မြသွန်း(တောင်ဒဂုံ)

?မိတ်ဆွေတို့အားလုံးအခုမြင်တွေ့နေရတာကတော့ ကမ္ဘာ့အပေါ့ပါးဆုံး handbag အိတ်တစ်လုံးပဲဖြစ်ပါတယ်။ ဒီအိတ်က ဘယ်လောက်တောင်ပေါ့သလဲဆိုရင် ၃၃ဂရမ်လောက်ပဲအလေးချိန်ရှိတယ်လို့သိရပါတယ်။ နောက်ပြီး အခုလိုဒီလောက်ပေါ့ရွှတ်နေရတာကလည်း သူ့ကို၉၉%လေနဲ့ပဲဖန်တီးထားတာေကြာင့်ဖြစ်ပါတယ်။ ဟုတ်ပါတယ်...အလကားရတဲ့လေနဲ့ ပြုလုပ်ဖန်တီးထားတာပါ။
? ဒီလိုအလကားရတဲ့လေနဲ့ပြုလုပ်ထားပေမယ့် သူ့ရဲ့ဈေးကတော့ ရွှေဈေးထက်ကိုအဆတစ်ရာလောက် ပိုမြင့်နေပါတယ်။ ဒါဆိုရင် သူ့ကိုလေကနေ ဘယ်လိုဖန်တီးပြုလုပ်ထားတာလဲ? နောက်ပြီး သူ့ရဲ့ဈေးကရော ဘယ်လောက်တောင်ရှိသလဲ? ဒါနဲ့ပတ်သတ်ပြီး မိတ်ဆွေတို့ကိုဆက်လက်ဆွေးနွေးတင်ပြချင်ပါတယ်။ အရင်ဆုံး ဒီအိတ်ရဲ့အလေးချိန်ကို နေ့စဉ်ဘဝကအရာဝတ္ထုတစ်ခုခုနဲ့နှိုင်းယှဉ်ပြရမယ်ဆိုရင် မိတ်ဆွေတို့အားလုံး A4စာရွက် ၆ရွက်ကို မသယ်ကြည့်လိုက်ပါ။
? အဲ့ဒီအလေးချိန်က ပျမ်းမျှအားဖြင့် ဒီလေအိတ်အလေးချိန်နဲ့ညီမျှပါတယ်။ ဒါမယ့်ဒီအိတ်က ဒီလောက်တောင်ပေါ့နေတော့ အသုံးဆောင်ပစ္စည်းတွေကို ဘယ်လိုလို့သယ်နိုင်မှာလဲဆိုပြီး စိုးရိမ်စရာ ရှိလာပါတယ်။ ဒါမယ့်မိတ်ဆွေတို့ရေ သူက ဖုန်းတစ်လုံးကိုတောင် ကောင်းကောင်းသယ်ပေးထားနိုင်ပါတယ်တဲ့ရှင်။ ဒါကိုတော့ Aerogel လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးကနေပြုလုပ်ထားတာပါ။
? Aerogel ဆိုတာ သိပ်သည်းဆမတရားကိုနည်းပါးတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး ဒါကလည်းသူ့ကို လေထု၉၉%၊ ဖန်သား၁%နဲ့ပဲ ဖွဲ့စည်းထားတာကြောင့်ဖြစ်ပါတယ်။ အခုလိုလေနဲ့ပဲအများဆုံးဖွဲ့စည်းထားတာကြောင့် အိတ်တစ်ခုလုံးက အကြည်ရောင်ပေါက်နေပြီးတော့ မသိရင်မြူခိုးငွေ့လေးတွေအတိုင်းပါပဲ။ တန်ဖိုးအားဖြင့်ပြောရမယ်ဆိုရင် Aerogel တစ်ပေါင်က အမေရိကန်ဒေါ်လာ ၂၃၀၀၀လောက်ကျသင့်တယ်လို့လည်းသိရပါတယ်။
?နောက်ပြီး ဒီအိတ်က ကမ္ဘာပေါ်မှာAerogelနဲ့ပြုလုပ်ထားတဲ့ ထုထည်အကြီးဆုံးအရာတစ်ခုဆိုရင်လည်းမမှားပါဘူး။ အိတ်တစ်လုံးရဲ့ပျမ်းမျှတန်ဖိုးကတော့ ဒေါ်လာ ၇၆၀လောက်ရှိပါတယ်။ ဒီအိတ်ကဈေးကြီးသလို သူ့ကိုပြုလုပ်ရတဲ့နေရာမှာလည်း အပညာရှင်တွေကို အတော်လေး challenge ဖြစ်စေခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာစမ်းသပ်စစ်ဆေးမှုတွေ၊ ကျရှုံးမှုတွေအပြီးမှာမှ အခုလိုအိတ်တစ်လုံးကို အောင်အောင်မြင်မြင်ထုတ်လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
? ဒါ့အပြင် ဒီအိတ်က Nasaရဲ့ technology နဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့ပထမဦးဆုံး လူ့အသုံးဆောင်ပစ္စည်းတစ်ခုပါပဲ။ အိတ်ရဲ့ပုံစံကတော့ အခုအားလုံးမြင်တွေ့နေရတဲ့အတိုင်း ဘဲဥပုံသဏ္ဍာန်ရှိပြီးတော့ သိပ္ပံပညာရှင်တွေရဲ့ပြောပြချက်အရ ဒီအိတ်က သူ့မူလအလေးချိန်ရဲ့ အဆပေါင်း(၄၀၀၀)အထက်ကို ပိုမိုပြီးခိုင်ခန့်တယ်လို့လည်းသိရပါတယ်။
? ဒီအိတ်ကို Coperi brand ကထုတ်လုပ်ထားတာဖြစ်ပြီး အိတ်ရဲ့အလယ်မှာလည်း Coperniဆိုတဲ့ လိုဂိုလေးပါရှိပါတယ်။ ဒီAerogelအိတ်လေးက တစ်အားကိုအနုပညာဆန်ပြီး လက်ရာမြောက်လွန်းပါတယ်။ နောက်ပြီးသူက အပူဒဏ်ကိုလည်း ၁၀၀%ခံနိုင်ရည်ရှိပါတယ်။ ၉၉%ကို လေနဲ့ပဲဖန်တီးထားတာမို့လို့ သူ့ကိုကိုင်ထားရတဲ့ခံစားချက်က အရမ်းကိုနူးညံ့လွန်းမယ်လို့ထင်ပါတယ်။
? ပြီးေတာ့သူက အက်ကွဲလွယ်တာကြောင့် သေချာလေးဂရုတစိုက်ကိုင်တွယ်ဖို့လည်း အရေးကြီးတယ်လို့သိရပါတယ်။ အောက်ကျမိသွားရင်တော့ မတွေးရဲစရာပါပဲရှင်...
Keep Reading