မြ (စံကားဝါမြေ)

ပန်းချီဆိုတာ.....
❖ ပန်းချီဆိုတာ စကားလုံးတွေကိုယ်စား အရောင်တွေနဲ့ ရေးခြယ်ထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တယ်။
❖ ပန်းချီဆိုတာ အက္ခရာစာလုံးတွေကိုယ်စား အလင်းအမှောင်၊ အနီးအဝေးတွေနဲ့ ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်လည်း ဖြစ်တယ်။
❖ ပန်းချီဆိုတာ စိတ်ကူးချိုချိုတွေကို အရောင်တွေနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်တယ်။
❖ ပန်းချီဆိုတာ စည်းဝါးတွေနေရာမှာ အရောင်တွေနဲ့ ဆေးခြယ်ထားတဲ့ ဂီတသံစဉ်တစ်ခုလည်း ဖြစ်တယ်။
❖ ပန်းချီဆိုတာ နှလုံးသားတစ်ခုမှ အခြားနှလုံးသားတစ်ခုဆီသို့ စီးဆင်းသွားနိုင်တဲ့ အရောင်စုံတဲ့ မြစ်တစ်စင်းလည်း ဖြစ်တယ်။
❖ ပန်းချီဆိုတာ ခုနှစ်၊ သက္ကရာဇ်တွေကို အရောင်တွေနဲ့ မှတ်တမ်းတင်ထားတဲ့ သမိုင်းတစ်ခု ဖြစ်တယ်။
ဒါ့ကြောင့် ပန်းချီကို ဖန်တီးတယ်ဆိုတာ....
❒ ကဗျာတစ်ပုဒ်ရေးခြင်း ဖြစ်တယ်။
❒ ဝတ္ထုတစ်ပုဒ်ရေးခြင်း ဖြစ်တယ်။
❒ သီချင်းတစ်ပုဒ် သီကျူးနေခြင်း ဖြစ်တယ်။
❒ သံစဉ်တစ်ခု ဖန်တီးနေခြင်းလည်း ဖြစ်တယ်။
❒ အမြဲတမ်းမသေတဲ့ မြစ်တစ်စင်း စီးဆင်းနေခြင်းလည်း ဖြစ်တယ်။
❒ သမိုင်းကို မှတ်တမ်းတင်နေခြင်းလည်း ဖြစ်တယ်။
ပန်းချီကို ချစ်တယ်ဆိုတာ.....
✮ ကဗျာကို ချစ်ခြင်းလည်း ဖြစ်တယ်။
✮ ဝတ္ထုကို ချစ်ခြင်းလည်း ဖြစ်တယ်။
✮ သီချင်းတစ်ပုဒ်ကို ချစ်ခြင်းလည်း ဖြစ်တယ်။
✮ သံစဉ်တစ်ခုကို မြတ်နိုးနေခြင်းလည်း ဖြစ်တယ်။
✮ သမိုင်းကို တန်ဖိုးထားခြင်းလည်း ဖြစ်တယ်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
27.5.2024(Monday)
Keep Reading