စောမြတ်နွယ်
ကျွန်မအသက် ၁၃နှစ်အရွယ်လောက်က ဆရာနန္ဒာသိန်းဇံရဲ့ ကိုယ်ကျင့်တည်ကြည်ခြင်းနဲ့ အဆင့်မြင့်ခရီးစဥ်ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ဖူးတယ်။ ဒါပေမယ့် စာအုပ်ထဲက အကြောင်းအရာတွေကို နားမလည်တာက များပါတယ်။
အဲ့စာအုပ်ထဲမှာ ရေးထားတဲ့အကြောင်းအရာတွေက ဗုဒ္ဓရဲ့ အတွေးအခေါ်တွေ ဗုဒ္ဓရဲ့အဆုံးအမတွေပါ။ သို့ပေမယ့်အဲ့အရွယ်တုန်းက တကယ်ကို သေသေချာချာ နားမလည်ခဲ့တာတော့အမှန်ပါပဲ။ ဘာကြောင့်နားမလည်တာလဲဆိုတာကိုလည်း မသိခဲ့ပါဘူး။
နောက်ပိုင်း ၁၀တန်းအောင်ပြီးတဲ့အချိန် တစ်ခါပြန်ဖတ်ကြည့်ခါကျမှ စာအုပ်ထဲက အကြောင်းအရာတွေကို နားလည်လာတယ်။ အဲ့အခါကျမှသာ သြော် ဟိုတုန်းက ငါငယ်သေးလို့ နားမလည်ခဲ့တာပဲဆိုတာကို သဘောပေါက်လာတယ်။
အဲဒီတော့ အသက်အရွယ်အလိုက် စဥ်းစားတွေးခေါ်နိုင်တဲ့ ဥာဏ်ရည်တွေက ကွာခြားပါတယ်။ကိုယ်ငယ်ငယ်က မှန်တယ်ထင်ခဲ့တဲ့အရာတွေက နည်းနည်းအရွယ်ရောက်လာတဲ့အချိန်ကျတော့ မှားရင်မှားနေတတ်ပါတယ်။
ကျွန်မဆရာမဖြစ်ပြီဆိုကတည်းက ကျွန်မတပည့်တွေအတွက် အကောင်းဆုံးကြိုးစားပြီးသင်ခဲ့တာပါပဲ။ ဒါပေမယ့် အခုအချိန် ပြန်လှည့်ကြည့်တော့ ကိုယ့်ရဲ့သင်ကြားမှုမှာ အမှားေလးတွေ လိုအပ်ချက်တွေ ရှိနေသေးတာကို တွေ့ရတယ်။
ဒါ ဘာကြောင့်လဲဆိုတော့ အသက်အရွယ်နဲ့ အတွေ့အကြုံက စကားပြောတာလည်း ဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်း ကိုယ့်ရဲ့ တွေးခေါ်ပုံတွေ အမြင်တွေ ပြောင်းလဲလာတယ်ဆိုတဲ့နေရာမှာ စာအုပ်စာပေတွေကြောင့်လဲ ပါတာပေါ့နော်။ ကျွန်မတစ်ခါ ရေးဖူးပါတယ်။ ကျွန်မရဲ့ ငယ်ဆရာတစ်ယောက်အပေါ်မှာ အချိန်အကြာကြီး မကျေမနပ်ဖြစ်နေတဲ့ စိတ်ခံစားချက်ကို ဆရာကြီးအောင်သင်းရဲ့ စာအုပ်ထဲက အကြောင်းအရာတစ်ခုကြောင့် ကိုယ့်အမှားကို သိသွားတယ်ဆိုတာ။ ကိုယ့်ကိုယ်ကိုယ် မှားလို့မှားမှန်းမသိခဲ့ဘူး။ အမှန်ပဲ ထင်ခဲ့မိတာ။
နောက်ပြီး ဆရာကြီးအောင်သင်းပြောမှ သတိထားမိတဲ့ အရာလေးတစ်ခုရှိတယ်။ အသက် ၅နှစ်ရှိတဲ့ ကလေးတစ်ယောက်ရဲ့ဥာဏ်ရည်နဲ့ အသက် ၁၀နှစ်ရှိတဲ့ ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်က သိပ်အများကြီးမကွာဘူးတဲ့။
ဒါပေမယ့် အသက် ၁၀နှစ်ရှိတဲ့ ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်နဲ့ အသက် ၁၅နှစ်ရှိတဲ့ကလေးရဲ့ ဥာဏ်ရည်ကျတော့ အတော်လေးကွာသွားပြီ။ ကွာခြားတာကတော့ ၅နှစ်ချင်းတူပေမယ့် ဥာဏ်ရည်ကျတော့ မတူဘူးတဲ့။
ကလေးတစ်ယောက်ကို အသက်၁၀နှစ်နဲ့ ၁၅နှစ်ကြားကာလလေးမှာ စာအုပ်စာပေနဲ့ နီးစပ်အောင်လုပ်ပေးနိုင်ရင် အဲ့ကလေးရဲ့ဘဝမှာ ပျက်စီးဖို့ခဲယဥ်းသွားပြီတဲ့။
ကျွန်မကတော့ အလယ်တန်းအရွယ်လောက်ကစပြီး စာအုပ်တွေနဲ့နီးစပ်ခဲ့တာ။ကျွန်မစဖတ်ဖူးတာကတော့ ဓမ္မဗျူဟာ စာအုပ်တွေပါပဲ။ အဲ့စာအုပ်က ဘာသာရေးစာအုပ်လို့ပြောရမလားပဲ။ဗုဒ္ဓနဲ့ ပက်သက်တဲ့အကြောင်းအရာတွေ ဆရာတော်ကြီးတွေရဲ့ အဆုံးအမသြဝါဒတွေပါတယ်။
ကျွန်မကတော့ စာအုပ်တွေကို ချစ်တယ်။ မြတ်နိုးတယ်။တန်ဖိုးလည်းထားတယ်။ နောက်ပြီး ကိုယ့်အလုပ်ကိုလည်း တန်ဖိုးထားတယ်။ မူလတန်းပြဆရာမ စဖြစ်ပြီဆိုကတည်းက ကိုယ့်အလုပ်ကို တစ်ခါမှ ဂုဏ်ငယ်တယ်လို့ မထင်ခဲ့ဘူး။နောင်အနာဂတ်မ
Unlock to read this premium article with 10 points.