Author's Profile Photo

စာကြမ်းပိုး

24/05/2024

တို့တိုင်းဌာနီ ခင်ဆွေဦး

1 min read
Book Review
တို့တိုင်းဌာနီ
ခင်ဆွေဦး's photo



စာမျက်နှာ ၂၇၃
ဒသမအကြိမ်
ပြုံးစာပေ

ဆရာမကြီး ခင်ဆွေဦးရဲ့ အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ်မှာရေးထားတဲ့ ပထမဦးဆုံးလုံးချင်းဝတ္ထုတပုဒ်ဖြစ်ပါတယ်။ ငယ်ရွယ်တုန်းရေးပေမယ့် ချစ်ခန်း ကြိုက်ခန်း စတာတွေအသားမပေးပဲ အချက်အလက် စုံစုံလင်လင် နဲ့ လေးစားဖွယ်ရာ နိုင်ငံရေးသမိုင်း သုတေသန ဆန်တဲ့ ဝတ္ထုတပုဒ်လည်း ဖြစ်ပါတယ် ။

အသက်ခပ်ငယ်ငယ်နဲ့ရေးတဲ့စာဟာ အလွန်လေးနက်ပြီး စိန်ခြယ်ခြူးသန်းတို့ ရေနံ့သာဦးတို့လို ဂီတတွေပါ ပါဝင်နေတဲ့အတွက် အတော့်ကို လေးစားမိပါတယ်။ နတ်သျှင်နောင် သီချင်းကတော့အစကတည်းက ကျွန်မအကြိုက်မို့ စာဖတ်နေရင်းကို ဖွင့်နားထောင်မိပါတယ်။ထပ်ဖတ်ချင်တဲ့စာအုပ်တွေလည်း အများကြီးတိုးလာပါတယ်။

ပဲခူး မြို့ကို နောက်ခံထားပြီး လည်းရေးထားတဲ့အခန်းတွေပါဝင်လို့ အဝေးရောက် ပဲခူးသူ ပဲခူးသားတွေအတွက် ဇာတိမြေကို အမှတ်ရစေမှာပါ။

ကိုသူရ ၊ ကိုရဲနောင် နဲ့ မိတို့ကြားက မေတ္တာဇာတ်လမ်း ၊ မိနဲ့ထွေးတို့ကြားကချစ်ခြင်းမေတ္တာတို့နှင့်အတူ ဖြစ်ရပ်မှန်တွေကို ခုနှစ်သက္ကရာဇ်တွေနဲ့ တကွ သေသေချာချာ ဖော်ပြထားတဲ့ နိုင်ငံရေးသမိုင်း ဝတ္ထုတပုဒ်လို့ ထင်မြင်မိပါတယ်။ ရသ တင်မက ၁၉၄ဝ ခုနစ် ပတ်ဝန်းကျင်ရဲ့ နိုင်ငံရေး ဗဟုသုတတွေပါရရှိစေတဲ့ စာအုပ်ကောင်းတအုပ်လို့ထင်မြင်မိပါတယ်။

ညွှန်းစရာမလိုအောင်ကောင်းတဲ့ တကယ့်နာမည်ကြီးဝတ္ထုလည်းဖြစ်ပြီး စာရေးဆရာကြီးများနဲ့ ဂျာနယ် ၊ မဂ္ဂဇင်းများမှာလည်း အညွှန်းများပါဝင်ပြီးဖြစ်ကာ ဖတ်ကြည့်တဲ့အခါလည်း ရသတွေ ၊ ဗဟုသုတတွေနဲ့ အချိန်ပေးရတာတန်တဲ့ ဝတ္ထုကောင်းတပုဒ်လို့ထင်မြင်မိပါတယ်ရှင့်။ အခုဖတ်နေတဲ့စာအုပ်တောင် ဆယ်ကြိမ်မြောက်ပြန်လည်ရိုက်နှိပ်ရခြင်း ဖြစ်နေတယ်လေ... ???


စာချစ်သူများပျော်ရွှင်ကြပါစေ
ဝတ်မှုံလေး (စာကြမ်းပိုး)

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