မြသွန်း(တောင်ဒဂုံ)
?Waka Wakaသီချင်းလို့ပြောလိုက်တာနဲ့ မသိတဲ့သူက မရှားသလောက်ပါပဲ။ ဒီလိုပဲ သီချင်းကိုသီဆိုခဲ့တဲ့ ခပ်ချောချောအမျိုးသမီးကိုလည်း အားလုံးသိကြမှာပါ။ သူမကတော့ Shakiraပဲဖြစ်ပါတယ်။ အခုချိန်မှာ Shakiraက အောင်မြင်ကျော်ကြားနေတဲ့ ကမ္ဘာ့ထိပ်တန်းနာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တယ်ဆိုပေမယ့်လည်း သူမရဲ့ငယ်ဘဝဟာ ထင်သလောက်မချောမွေ့ခဲ့ပါဘူး။ အားမာန်ပါဝါအပြည့်နဲ့ သီချင်းတွေကိုဟစ်အော်သီကြွေးတဲ့ သူမရဲ့အသံကို လူတစ်ခါကြိုက်နှစ်သက်ကြတာမှန်ပါတယ်။ ဒါမယ့်သူမကတော့ ဒီအသံကြောင့် ငယ်ရွယ်စဉ်က လူအများကြားမှာ ကဲ့ရဲ့လှောင်ပြောင်တာတွေခံခဲ့ရပါတယ်။ ဟုတ်ပါတယ်... လူတွေက သူ့ရဲ့အသံကို ဆိတ်အော်သံနဲ့တူတယ်ဆိုပြီးတော့တောင် ရက်ရက်စက်စက်ပြောခဲ့ကြတာပါ။ ဒီလိုပြောခံလိုက်ရတော့ သူမလည်းစိတ်ဓာတ်တွေတဗုန်းဗုန်းကျပြီး အဆိုတော်ထပ်မလုပ်ချင်လောက်တော့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါဆိုရင် သူဘယ်လိုရွေးချယ်ပြီးရှေ့ဆက်ခဲ့လို့ အခုလိုအောင်မြင်နိုင်ခဲ့ရတာလဲ? မိတ်ဆွေတို့ရေ.. အဆိုတော်Shakiraဟာ ကိုလံဘီယာနိုင်ငံသူတစ်ဦးဖြစ်ပြီး သူမွေးဖွားချိန်မှာတော့ သူ့ရဲ့မိသားစုဟာ အဆင်ပြေသာယာတဲ့ Family လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါမယ့် Shakira(၂)နှစ်သမီးအရွယ်မှာပဲ အစ်ကိုဖြစ်သူက accidentဖြစ်ပြီးဆုံးပါးသွားတာကြောင့် အရာအားလုံးလည်း ကမောက်ကမဖြစ်သွားခဲ့ရပါတယ်။ နောက်ဆုံး အိမ်စီးပွားရေးလည်း ဒေဝါလီခံသွားရသလို အကြွေးတင်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့မိဘတွေဟာ ပိုင်ဆိုင်တာတွေထုခွဲရောင်းချပြီးတော့ အကြွေးတွေပြန်ဆပ်လိုက်ရတာကြောင့် Shakiraတို့ဟာ အရင်ကထက်ချို့တဲ့ဆင်းရဲသွားခဲ့ရပါတယ်။ ဒါကို သူမကအရမ်းဝမ်းနည်းနေတာကြောင့် အဖေဖြစ်သူက သူမကို လမ်းဘေးက ကလေးတွေဆီခေါ်သွားပြခဲ့ပါတယ်။ အခုလို သူ့ထက်ခက်ခဲတဲ့ဘဝတွေ၊ ဒုက္ခဆင်းရဲမှုတွေကိုမြင်တွေ့လိုက်ရချိန်မှာ Shakiraတစ်ယောက်လည်း ဘာလုပ်ရမလဲဆိုတာကိုသေချာသိသွားပြီးတော့ သူကြိုးစားပြီး တစ်နေ့ဒီလိုကလေးတွေကို ကူညီထောက်ပံ့ပေးမယ်ဆိုပြီး သူ့အဖေကိုကတိပေးခဲ့ပါတယ်။ ဒီလိုနဲ့Shakiraဟာ အသက်(၈)နှစ်အရွယ်ကတည်းက ကိုယ်တိုင်သီချင်းတွေရေးပြီး music ?တွေကိုလည်းဖန်တီးခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကျောင်းအဆိုအဖွဲ့ထဲကိုဝင်မယ်လုပ်တော့ အဲ့ဒီကလူတွေက သူမရဲ့အသံကို ဆိတ်အော်သံနဲ့တူတယ်ဆိုပြီးပြောပြန်တာကြောင့် စိတ်အားငယ်သွားခဲ့ရပြန်ပါတယ်။ ဒါမယ့်အဖေ့ရဲ့Motiတွေကြောင့် စိတ်ကိုပြန်တင်းပြီးကြိုးစားလာတာ ပထမအယ်ဘမ်(၂)ခုထုတ်ခဲ့နိုင်ပြန်တော့လည်း အကြီးအကျယ်ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါမယ့်လည်း သူမက လက်မလျှော့ခဲ့ပါဘူး။ လဲကျရင်ပြန်ထမယ်ဆိုတဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့အတူ ကြိုးစားလာလိုက်တာ နောက်ဆုံးအသက်(၁၈)နှစ်အရွယ်နဲ့ အောင်မြင်ကျော်ကြားတဲ့အဆိုတော်တစ်ဦးဖြစ်လာနိုင်ခဲ့ပါတယ်။ Shakiraတစ်ယောက် အခုလိုငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်လာနိုင်တာက သူယုံကြည်တဲ့အပေါ်မှာ အဆုံးထိလျှောက်လှမ်းသွားဖို့ ရွေးချယ်ခဲ့လို့ပါပဲ။ နောက်ပြီးသူမက အခုလိုအောင်မြင်သွားချိန်မှာလည်း ငယ်ငယ်ကပေးခဲ့ဖူးတဲ့ မိဘမဲ့ကလေးတွေကို စောင့်ရှောက်မယ်ဆိုတဲ့ကတိကို ဖြည့်ဆည်းသွားခဲ့ပါတယ်ရှင်...?
Keep Reading