SarPhat Author
ငယ်ငယ်တုန်းက ကျောင်းမသွားချင်ရင် အိမ်မှာ ဈေးကူရောင်းရတယ်။ တစ်ရက်ကူပေးရင် သုံးထောင်ရတယ်ပေါ့။ ဒါက ဘဝမှာ ဝင်ငွေရတဲ့ပထမဦးဆုံးအလုပ် ဖြစ်မှန်းမသိ ဖြစ်ခဲ့တယ်။
နေပူလို့၊ မိုးရွာလို့ နားမယ်ဆိုတဲ့ဆင်ခြေတွေ ပေးလို့မရတဲ့ အဲ့ဒီအချိန်ကတည်းက ပိုက်ဆံရဲ့တန်ဖိုးကို နားလည်ခဲ့တယ်ထင်တယ်။ တစ်ရက်လုံး ဝိုင်းကူပြီးတော့မှရတဲ့ ပိုက်ဆံသုံးထောင်ကို ကိုယ့်မှာ မစားရက်၊ မသုံးရက်နဲ့ ငါရှာခဲ့တဲ့ပိုက်ဆံပဲဆိုပြီး တယုတယနဲ့ သိမ်းထားလိုက်၊ ထုတ်ကြည့်လိုက်နဲ့ ပျော်ရွှင်ခဲ့ရသေးတယ်။
ပညာရေးကိုလည်း ဦးစားပေးပြီး ဝမ်းရေးအတွက်ပါ ကိုယ့်အရည်အချင်းနဲ့ ကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ သေချာလေး သင်ပြပေးခံခဲ့ရတယ်ထင်ပါတယ်။ ဒီလိုနဲ့ သုံးထောင်၊ သုံးသောင်း၊ သုံးသိန်း ကစပြီး ဘယ်လောက်ဖြစ်ဖြစ် ငါရှာရင်ရတယ်၊ ငါလုပ်ရင်ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အလုပ်လုပ်ရမှာကို ပျော်လာတယ်။
အလုပ်လုပ်ရတာကို ပျော်လာတော့ ဘဝမှာ Drama တွေလည်း နည်းလာတယ်။ ငယ်ငယ်က မုန့်ဖိုးလိုချင်ရင် စာမေးပွဲအောင် အောင် ဖြေရမယ်၊ အခုက ပိုက်ဆံလိုချင်ရင် အလုပ်လုပ်ရမယ်ဆိုတဲ့ Mindset က တမင်ရိုက်သွင်းစရာမလိုဘဲ ကိုယ့်အသိစိတ်ထဲမှာ စွဲနေတယ်။
Nothing is free ဆိုတဲ့ စကားအတိုင်းပဲ လောကကြီးမှာ ဘယ်အရာမှ လွယ်လွယ်နဲ့ အလကားမရဘူးဆိုတာကို လက်မခံချင်လည်း လက်ခံနိုင်ရမယ်မဟုတ်လား။
Kiwi's Little Word
Keep Reading