Author's Profile Photo

Sandi Cho

26/05/2024

အကြိုက်ဆုံး ဆုတောင်းလေးတစ်ခု...♫

1 min read
Personal Development
18 Again
အကြိုက်ဆုံး ဆုတောင်းလေးတစ်ခု...♫'s photo

God grant me
the serenity to
accept the things
I can not change,
courage to change
the things I can,
And wisdom
to know the difference.

(Anonymous)

ကျွန်ုပ်အား ဘုရားသခင်ပေးသနားတော်မူပါ။

ကျွန်ုပ် မပြောင်းလဲနိုင်သောအရာများကို

လက်ခံနိုင်ရန် တည်ငြိမ်အေးဆေးသည့်စိတ်၊

ကျွန်ုပ် ပြောင်းလဲနိုင်သောအရာများကို
ပြောင်းလဲရန် ရဲ့ရင့်သည့်သတ္တိ၊

ထို့ပြင် ထိုနှစ်မျိုး၏ခြားနားမှုကို သိရန် ဉာဏ်ပညာ

ကျွန်ုပ်အား ဘုရားသခင်ပေးသနားတော်မူပါ။
(အမည်မသိ)

ကျွန်မ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတဲ့ ဆုတောင်းလေးတစ်ခုပါ။အရမ်း အဓိပ္ပါယ်ရှိတယ်လို့ ခံစားရလို ပြန်လည် မျှဝေလိုက်ပါတယ်။

လောကမှာ ကျွန်မတို့ပြောင်းလဲလို့ မရနိုင်တဲ့အရာတွေအများကြီးရှိပါတယ်။
တစ်ခြားသူတွေရဲ့ စိတ်တွေ၊သဘာ၀တရားတွေ အစရှိသဖြင့်ပေါ့။
အဲလိုအရာတွေကို ပြောင်းလဲအောင်လုပ်မယ်ဆိုပြီး အားထုပ်နေလည်း အလကားပါပဲ။
ဘာလို့လည်းဆိုတော့ အဲအရာက ကျွန်မတို့ ကိုင်တွယ်နိုင်တဲ့အရာမဟုတ်ပါဘူး။
(ဥပမာအနေနဲ့ဆို-တစ်ခြားသူတစ်ယောက် ကိုယ်ကို ချစ်လာစေချင်တယ်။အဲတွက်ကိုယ်အမျိုးမျိုးအားထုပ်တယ်။ဒါပေမယ့် အဲအရာက ကိုယ်ပြောင်းလဲလို့ရနိုင်မယ့်အရာ ဟုတ်မနေပါဘူး။)
အဲလို အရာတွေက ကျွန်မတို့ လက်မခံချင်ပေမယ့်လည်း အမှန်တရားပါ။
အဲဒါကြောင့်အဲလိုအရာတွေကို လက်ခံနိုင်ဖို့ ကျွန်မတို့မှာ တည်ငြိမ်အေးဆေးတဲ့စိတ်ရှိနေဖို့လိုအပ်ပါတယ်။

နောက်တစ်ခုအနေနဲ့က ပြောင်းလဲနိုင်တဲ့ အရာတွေကို ပြောင်းလဲဖို့ရှာ ရဲရင့်တဲ့သတ္တိတဲ့။
သတ္တိရှိဖို့ကအရမ်းကို အ‌ရေးကြီးပါတယ်။
အဲနေရာမှာ ကိုယ်‌​​​​​​ပြောင်းလဲနိုင်တဲ့အရာတွေဖြစ်‌နေဖို့လည်း လိုအပ်ပါတယ်။
ကျွန်မတို့ အရာတစ်ခုကို လုပ်တော့မယ်ဆို တွေးပူနေတတ်ကြတယ်။ကြောက်ကြတယ်။
ကြောက်စိတ်ရှိတာက ကျွန်မတို့ကို အန္တာရာယ်တွေကနေကာကွယ်‌ေပးတယ်။
ဒါ‌‌ပေမယ့် လွန်ကဲတဲ့ကြောက်စိတ် မဖြစ်ဖို့တော့လိုပါတယ်။
ကိုယ်လုပ်နိုင်နေတဲ့အရာတစ်ခုကို ကြောက်စိတ်ကလွှမ်းမိုးသွားပြီး မလုပ်လိုက်တဲ့အခါ ကိုယ်အတွက်အများကြီးထိခိုက်လာနိုင်တယ်။
အဲဒါကြာင့် သတ္တိရှိပါ။
ကိုယ်လုပ်နိုင်တဲ့၊ပြောင်းလဲနိုင်တဲ့ အရာကို ပြောင်းလဲဖို့ရှာ သတ္တိရှိပါ။

နောက်ဆုံးအချက်ကိုတော့ အရမ်းကိုသဘောကျပါတယ်။
ကိုယ်ပြောင်းလဲနိုင်တဲ့ အရာလား။မပြောင်းလဲနိုင်တဲ့အရာလားဆိုတာ ခွဲခြားသိနိုင်ဖို့အတွက်က ဉာဏ်ပညာရှိနေဖို့က အရေးကြီးဆုံးပါ။
ကိုယ်ရဲ့ဉာဏ်နဲ့ဆင်ခြင် သုံးသပ်နိုင်ပြီးတော့ ကိုယ်တွက် အကောင်းဆုံးဖြစ်မယ့်အရာတွေကိုပဲ လုပ်နိုင်ဖို့အတွက် တိုက်တွန်းထားတဲ့ဆုတောင်းလေးပါ။

တကယ်ကို လှပတဲ့ဆု‌‌ေတာင်းလေးတစ်ခုပေါ့....✮

#SandiCho
#အကြိုက်ဆုံးဆုတောင်းလေးတစ်ခု
#photo_crd

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်