Author's Profile Photo

Par Te

23/05/2024

ပညာရေးဟာ ဘယ်လောက်ထိအရေးပါလဲ

1 min read
Personal Development
18 Again

?ထိုင်းနိုင်ငံမှာ ကားအလွန်ကြပ်တယ်ဆိုတာ ရောက်ဖူးသူတိုင်းသိပါတယ်။ ကျွန်မ အမြန်လိုရင် အပေါ် ရထားစီးတတ်ပြီး၊ လူများနေရင် စက္ကစီ စီးတတ်ကြတယ်။ ကျွန်မ ထိုင်းပြန်ရောက် တေ့ာ လုပ်နေကြအတိုင်း တက္ကစီ စီးပြီး အသက် ၆၀ ကျော် ဦးလေးနဲ့ စကားပြောရင်း ကျွန်မ မေးချင်တဲ့ မေးခွန်းကို ခက်ခက်ခဲခဲမေးခဲ့ရပါတယ်။ ထိုင်းစကားမပြောဖြစ်တာ ၈ နှစ်ခန့်ရှိပြီးမို့ ကိုယ်မေးတဲ့ မေးခွန်ကို သူနားမလည်းလို့ ကိုယ့်ဘေးနာမှာ ထိုင်နေတဲ့တစ်ယောက်ကို မေးခိုင်းပြန်တော့ သူလည် သေချာမမေးတတ်နဲ့ အချိန်တော်တော်ကြာသွားခဲ့တယ်။

?လိုရာခရီးရောက်ခါနီးမှာမှ ကျွန်မ Google Translation app ကိုသွားသတိရပြီး ထိုင်းလို ဘာသာပြန်ထားတာကို နားထောင်ခိုင်းတော့မှ ကားဆရာ နားလည်းပြီး ကားပေါ်က မဆင်းခင်အချိန်လေးမှာ သူသေချာလေးပြောပြခဲ့ပါတယ်။

?ကျွန်မမေးလိုက်တဲ့ မေးခွန်းက ဦးလေးနောင်တရတဲ့အရာတစ်ခု နဲ့ အသက်ပြန်ငယ်ရင် ဘာလုပ်မှာလဲ ဆိုတဲ့မေးခွန်းကိုမေးကြည့်ခဲ့ရာ ဦးလေက မေးခွန်းကြားတာနဲ့ချက်ချင်း စဉ်းစားမနေဘဲ ဖြေလိုက်တဲ့အဖြေက ကျောင်းတက်မှာတဲ့ ဦးတို့ကျောင်းသေချာမတတ်ခဲ့ရလို့နောင်တရတယ်လို့ အဘက်ဘင်မှာ ဆုံးရှုံးမှုတွေရှိတယ်လို့ အသက် ၆၀ကျော် ကားဆရာက ပြောပြပါတယ်။

?ဒီလိုဘဲ ကျွန်မ ရန်ကုန်မှာ အလုပ်သွားရင်း တက္ကစီ Taxi စီးသွားတဲ့ရက်တွေမှာဆိုရင် ကားဆရာတွေကို ဒီမေးခွန်းတွေနဲ့ အခြားမေးခွန်တွေ မေးလေ့ရှိပါတယ်။ စင်ကပူနိုင်ငံ ကနေပြန်လာပြီး ရန်ကုန်မှာ ကားမောင်းနေတဲ့ ဆရာက ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ ပညာရေးပေါ့ သမီးရယ်တဲ့။

?ကျွန်မတို့ ေမမေဟာ သူကိုယ်တိုင် ကျောင်းဆက်တတ်ချင်ခဲ့ပေမဲ့ ပြီးအောင်မတက်ခဲ့ရဘူး၊ ဖေဖေက (၁၀) တန်း ထိတက်ခဲ့ ဒါကြောင့် သူတို့သားသမီးကျောင်းအပျက်မခံကြဘူး တစ်ရက်ကျောင်းမသွားရင် ဘာလိုကျောင်းမသွားတာလဲ၊ နေမကောင်းဘူးလာ၊ ဘယ်လိုဖျားတာလဲ အစရှိသဖြင့် မေးတတ်လွန်းတာကြောင့် နေမကောင်းတာကလွဲရင်း ကျောင်းမပျက်ရဲကြဘူး။

?လိုရင်းကို ပြန်ပြောရရင် ပညာရေးက အရေးကြီးတယ်ဆိုတာကို မြန်မာနိုင်ငံမှာရှိနေတဲ့သူတွေကသာ ပြောနေကြခြင်းမဟုတ်ဘဲ စင်ကပူနိုင်ငံမှာ အလုပ်လုပ်တဲ့သူရော၊ ထိုင်းနိုင်ငံမှာကားမောင်းတဲ့သူရော ကျောင်းဆရာ၊ဆရာမ အစရှိတဲ့သူတွေက ပြောနေကြခြင်းဟာ နိုင်ငံတနိုင်ငံအတွက် ပညာရေးဟာ မရှိလို့မဖြစ်တဲ့ အခြေခံအုပ်မြစ်တစ်ခုဖြစ်ကြောင်းကို ဖော်ပြနေကြခြင်းဖြစ်တယ် ကောက်ချက်ခဲ့ပါတယ်။ (ပညာရေး စနစ်?)

?ဒါကြောင့်  ပညာရေးကို ဦးစားပေးလေ့လာသင်ယူနေ

ခြင်းဟာ မိမိတစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ပါ

ဘူး နိုင်ငံအတွက်ပါ တစ်တောင့်တစ်နေရာမှာ ပါဝင်ပြီးသား

ဖြစ်မယ်လို့ ကျွန်မတွေးမိပါတယ်။

#ကျမအတွေး
23/05/2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်