Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

24/05/2024

?ကမ္ဘာပေါ်ကIQအမြင့်ဆုံးလူသားက ဘယ်သူဖြစ်မလဲ?

1 min read
?ကမ္ဘာပေါ်ကIQအမြင့်ဆုံးလူသားက ဘယ်သူဖြစ်မလဲ?'s photo

?ဒီနေ့မှာတော့မိတ်‌‌‌ဆွေတို့ကို ကမ္ဘာ့IQအမြင့်ဆုံးနဲ့ smart အကျဆုံးလူတစ်ယောက်အကြောင်းကို ပြောပြပေးပါမယ်။။သေချာတာက အဲ့ဒီလူဟာ မိတ်‌ဆွေတို့လုံးဝမတွေးထားမိတဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။ IQ‌တွေမတရားမြင့်ပါတယ်ဆိုတဲ့ Albert Einstein တို့လို၊ Da Vinciတို့လို၊ Stephen Hawking တို့လိုဆရာကြီးတွေတောင် အဲ့ဒီတစ်ယောက်ရဲ့IQကို ခြေဖျားတောင်မမှီခဲ့ပါဘူး။ ဒါဆိုရင် သူကဘယ်သူဖြစ်မလဲ? ဒီလောက်IQမြင့်နေတယ်ဆိုရင်လည်း ဘာလို့အခုချိန်မှာ နာမည်မကြီးရတာလဲ? ပထမဦးဆုံးအနေနဲ့ IQ ကို ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ လေ့လာကြည့်ရအောင်။ IQဆိုတာ Intelligence Quotient ရဲ့အတိုကောက်ဖြစ်ပြီး သူ့ကိုသတ်မှတ်တဲ့အခါမှာ လူတစ်ယောက်က ဘယ်လောက်smartကျတယ်၊ အရည်ချင်းရှ်ိတယ်၊ ဗဟုသုတရှိတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီး သတ်မှတ်ကြပါတယ်။ သာမန်လူတစ်ယောက်ရဲ့IQကတော့ ယေဘုယျအားဖြင့် 100လောက်ရှိပါတယ်။ တကယ်‌လို့IQ 140ကျော်နေပြီဆိုရင် အဲ့ဒီလူကို ဉာဏ်ကြီးရှင်ဆိုပြီးသတ်မှတ်ကြပါတယ်။ ဒါမယ့် အခုလိုဉာဏ်ရည်ဉာဏ်သွေးတိုင်းတာမှုပုံစံက 100%အမြဲမှန်နေတယ်လို့လည်း မဆိုလိုပါဘူး။ အနီးစပ်ဆုံးတိုင်းတာမှုလို့တော့ ပြောလို့ရပါတယ်။ Albert Einstein မှာဆိုရင် IQ160ရှိပါတယ်။ အမျိုးသမီးတွေထဲက IQအမြင့်ဆုံးဖြစ်တဲ့ Marilyn Vos ဆိုရင်လည်း IQ190အထိ ရှိတယ်လို့သိရပါတယ်။ ဒါမယ့်သူတို့တွေရဲ့IQလောက်ကတော့ အခုပြောပြသွားမယ့်သူက သနားတယ်လို့တောင်ပြောနိုင်တဲ့ အနေထားမှာရှိနေပါတယ်။ သူက အသက်18လအရွယ်မှာပဲ သတင်းစာတွေကို စတင်ဖတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက်5နှစ်အရွယ်မှာလည်း တွက်ချက်မှုပိုင်းကို နောကျေအောင်တတ်ကျွမ်းနေပြီးဖြစ်ပါတယ်။ နောက်ပြီး အသက်11နှစ်တည်းနဲ့ Harvest universityကို တက်ရောက်နိုင်ခဲ့ပြီး ဘာသာစကား25မျိုးကိုလည်း ပြောနိုင်ခဲ့ပါတယ်။ ပြီးတော့ အသက်16နှစ်အရွယ်မှာတင် ဘွဲ့ရရှိခဲ့ပါတယ်။ အဲ့ဒီလူက ဒီလောက်အထိကို သူမ‌တူအောင်ထူးချွန်ထက်မြက်ခဲ့တာပါ။ အခုပြောပြခဲ့တဲ့ ပြိုင်စံရှားဉာဏ်ကြီးရှင်ကြီးရဲ့နာမည်ကတော့ William James Sidisလို့ခေါ်ပါတယ်။ ခန့်မှန်းခြေအရတော့ သူ့ရဲ့IQအမှတ်က 275နဲ့ 300ကြားမှာရှိတယ်လို့သိရပါတယ်။ ဒါမယ့် သူက အခုလိုတွေတော်လွန်းအားကြီးနေပေမယ့်လည်း လူတွေကြားထဲမှာတော့ attention မလိုချင်ခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့ဉာဏ်စွမ်းတွေနဲ့ ကမ္ဘာကြီးကိုလည်း ကြီးမားတဲ့ကူညီစွမ်းဆောင်မှုတွေမပေးခဲ့ပါဘူး။ ဆိုတော့ သူကသာမန်လူတစ်ယောက်လိုပဲ နေထိုင်သွားခဲ့တာပါ။ ဒါကြောင့်လည်း လူတွေကသူ့ကို "fail genius"လို့ခေါ်ခဲ့ကြပါတယ်။ မိတ်ဆွေတို့ပဲစဉ်းစားကြည့်ပါ... Einstein လို IQ160ရှိတဲ့သူတောင် ကြိုးစားအားထုတ်ပြီး လူသားကောင်းကျိုးအတွက် အများကြီးလုပ်သွားနိုင်ခဲ့ရင် သူ့ထက်IQနှစ်ဆပိုမြင့်တဲ့ William ကရော?? သူသာဆန္ဒရှိမယ်ဆိုရင် ကျွန်မတို့ကမ္ဘာကြီးက တစ်ခုခုတော့ကြီးကြီးမားမားပြောင်းလဲမှုရှိခဲ့လိမ့်မယ်လို့ ကျွန်မကတော့ထင်ပါတယ်။ ဒါမယ့်လည်း သူကအခုလို သာမန်လူတစ်ယောက်လိုပဲ နေထိုင်ဖို့ရွေးချယ်ခဲ့တာကြောင့် အားလုံးကနှမြောခဲ့ကြပါတယ်။ ပိုပြီးနှမြောစရာကောင်းတာက ၁၉၄၄ခုနှစ်မှာ၊ William က ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ပြီး အသက်(၄၆)နှစ်တည်းနဲ့ ကွယ်လွန်အနိစ္စရောက်သွားခဲ့တာပါပဲရှင်...?

Keep Reading