SarPhat Author
ကျွန်တော်တို့အိမ်မှာခွေးသုံးကောင်ရှိတယ်
ဖိုးကစ်၊လက်ပ်ကီးနဲ့sevenပါ။
အကြီးဆုံးက5နှစ်ကျော်၊အလတ်က၃နှစ်၊အငယ်က၁နှစ်ခွဲပေါ့
ကျွန်တော်ဆယ်တန်းနှစ်မှာစပြီးခွေးမွေးတာလေ
ဖိုးကစ်ကကြာသပတေးနေ့မှာအိမ်ရောက်လို့ဖိုးကစ်လို့ပေးလိုက်တာ
သူကိုမြောက်ပိုင်းကအိမ်ကခေါ်လာတာလေ
ဖိုးကစ်မွေးပြီး၂နှစ်ကျော်မှာကျွန်တော်အိမ်ကထွက်ပြီးမြို့မှာသင်တန်းတက်ခဲ့တယ်
ဒါကြောင့်luckyတို့sevenတို့နဲ့သိပ်မရင်းနှီးဘူး။အရမ်းကြီးလည်းမချစ်ဘူး။
သူတို့သုံးကောင်လုံးကအိမ်စောင့်ဖော်ရပါတယ်၊လိမ္မာတယ်၊ ညဆိုအိမ်ရှေ့လမ်းကိုလူမလာရဲဘူး
သင်တန်းပြီးတော့ဇာတိမြို့မှာပဲအလုပ်လုပ်ခဲ့တယ်လေ။ဇာတိမြို့ဆိုပေမယ့်အလုပ်မှာပဲအိပ်ရတာအပြင်ထွက်ဖြစ်တာရှားတယ်။စနေ၊တနင်္ဂနွေနေ့တွေဆိုအိမ်ပြန်အိပ်တယ်လေ။အဲအချိန်မှသူတို့နဲ့တွေ့ရတာ။
ကျွန်တော်ပြန်တဲ့ရက်ဆိုရင်သူတို့ဝေယာဝစ္စ အကုန်ကျွန်တော်ပဲလုပ်ရတာ
ထမင်းကျွေးတာရောပေါ့
ပြန်ရောက်ချိန်ဆိုညနေတိုင်းကြက်ခြေေထာက်ကင်ဝယ်ကျွေးရတာ
ကျွန်တော်အရမ်းဘက်လိုက်တယ်ဗျ
ကြက်ေခြထောက်ဝယ်ရင်၉ချောင်းဝယ်ရတယ်၊ တခါတလေကုန်ခါနီးမို့၁၀ချောင်းလုံးဝယ်လိုက်ရတာတွေရှိတယ်
အဲခါကျတေချာင်းအပိုကိုဖိုးကစ်ကိုပဲကျွေးတာ
ထမင်းကျွေးလည်းဖိုးကစ်ပန်းကန်ပဲအရိုးများများအသားများများပဲ
ဖိုးကစ်ကအိမ်လည်တယ်လေ
အပြင်သွားတော့အခြားခွေးတွေနဲ့ရန်ဖြစ်တာပေါ့
သူဒဏ်ရာရပြီးပြန်လာရင်လူမှာမျက်ရည်ဝဲလို့
ကိုယ့်ရှေ့မှာဖိုးကစ်နဲ့အခြားကောင်နဲ့ကိုက်ရင်
အခြားကောင်ကိုပဲတုတ်နဲ့ရိုက်၊ရေနဲ့ပတ်၊ခဲနဲ့ထုပဲ။
ဘာလို့လဲ
ကျွန်တော်အရမ်းဘက်လိုက်ခဲ့တယ်၊
ကိုယ်ချင်းစာစိတ်မရှိဘူး၊
အတ္တကြီးတယ်၊
လူတွေလိုစကားမပြောတတ်တဲ့တိရိစ္ဆာန်လေးတွေအပေါ်မှာဘက်လိုက်တာဟာမတရားသလို
လူတွေအပေါ်မှာလည်းဘက်လိုက်မှုမရှိသင့်ဘူး
သူကငါ့အသိမို့၊ငါ့သူငယ်ချင်းမို့၊ငါချစ်ရသူမို့ဆိုပြီးကျွန်တော်ဘက်လိုက်ပေးခဲ့တာတွေမှများကြီးပဲ
ဉပမာ
ကျွန်တော်ချစ်နေတဲ့သူကchocolateကြိုက်ရင်ကျွန်တော်ဝယ်သမျှchocolateတိုင်းကသူ့အတွက်ပဲခြားဘယ်သူတောင်းတောင်း no ပဲ
တခုထဲရှိရင်တောင်သူ့အတွက်ပဲ၊သူကကိုယ်ပေးတာကိုအခြားသူကျွေးရင်တော့ရင်နာတာပေါ့ဒါမဲ့အပြုံးမပျက်ပဲသူ့ကိုကြည့်နေပါတယ်
အခွင့်အရေးတခုပေးဖို့ကြံလာရင်တောင်သူ့ကိုပဲပေးခဲ့တာ
ချစ်လို့ဆိုပြီးဘက်လိုက်ခဲ့တာပေါ့
ဘက်လိုက်တယ် တဲ့ စကားလေးကပြောလို့တော့ကောင်းသား
ဘယ်လိုပဲဘက်လိုက်ပါစေဗျာ
နစ်နာသူတော့ရှိတာပဲ
ကိုယ်ကိုတိုင်လည်းဘက်လိုက်ခံရတာမကြိုက်သလိုသူများကိုလည်းဘက်မလိုက်ရင် ကောင်းတာပေါ့
ကိုယ်ချင်းစာစိတ်လေးပေါ့
သူ
Keep Reading