Author's Profile Photo

Par Te

26/05/2024

နေ့စဉ် ရွေးချယ်မှုတစ်ခုထက်မက ပြုလုပ်ကြတဲ့လူသားတွေ

1 min read
Personal Development
18 Again
နေ့စဉ် ရွေးချယ်မှုတစ်ခုထက်မက ပြုလုပ်ကြတဲ့လူသားတွေ's photo


ကျွန်မ လိုင်းကားပေါ်တက်လိုက်တိုင်း ထိုင်ခုံလွတ်တဲ့နေရာကိုအရင် ရှာတတ်တယ်၊ ရွေးချယ်စရာမရှိလို့ တစ်ခုံတည်းလွတ်နေရင် ပြေးထိုင်တတ်ပါတယ်။

ဒါမှမဟုတ် ရွေးချယ်စရာထိုင်ခုံလွတ်တွေ များနေတယ်ဆိုရင် စတင်ပြီးရွေးချယ်မှုလုပ်ငန်းစဥ်စတင်လိုက်ပါတယ်။ ပထမဆုံး တစ်ယောက်တည်းထိုင်လို့ရတဲ့နေရာရှာတယ်၊ နောက်တစ်ခါ ပြတင်ပေါက်နဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာရှာတယ်၊ နောက်ဆုံး ရှုခင်း view ကောင်းကောင်း ကြည့်လို့ရတဲ့နေရာကို့ ရွေးချယ်တတ်ပါတယ်။ ကျွန်မလိုပဲ အခြားသူတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်လိုချင်တဲ့အတိုင်း နေ့စဥ်ရွေးချယ်မှုတွေများစွာ ပြုလုပ်ကြမယ်လို့ ယုံကြည်ပါတယ်။

ကျွန်မတို့ ေရွးချယ်မှုတစ်ခု ပြုလုပ်လိုက်တိုင်း
ကိုယ့်အတွက် အကောင်းဆုံးဖြစ်မဲ့ အရာကိုသာ ရွေးချယ်တတ်ကြပါတယ်။ ရွေးချယ်စရာတွေရှိနေသရွေ့တေ့ာ ဘယ်သူကမျှ ကိုယ့်အတွက် အနှောက်အယှက်ဖြစ်စေတဲ့အရာ၊ ကိုယ့်အတွက် သောကအပူတွေ ယူဆောင်လာပေးမဲ့အရာတွေကို မရွေးချယ်ကြပါဘူး။

ဒါပေမဲ့ အကောင်းဆုံးလို့ ထင်ပြီးရွေးချယ်မှုပြုလုပ်လိုက်တိုင်း မိမိထင်ထားသလို မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အချိန်တွေလည်း ကြုံတွေ့တတ်ကြပါတယ်။ ဒါဟာ လောကမနိယာမတစ်ခုလို့ဆိုနိုင်မယ်ထင်ပါတယ်။

ဘယ်အရာမှာမဆို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသည့်တိုင်အောင်၊ အကောင်းဆုံးပြတင်ပေါက်နား ရှု့ခင်းကောင်းတဲ့နေရာကို ရွှေးချယ်ထားသည့်တိုင်အောင် ကိုယ်ရလိုက်တဲ့နေရာ၊ လုပ်နေတဲ့အလုပ်တွေ၊ ကိုယ်ရွေးချယ်လိုက်တဲ့အရာတွေဟာ မှန်မပါ မိုးပတ်လို့ စိုရွဲးသွားတဲ့နေရာ၊ တိုက်လာတဲ့လေးတွေက ပြင်းလွန်းလို့ အသက်ရှူမရတဲ့ နေရာဖြစ်သွားတတ်ပါတယ်

ဒါကြောင့် ကြိုတင် ပြင်ဆင်ထားလျှက်နဲ့

 ကြုံတွေ့လာနိုင်တဲ့ အခက်ခဲပြသနာဆိုတာ ရှိလာနိုင်တာမို့ 

ခါတိုင်းထက်၊ လက်ရှိပုံမှန် အခြေအနေတွေထက်

 ပိုရွေ့နေဖို့လိုပါတယ်။ 


26/05/2024

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုအချိန်ဆွဲတဲ့အကျင့်ဆိုးအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အချိန်ဆွဲတာကိုကုစားမယ်