Author's Profile Photo

Kavi

29/05/2024

တွေးခေါ်မှု၊ လက်ခံယုံကြည်မှုအား ပြောင်းလဲခြင်း

2 mins read
Personal Development
General Knowledge
18 Again

paradigm ဆိုတာက အလေ့အကျင့်ပေါင်းချုပ်ကြီးတစ်ခု ဖြစ်တယ်ဆိုပြီး ရှေ့ကဆောင်းပါးတစ်ခုမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

တကယ်လို့ သူကသာ အလေ့အကျင့် ပေါင်းချုပ်ကြီးတစ်ခုသာဆိုရင် အဲ့တာကို လွယ်လွယ်နဲ့ ပြောင်းလဲနိုင်ပါ့မလား? 'habits die hard' အလေ့အကျင့်တွေက ဖျက်ရခက်တယ်ဆိုတဲ့ စကားပုံလဲရှိနေသေးတော့ အဲ့တာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မလွယ်ကူတာပဲ ရှိတာပါ။ အဲ့လိုပြောင်းလဲတာကို paradigm shift လို့ခေါ်ပါတယ်။

သူ့ကို ဘယ်လို ပြောင်းလဲမလဲ? အလေ့အကျင့်ဆိုတာ ပုံမှန် အပြုအမူ လေးတွေကို ထပ်ခါခါ ပုံမှန် ပြုလုပ်မိရာကနေ ဖြစ်လာတာပါ။ သူ့ကိုပြင်ချင်တယ်ဆိုရင်လဲ အထပ်ထပ် အခါခါ ပြုလုပ် ၊ လေ့ကျင့်၊ ပျိုးထောင်ပြီးမှ ရလာတဲ့ နောက်ထပ် အလေ့အကျင့် တစ်ခုနဲ့မှ ရမှာပါ။

paradigm က လူတွေရဲ့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုတွေ၊ တီထွင်နိုင်မှုစွမ်းရည်တွေ အပေါ်မှာလဲ သက်ရောက်မှုရှိတယ်လို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဘယ်လို သက်ရောက်မှုရှိတာလဲ။ ၁၉၀၃ ခုနှစ်မတိုင်ခင်အထိ လူသားတွေဟာ ကောင်းကင်မှာ ငှက်တွေလို ပျံသန်းနိုင်လိမ့်မယ်လို့ တွေးလဲ မတွေးမိခဲ့ကြသလို ယုံလဲ မယုံကြည်ကြပါဘူး။ အဲ့လို တွေးမိတဲ့ လူတွေကို စိတ်ကူးယဥ်ဆန်တဲ့ ပေါတောတော အရူးတွေလို့သာ နာမည်တပ်ခဲ့ကြပါတယ်။

American ပြည်ထေင်စု၊ Ohio ပြည်နယ်၊ Dayton မြို့မှာနေထိုင်သူ နှစ်ဦးဖြစ်တဲ့ စက်မှုပညာရှင် Orville Wright နဲ့ Wilbur Wright တို့ညီနောင်နှစ်ဦးကတော့ လူတွေဟာလဲ ကောင်းကင်မှာ ပျံသန်းနိုင်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အခြားသူတွေ ဘယ်လောက်ပဲ မဖြစ်နိုင်ဘူးပြောကြပါစေ သူတို့နှစ်ဦးကတော့ ကိုယ်ယုံကြည်ရာအတွက် ဆက်လက် အလုပ်လုပ်နေခဲ့ပါတယ်။

ဒီလိုနဲ့ December 17, 1903 မှာ ၁၂စက္ကန့်ခန့် ကြာတဲ့ ပထမဆုံးပျံသန်းခြင်းကို Wright Flyer - 1 နဲ့ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ 'ဒီ ၁၂ စက္ကန့်က ဘာလုပ်လို့ရမှာလဲ' ဆိုပြီး လူတချို့ကတော့ ပြောကြပါတယ်။ ဒါပေမဲ့ Wright ညီနောင်ကတော့ ၁၂ စက္ကန့်ကြာအောင် လေထဲမှာ ထိန်းထားနိုင်တယ်ဆိုပြီး အပြာသဘောဆောင်တဲ့ ရှုထောင့်ကနေပဲ တွေးခဲ့ကြပြီး ဆက်လက် ကြိုးစားနေခဲ့ပါတယ်။ သူတို့ရဲ့ ကြိုးပမ်းချက်တွေကြောင့် လူသားတွေဟာ အရင်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အချိန်ကြာမြင့်စွာ သွားရတဲ့ ခရီးလမ်းတွေကို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေလွယ်ကူ ချောမွေ့စွာ သွားလာနိုင်တာပဲ ဖြစ်ပါတယ်။

