စာအုပ်
မြန်မာနိုင်ငံရဲ့ အမှောင်ဆုံးအချိန်ဖြစ်တဲ့ အခုအခါမှာ လူဆိုးလူကောင်းပေါ်သလို့
သင့်ဘဝရဲ့ အိမ်မက်တွေနောက်လိုက်နေရတဲ့ အချိန် သင့်ဘဝအတွက်သင်ကောင်းကောင်း မလုပ်ဆောက်နိုင်ခင်မှာလည်း လူတွေသင့်ကို အမျိုးမျိုးသော ဆက်ဆံတဲ့ ပုံစံတွေ သင်ကြုံကောင်းကြုံရလိမ့်မယ်။
ပတ်ဝန်းကျင် သင့်ကိုနှိမ်တဲ့စကားဘဲပြောပြော၊သင့်အခုလုပ်နေတာတွေက တစ်ချိန်မှာ ဘာမှဖြစ်လာမှာမဟုတ်ဘူး သင့်ဖြစ်ချင်တာတွေ က အမှားတွေဆိုပြီး စိတ်ဓါတ်ရိုက်ချိုးတဲ့ စကားတွေဘဲပြောပြော၊သူတို့ဘက်က ဘယ်လိုစကားပြောပြော သင့်ခေါင်းထဲမထည့်ပါနဲ့။ အတွေးလည်း မများပါနဲ့။
လုပ်စရာရှိတာကို ဖြေးဖြေးနဲ့မှန်မှန်သာ လုပ်ပါ။
ကျွန်တော် စာစရေးမယ်လို့ စတုန်းကရော အခုကရော ဘယ်လိုစိတ်ထားပြီး စာရေးလဲဆိုရင်
ကျွန်တော် ရေးချင်တာရေးပြီး ၊တင်ချင်တာတင်မယ်ဆိုတဲ့ စိတ်နဲ့ စာရေးနေတာပါ။ကျွန်တော် အောင်မြင်ဖို့စာရေးတာလည်းမဟုတ်ဘူး၊
ဟိုဟာဖြစ်မှဒီဟာဖြစ်မှရမယ် ဆိုတဲ့စိတ်နဲ့ စာရေးတာလည်း မဟုတ်ဘူး၊စာရေးချင်လို့ကိုရေးတာ၊စာရေးရတာချစ်လို့ ၊သဘောကျလို့၊ပျော်လို့စာရေးတာ။
ကျွန်တော် ဖြစ်တည်မှုတစ်ခုကျွန်တော် က ဒီ ကမ္ဘာ မှာအသက်ရှင်ခဲ့တဲ့ လူသားတစ်ယောက် ဆိုတာကိုတော့လူအများကို သတိထားစေချင်တာလည်းပါတယ်။အောင်မြင်ချင်တဲ့ ဆန္ဒနဲ့ ဒါနဲ့ကမတူဘူး။
အောင်မြင်တယ် ဆိုတာ လူအများသိတယ် ဒီအလုပ်နဲ့ အသက်မွေးတယ် ပိုက်ဆံရတယ် လူအကျိုးအတွက်ကောင်းကျိုးပြုတယ်။ Ikigaiပေါ့
ကျွန်တော် က ဒီကမ္ဘာမှာ အသက်ရှင်ခဲ့ဖူးတယ် ဆိုတဲ့ ဟာဘဲပေးခဲ့ချင်တာ။
စာရေးဆရာတွေ သေ သွားရင် သူ့ကလောင်နဲ့ ကျန်ခဲ့တဲ့ စာအုပ်တွေကိုလူတိုင်းဖတ်ကြတယ်မလား။လူသာသေသွားတယ် ကိုယ်ဖန်တီးခဲ့တဲ့ ပတ်ဝန်းကျင်လေး တစ်ခုကျန်ခဲ့သလို့ပေါ့။
ကျွန်တော် စာရေးပြီးနောက်ပိုင်းတစ်ခုသတိထားမိလာက အရမ်းစိတ်ညစ်နေတဲ့အချိန် စာရေးလိုက်ရင် ကျွန်တော်နေလို့ကောင်းသွားတဲ့ ခံစားချက်ကို သဘောကျမိလာပြီ။နောက်လည်း ကျွန်တော်ရေးချင်တာတွေ အများကြီးရေးသွားပါမယ်။
ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေကို ခေါင်းထဲမထားပါဘူး။ကျွန်တော်လည်း တော်နေ တတ်နေတဲ့လူမဟုတ်တော့ အရင်ကဆိုChannel ကလူတွေထွက်တယ် မလား ကျွန်တော် သူတို့ဘာလို့ထွက်သွားတာလဲ ဆိုပြီး စိတ်မကောင်း ဖြစ်ခဲ့သေးတယ်။ အခုတော့ သူတို့ ငါနဲ့ အချိန်တစ်ခုထိရှိပေးခဲ့ဘဲဆိုပြီး တွေးတတ်လာပြီ။
အခုထိ ကျွန်တော်နဲ့ ရှိနေပေးတဲ့ စာဖတ်သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
သင့်လိုချင်တာကို သေချာသိပြီး ပတ်ဝန်းကျင်က
