SarPhat Author

အားလုံးဘဲ မင်္ဂလာပါ
ဒီနေ့မှာဆိုရင် ကျွန်တော်က Tokyo Revengers ကားထဲကနေ သင်ယူသင့်တဲ့ အချက်တစ်ချက်ကို ပြောပြမှာဘဲဖြစ်ပါတယ်။
အဲ့တာကတော့ takemichi ရှိကဘဲဖြစ်ပါတယ်။
သူဟာ အရှုံးမပေးဘဲ ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဇာတ်ကားကို ကြည့်မယ်ဆိုရင် သူဟာ အတိတ်နဲ့ အနာဂတ်ကို ခေါက်ထိုးခေါက်ပြန် သွားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပြီးတော့ Season 2မှာဆိုရင် သူ့ထက်အကောင်ကြီးတဲ့ Taijushiba နဲ့ သူချတဲ့အခန်းမှာဆို ဘယ်သူမှ takeminch က Taijushiba ကို ချနိုင်မှာမဟုတ်ဘူးပေါ့။ဒါပေမဲ့ အဲ့အခန်းမှာဆို takeminch က Taijushiba ကို ဒူးထောက်အောင်ထိုးနိုင်ခဲ့တယ်ဗျာ။
အဲ့တာကိုကြည့်လိုက်ရင် သူ့ကအရှုံးမပေးတတ်ကိုမြင်ရတယ်။နောက်ပြီးတော့ Season _3မှာလဲ Izana Kurokawaနဲ့ ချတုန်းက သူအရမ်းကိုစုပ်ပျက်သက်နေပြီး အဲ့တာတောင်သူက "မရှုံးသေးဘူး"တဲ့။အဲ့တာတွေကိုကြည့်လိုက်ရင် သူကလွယ်လွယ်နဲ့အရှုံးပေးတဲ့ သူမျိုးမဟုတ်ဘူး ဆိုတာ သိနိုင်တယ်
Manga ကိုဖတ်ထားတဲ့သူဆို သူ့ရဲ့အရှုံးမပေးတတ်တဲ့စိတ်ကြောင့် နောက်ဆုံးမှာ သူချစ်ရတဲ့သူအကုန်လုံးကို ကယ်တင်နိုင်ခဲ့တယ်ဗျာ။
အခုလိုကျွန်တော်ပြောရတာကလဲ တစ်ချို့က Tokyo Revengers ကားက လူမိုက်ကားကြီးကလေးတွေကြည့်လို့ မသင့်တော်ဘူး။ဟုပါတယ်။အဲ့တာကို ကျွန်တော်လက်ခံပါတယ် ။ဒါမဲ့ anime ကားတစ်ကားဟာ အလကား ကြည့်ဖို့ထုတ်ထားတာမဟုတ်ပါဘူး။အဲ့လိုကားတွေကနေ သင်ယူလို့ရတာတွေ အများကြီးရှိပါတယ်။အဓိကကတော့ ဇာတ်ကားတစ်ကားကို ဒီတိုင်ကြည့်တာထက်စာရင် သင်ယူသင်တာကို သင်ယူတာကပိုကောင်းပါတယ်။ဒါလေးနဲ့ပက်သတ်ပြီး အကြံပေးခြင်တာကတော့ ဘဝမှာ ဘယ်လို အခက်ခဲတွေဘဲ ကြုံလာကြုံလာ အရှုံးမပေးဘဲ ဆက်ကြိုးစားပါ။
Author- Shoon
Keep Reading