲ့ လူကြီးတွေလိုမယ်။
အပြစ်တင်မဲ့ ရှုံ့ချမဲ့ လူတွေလို့မယ်။
အထက်စီးကနေ ဆက်ဆံမဲ့လူတွေလိုမယ်။
အတင်းပြောမဲ့သူတွေလိုမယ်။
အဲ့ဒီအရာတွေနဲ့ဆန့်ကျင်ဘက်တွေလည်း လိုမယ်။
အိမ်မက်တွေ ရည်မှန်းချက်တွေ ရှာမတွေ့သေးလည်းဘဝမှာခဏ လောက် အလိုက်သင့်စီးမျှောရင်းရှာဖွေပါ။
တွေ့အောင် ရှာပါ။ပစ်မှတ်တွေကို ရှာပါ။
တစ်ဘဝလုံး တော့မစီးမျှောပါနဲ့။သူများအလိုကျ
မျှောသွားပါလိမ့်မယ်။
လောက အလိုကျအမြဲတမ်း သားကောင်မလုပ်ပါနဲ့။
ကျွန်တော်တို့ ဘဝတွေမှာ အဆိုးတွေကို လှေကားထစ်တွေအဖြစ် တက်နင်းပြီးတိုးတက်အောင် လုပ်ဖို့လိုမယ်။
သင် အဲ့အရာတွေ ကြုံတွေ့နေပါသလား။ကြုံတွေနေရင် သင်လိုချင်တဲ့ နေရာတစ်ခုရောက်ဖို့ နီးနေပြီး ဆိုတာ သတိပြုပါ။သင်လုပ်စရာရှိတာဆက်လုပ်ပါ။အခုလို ကိုယ်ရည်မှန်းချက်တွေ ပြည့်ဝဖို့ဖြည့်နေရတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။လူငယ်တွေ အားလုံးလုပ်နေကြရတာပါ။
ကိုယ် ရည်မှန်းထားတာတွေ တကယ်ဖြစ်တော့မှာပါ။မောရင် ခဏနားပါ။အနောက်ကို ခြေလှမ်း၂ လှမ်းဆုတ် ပြီးနားပါ။ အမောပြေသွားရင် အရှေ့ကို ခြေလှမ်း ၅ လှမ်း ပြန်လှမ်းပစ်လိုက်ပါ။
ကိုယ်ရည်မှန်းထားတာတွေ တကယ်ဖြစ်လာတော့မှာပါ။လုပ်စရာရှိတာ ဆက်လုပ်နေပါ စိတ်တွေပါမနေလည်း မရပ်လိုက်ပါနဲ့။လုပ်သာလုပ်နေပါ။
ကိုယ်တိုင်တိုးတက်နိုင်ကြပါစေ။ ကိုယ်အကြောင်းကိုယ်သိအောင်လုပ်ပါ။ ကိုယ်ဘာတွေ ခံစားနေရလည်း သတိပြုမိပါစေ။ ကိုယ့်အတွေးတွေ ချမ်းသာနေပါစေ။ ကောင်းမွန်တဲ့ စိတ်အစဉ်ကို ပိုင်ဆိုင်နိုင်ပါစေ။ ကောင်းမွန်တဲ့ နေ့ရက်ကို ပိုင်ဆိုင်နိုင်ပါစေ။
စာဖတ်သူများကို အစဉ် လေးစားလျှက် စာအုပ်...
Keep Reading