သူတို့ကပဲ လူတွေရဲ့ paradigm ကို ပြောင်းလဲလိုက်တာပါ။ လူတွေရဲ့ ကြောင်းကျိုးဆက်စပ်တွေးခေါ်မှုကို ပြောင်းလဲခဲ့တာပါ။ ဘယ်လိုပြောင်းလဲခဲ့တာလဲဆိုတော့ အားမလျှော့ဘဲ ထပ်ခါထပ်ခါ ကြိုးစားလုပ်ဆောင်ခြင်းနဲ့ ပြောင်းလဲခဲ့တာပါ။

မြန်မာနိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေက ဗမာစကားပဲ အပြောများကြကြပါတယ်။ ဘာကြောင့်လဲ။ ဗမာစကားပဲပြောတဲ့ ပတ်ဝန်းကျင်မှာ နေလာရတော့ ဗမာစကားကို ကြားရပါများလာပြီး ပြောတတ်သွားတာပါ။ paradigm က အစီစဥ်ဆွဲပေးထားလို့ပါ။ တကယ်လို့ ကလေးဟာ ဂျပန်စကားပြောတဲ့ အိမ်မှာ ကြီးပြင်းလာမယ်ဆိုရင် သူက ဂျပန်စကားကို ပြောတတ်မှာပါ။

'အသက်လေးနှစ်အရွယ် ကလေးက ဘာသာစကား ၄ မျိုးလောက်ပြောတတ်တယ်' ဆိုပြီးတော့ အချို့ကြားဖူးကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အိမ်မှာရှိတဲ့ သူတွေက မတူညီတဲ့ ဘာသာစကားတွေကို ပြောကြတာကြောင့်ပဲ ဖြစ်ပါတယ်။

မွေးလာကတည်းက ဘာသာစကားတစ်ခုကိုပဲ ပြောလာခဲ့လူတစ်ယောက်ဟာ ဘာသာစကားနောက်တစ်ခုကို ပြောနိုင်ဖို့ လေ့လာတဲ့အခါ အခက်အခဲ အနည်းနဲ့ အများရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ paradigm က လူတွေ သက်တောင့်သက်သာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ပဲ လိုက်လျောညီထွေဖြစ်အောင် အစီစဥ်ဆွဲထားတာကြောင့်ပါ။ အဲ့တာကြောင့်လဲ 'vocab တွေကျက်ရမှာများလိုက်တာ'၊ 'grammar တွေကလဲ ဘာတွေမှန်းမသိဘူး။ ရှုပ်နေတာပဲ' ဆိုပြီး ညည်းတွားသံတွေ ရှိနေတာပဲဖြစ်ပါတယ်။ တစ်ခါကိုယ်က အဲ့ဘာသာစကားနဲ့ ရင်းနှီးကျွမ်းဝင်အောင် ထိတွေ့ပါများလာရင် အဲ့ဒီသာသာစကားကို အခက်အခဲမရှိ ပြောဆိုနိုင်မှာပဲ ဖြစ်ပါတယ်။

လူတွေက ဘယ်လောက်ပဲ မဖြစ်နိုင်ဘူး ဆိုပြီး ပြောနေကြပါစေ ကိုယ်ကသာ အားမလျှော့ဘဲ ထပ်ခါထပ်ခါ ကြိုးစားနေမယ်ဆိုရင် လူတွေလက်ခံထားတဲ့ အရာတွေကို ပြောင်းလဲနိုင်ရုံသာမကဘဲ ကိုယ့်ရဲ့ ဘဝကိုလဲ ပြောင်းလဲနိုင်မှာပါ။

Kavi (ကဝိ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အခြေအနေအရ ဖြစ်တည်မှု