ဘာပြောပြော ဂရုမစိုက်ပါနဲ့။သင် ပုံဆွဲချင်လား ဆွဲပစ်လိုက်ပါ။ အခြေခံ ပုံဆွဲ ဥပဒေသတွေနဲ့ မညီရင်တောင် ကိုယ် ဆွဲချင်တဲ့ ပုံတွေ ဆွဲပစ်လိုက်ပါ။
ကချင်လား ကလိုက်ပါ။ကတာ ညံ့နေရင်တောင်
လုပ်ချင်တာ လုပ်ပါ။ဟိုလူကတော့ ငါကို ဒီလိုထင်တော့ ဟိုလိုထင်တော့မယ်။
စိတ်ပူတဲ့ အတွေးတွေ မတွေးပါနဲ့။ကိုယ် အရမ်း စိတ်ထဲမှာ အဲ့ ကိစ္စ နဲပတ်သတ်ပြီး အရမ်းတွေးပူနေရင် ကိုယ်စိတ်ယုံကြည်မှု ရတဲ့လူရှိကို အကို၊အမ ၊ သူငယ်ချင်း တွေပြောပြလိုက်ပါ။ကိုယ်ထက် အသက်ကြီးတဲ့ လူနဲ့အရင်တိုင်ပင်ကြည့်ပါ။ကျွန်မ ကတော့ ဒီလိုဒီလို ဖြစ်နေလို့ဒီလိုခံစားရတာတာ ဒီအရွယ် မှာ ပုံမှန်ဘဲလား ။
ကျွန်တော် ကိုယ်တွေ့ ကြုံဘူးတာ တစ်ခုပြောပြမယ်။
ကျွန်တော် Covid စဖြစ်ထဲက First wave ,Second wave, စဖြစ်ထဲကပြီးတဲ့အထိအိမ်အပြင်မထွက်ဖြစ်ဘူး။ဘယ်သူမှလည်းမထွက်ကြပါဘူး။
အိမ်ထဲ အိမ်ပြင်မထွက်တာလည်း များတော့ နောက်ပိုင်းအပြင်သွားလို့ Bus စီးရင်တောင် စိတ်မလုံခြုံမှုတွေခံစားရပါတယ်။
Busကားပေါ်က လူတွေအားလုံးကဘဲ ကျွန်တော့် ဝိုင်းကြည့်နေကြသလို့ သူတို့တွေငါကို ဘယ်လိုထင်သွားပြီလဲ။ ငါဝတ်လာဘဲ တစ်မျိုးကြီး ဖြစ်နေလို့လား။
Bus မှ မဟုတ်ပါဘူး လမ်းထဲမှာ လမ်းလျှောက်ရင်တောင် တစ်လမ်းလုံးက လူတွေက ကျွန်တော် ဝိုင်းကြည့်နေသလို တကယ်ကျွန်တော်ကြည့်လိုက်ရင် ဘယ်သူမှလည်း ကြည့်မနေသလို ဘယ်သူမှလည်း ရှိမနေဘူး။လူ ရှိနေရင်လည်း ကျွန်တော်ကြည့်မနေပါဘူး။
အပြင်တစ်ခုသွားတိုင်း စိုးရိမ်စိတ်တွေနဲ့ ဖြစ်နေတော့ ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။ငါဟာက သိပ်တော့ မဟုတ်တော့ဘူး ဆိုပြီး အိမ်က အမကို ပြောပြလိုက်တယ်။အဲ့နောက်ပိုင်း ကျွန်တော် အပြင်သွားရတာ ပိုပြီး သက်တောင့်သက်သာ ဖြစ်လာတာအမှန်ပါ။
ကိုယ် ကို သူများတွေဘယ်လိုထင်မှာလဲ တွေးပူမနေပါနဲ့။
ကိုယ်စိတ်ဓါတ်ကို ပတ်ဝန်းကျင် ရိုက်ချိုးတာမခံပါနဲ့။
ကိုယ်တကယ်ပျော်တဲ့ အရာတွေလုပ်ပါ။
ကိုယ့်ကိုယ်ကို ဂုဏ်ယူရတဲ့ အလုပ်တွေနေ့စဉ်လုပ်ပါ။(Reference to Dr.Phyo Paing.)
ကိုယ်ရှိလာတဲ့ ဒုက္ခတွေက ကိုယ်ခံရည်ရှိလို့သာ လာတဲ့အရာတွေဖြစ်ပါတယ်။
(Reference to ဖတ်ဘူးတဲ့စာတစ်ခု)
လတ်တလော ခက်ခဲနေလား။ဒါတွေ ပြီးသွားမှာပါ။
အဆင်ပြေသွားမှာပါ။သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ သင်ထက် ခက်ခဲနေတဲ့သူတွေ အများကြီးရှိပါတယ်။
ကိုယ့်အကြောင်းကိုယ်သိအောင်လုပ်ပါ။ ကိုယ်ဘာတွေခံစားနေရလဲ သတိပြုမိပါစေ ကိုယ်အတွေးတွေ ချမ်းသာနေပါစေ။ တစ်နေ့တာအတွက် ကောင်းမွန်တဲ့ စိတ်အစဉ်ကိုပိုင်ဆိုင်နိုင်ပါစေ။
ကောင်းမွန်တဲ့ နေ့ရက်ကိုပိုင်ဆိုင်နိုင်ပါစေ။
Keep Reading